လိင်အကြမ်းဖက်မှုနဲ့ သတင်းတွေ ထွက်လာပြီးနောက် အဆုံးစီရင်သွားတဲ့ ဆိုးလ်မြို့ဝန်

Facaebook- Arirang News

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှ မြို့တော်ဝန် Park Won-soon ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ခဲ့ပြီဆိုပြီး Insider မှာ ဖတ်လိုက်ရပါတယ်။

Facebook- Arirang News

Park Won-soon ရဲ့ သမီးဖြစ်သူဟာ ပြီးခဲ့တဲ့ကြာသမတေးတုန်းက ဆိုးလ်မြို့သက်ဆိုင်ရာကို ဖခင်ဖြစ်သူပျောက်ဆုံးနေကြောင်း အကြောင်းကြားရင်း လူပျောက်တိုင်ကြားခဲ့ပါတယ်။ ကိုရီးယားရဲ့ မြို့တော်ဝင်တစ်ဦး ပျောက်ဆုံးနေတာကြောင့် သက်ဆိုင်ရာဌာနတွေအကုန်လုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပြီးနောက် ပိုက်စိပ်တိုက်ရှာဖွေကြပါတော့တယ်။

သမီးဖြစ်သူရဲ့ပြောကြားချက်အရတော့ Park Won-soon ဟာ သူမကို သေတမ်းစာလိုမျိုး စာတစ်စောင်ဖုန်းထဲကနေပို့ပြီးတော့ အိမ်ကထွက်သွားတာပါတဲ့။ နောက်ဖုန်းခေါ်တော့လည်း မကိုင်တော့တဲ့အတွက်ကြောင့် စိတ်ပူပြီး လူပျောက်တိုင်ကြားခဲ့တာပါ။ ရဲတပ်သားပေါင်း ၇၀၀၊ ဒရုန်း ၃ စင်းနဲ့ ရဲခွေး ၄ ကောင်တို့အနဲ့အတူ ဖုန်းနောက်ဆုံးဖွင့်ခဲ့တဲ့ Sungbuk ရပ်ကွက်အနှံ့ ရှာခဲ့ကြတယ်လို့ Insider မှာ ဖော်ပြထားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ လူပျောက်တိုင်ကြားပြီး ၇ နာရီအကြာမှာ Bugak တောင်အနားမှာ Park Won-soon ရဲ့အလောင်းကို ရှာတွေ့ခဲ့ပါတော့တယ်။ Park Won-soon ဟာ ရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ရွေးကောက်ပွဲနိုင်ခဲ့ကာ ဆိုးလ်ရဲ့မြို့တော်ဝန်ဖြစ်လာခဲ့တာပါ။ ဒီအပြင် #MeToo ဆိုတဲ့ movement ကိုလည်း အားပေးထောက်ခံသူတစ်ဦးဖြစ်ပါတယ်။ ဒီအပြင် ရှေ့နေဘဝတုန်းကလည်း တောင်ကိုရီးယားရဲ့ လိင်ပိုင်ဆိုင်ရာစော်ကားမှု အမှုတစ်ခုကို နိုင်အောင်လျှောက်လွှဲချက်ပေးနိုင်ခဲ့ပါသေးတယ်။

READ
6 နှစ်အရွယ် ကျောင်းသူလေးကို နေ့ကလေးထိန်းဆရာမက တိပ်နဲ့ပိတ်လို့ သေဆုံးခဲ့

#MeToo movement ဆိုတာ လုပ်ငန်းခွင်နဲ့ နေရာအနှံ့က လိင်အကြမ်းဖက်စော်ကားခံရတဲ့ အမျိုးသမီးတွေရဲ့ ရင်ဖွင့်တဲ့ လှုပ်ရှားမှုဖြစ်ပြီး တစ်ကမ္ဘာလုံးမှာလည်း ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ တောက်လျှောက်အနိုင်ရခဲ့တဲ့အပြင်ကိုမှ ၂၀၂၀ ခုနှစ်မှာလည်း ဆိုးလ်မြို့တော်ဝန် ဆက်ဖြစ်နိုင်ချေရှိနေတဲ့ အလားအလာလည်းရှိနေပါသေးတယ်။

ဒါပေမဲ့လည်း #MeToo movement ကို ထောက်ခံသူတစ်ဦးအနေနဲ့ တော်တော်လေးကို အရှက်ရစရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ မြို့တော်ဝန် Park Won-soon က သူကိုယ်တိုင် လိင်အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ပါတယ်တဲ့။ ဒါကြောင့်ပဲ ဝေဖန်မှုတွေဆက်တိုက်ခံခဲ့ရပြီးနောက် အခုလိုမျိုး အဆုံးစီရင်သွားခဲ့တာပါ။ တကယ်ပဲကျူးလွန်းခဲ့သလားဆိုတာကတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

Penny

SHARE