ညအချိန်မှာ အိမ်ရာမဲ့တွေရဲ့ သုခဘုံအဖြစ်ဖန်တီးထားတဲ့ ကားပါကင်များ

facebook/Beddown

ယနေ့ခေတ်ကမ္ဘာမှာ နေစရာအိမ်မဲ့ခြင်းဟာ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ လူအများစုက အလုပ်အကိုင်မကောင်းတာ၊ နာမကျန်းဖြစ်တာတွေကြောင့် ကျောချစရာနေရာတစ်နေရာတောင် မရနိုင်ကြပါဘူး။ ဒီလိုနဲ့ပဲ အိမ်ရာမဲ့တစ်ဦးအဖြစ် လမ်းပေါ်မှာ အိပ်၊ လမ်းပေါ်မှာပဲ ဖြစ်သလိုစားပြီး ဘ၀ကို ခက်ခဲစွာ ဖြတ်သန်းကြရပါတယ်။

facebook/Beddown

Posted by Beddown on Monday, September 30, 2019

ဒီလိုအိမ်ရာမဲ့တွေကို သြစတေးလျက ကုသိုလ်ဖြစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Beddown ကနေ ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Beddown ရဲ့ အစီအစဉ်ကတော့ ဒီလိုပါ။ ညဘက် ဗလာကျင်းနေတဲ့ ကားပါကင်တွေမှာ အိမ်ရာမဲ့တွေ ကောင်းမွန်စွာ အိပ်စက်အနားယူဖို့ အိပ်ရာတွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ Beddown ဟာ Secure Parking အမည်ရတဲ့ အကြီးဆုံးကားပါကင်အော်ပရေတာကြီးတစ်ခုနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ဘရစ်စ်ဘန်းမှာ ရက်သတ္တပတ်(၂) ပတ်တာ အိမ်ရာမဲ့တွေအတွက် ပရောဂျက်တစ်ခုကို စမ်းသပ်လုပ်ကိုင်ခဲ့ပါတယ်။

အောက်မှာတွေ့ရမှာကတော့ လုပ်အားပေးအဖွဲ့တွေက အိမ်ရာမဲ့တွေအတွက် လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးထားတဲ့ ပုံတွေပါ။

facebook/Beddown
facebook/Beddown

အိမ်ရာမဲ့အများစုက အိပ်ရေးမ၀ကြပါဘူး။ နေစရာမရှိလို့ ညဘက်တွေမှာ အိပ်မရ၊ အိပ်မရတဲအခါကျတော့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း၊ ဆီးချို၊ နှလုံးစတဲ့ ရောဂါတွေတွယ်လာခြင်း၊ သွေးတိုးခြင်း၊ အ၀လွန်ခြင်းနဲ့ မှတ်ဥာဏ်ပျောက်ဆုံးခြင်းတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် သိမှုပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို ချို့ယွင်းလာတာကြောင့် အရက်စွဲ၊ဆေးစွဲတာတွေလည်း ဖြစ်လာပါတယ်။ အိမ်ရာမဲ့တွေဖြစ်တဲ့အတွက် တစ်ခါတစ်လေမှာ လူမဆန်သူ လူတွေရဲ့အနိုင်ကျင့်ခံရတာ၊ မရှိမဲ့ရှိမဲ့ပစ္စည်းလေးတွေ အခိုးခံရတာတွေလည်း ရှိပါသေးတယ်။

READ
ကြိုးကြိုးစားစား ၀ိတ်ချပြီးနောက်ပိုင်း ပျော်နေရပြီဖြစ်တဲ့ အ၀လွန်ခွေးလေး
facebook/Beddown

Beddown ဟာ အိမ်ရာမဲ့တွေအတွက် ညဘက်မှာအိပ်ဖို့ အိပ်ရာတွေအပြင် ၄င်းတို့အတွက် ဆရာဝန်၊ သူနာပြု၊ သွားဆရာဝန်၊ ဆံသဆရာတို့ကိုလည်း ၀န်ဆောင်မှုပေးပါတယ်။ “ကျွန်တော်တို့ အဓိကရည်ရွယ်တာက အိမ်ရာမဲ့တွေအတွက် သင့်လျော်ကောင်းမွန်တဲ့ အိပ်ရာတစ်ခုဖန်တီးဖို့ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာ အိပ်ရေးမ၀တာက ပြဿနာကြီးတစ်ခုဖြစ်နေတယ်။ ဒါကြောင့် အမိုးအကာလည်း ရှိတယ်၊ လုံခြုံစိတ်ချရတဲ့နေရာမှာလည်း နေရတယ်ဆိုရင် အိမ်ရာမဲ့တွေအတွက် အရမ်းအဆင်ပြေသွားမှာ… ”

facebook/Beddown

အိမ်ရာမဲ့တွေအတွက် (၂) ပတ်တာ စမ်းသပ်မှုမှာ အိမ်ရာမဲ့ဦးရေ (၄၁) ဦး ပါဝင်ခဲ့ကြပါတယ်။ အမျိုးသားဦးရေ (၇၇) ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသမီးဦးရေကတော့ (၂၃) ရာခိုင်နှုန်းဖြစ်ပါတယ်။ အိမ်ရာမဲ့တွေထဲ အသက်အငယ်ဆုံးအဖြစ် (၁၅) နှစ်အရွယ် ကလေးတစ်ဦးတောင် ပါဝင်ပါသေးတယ်။ ပရောဂျက်ထဲပါဝင်သူ (၁၀၀) ရာခိုင်နှုန်းသော အိမ်ရာမဲ့တွေကတော့ ဒီပရောဂျက်ဟာ သူတို့အတွက် အရမ်းကို အကူညီဖြစ်ပါကြောင်း ထောက်ခံခဲ့ကြတယ်လို့လည်း boredpanda အရ သိရပါတယ်။

READ
ဆေးရုံက လျစ်လျူရှုထားတဲ့ကလေးကို မိခင်စိတ်အပြည့်နဲ့ ဆက်ဆံပေးခဲ့တဲ့ ရဲမေ
facebook/Beddown

လင်းလင်း(ShweMom)

SHARE