လွှတ်တော်ထဲ ရုပ်ပျက်ဆင်းပျက် ဆဲဆိုထိုးကြိတ်ရန်ဖြစ်ခဲ့ကြတဲ့ လွှတ်တော်အမတ်များ

လွှတ်တော်ဆိုတဲ့နေရာဟာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးပါအရောရောက်ပြီး နယ်ပယ်အသီးသီးမှ သက်ရောက်မှုအရှိဆုံးသော ဆုံးဖြတ်ချက်တွေ မွေးဖွားရာနေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လွှတ်တော်ထဲမှာဆိုရင် ဂုဏ်သရေရှိပြီး စဉ်းစားဆင်ခြင်ဥာဏ်တွေနဲ့ ပြည့်စုံတဲ့ လွှတ်တော်အမတ်လူကြီးတွေကိုသာ သေသေချာချာစီစစ်ရွေးချယ်ခဲ့ကြတာပါ။

လူသားတွေဟာ ဘယ်လိုရာထူး ဂုဏ်ဒြပ်တွေကို ပိုင်ဆိုင်ထားထား၊ ဘယ်လိုမျိုး ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ ဆင်ခြင်ထုံတရားရှိတယ်ပြောပြော တကယ်တမ်းမသိစိတ်က ဒေါသကြီးက သိစိတ်ကိုကူးပြောင်းကာ ပေါက်ကွဲကာခဲ့မယ်ဆိုရင် ဘယ်လိုမှထိန်းချုပ်မရတော့ဘဲ ရုပ်ပျက်ဆင်းပျက်နဲ့ ထိန်းမရသိမ်းမရဖြစ်သွားတတ်ကြပါတယ်။

AP Vincent Yu

၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့မှာတော့ ဟောင်ကောင်လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေ ကိစ္စတစ်ခုနဲ့ညှိနှိုင်းရာမှ သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ပြီး အချင်းများရာ ဆဲဆိုသံတွေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွတ်မှုတွေပါ ဖြစ်ခဲ့ကြပါတယ်။

AP Kin Cheuing

ဟောင်ကောင်နဲ့တရုတ်ပြည်မကြီးတို့ဟာ တစ်နိုင်ငံတည်းပေးမယ့်လည်း အုပ်ချုပ်ရေးကဏ္ဍမှာတော့ သီးသန့်အုပ်ချုပ်မှုတွေနဲ့ နယ်မြေသတ်သတ်စီသတ်မှတ်ကာ တည်ရှိနေခဲ့ကြတာပါ။ ဒါကြောင့်လည်း ယခုခိုက်ရန်ဖြစ်ပွားမှုဖြစ်ခဲ့တဲ့ လွှတ်တော်အစည်းအဝေးပွဲမှာ တရုတ်နဲ့ ဟောင်ကောင်တို့ကြားက တရားခံဥပဒေတစ်ခုနဲ့ပတ်သက်ပြီး ညှိုနှိုင်းဆွေးနွေးရာမှတစ်ဆင့် စကားများခဲ့ကြတာပါ။

ကိစ္စကတော့ လူသတ်မှုတစ်ခုရဲ့တရားခံကို တရုတ်ပြည်မကြီးဘက်ကိုလွှဲပြောင်းပြီး အမှုအစစ်ခံဖို့ကိစ္စကနေ စတင်ခဲ့တာပါပဲ။ တရားခံလွှဲပြောင်းခွင့်ဥပဒေနဲ့ပတ်သက်ပြီး အတည်ပြုဖို့ကိုညှိုနှိုင်းရာမှတစ်ဆင့် အချင်းချင်းအချင်းပွားခဲ့ကြပြီး ဒေါသတွေမထိန်းနိုင်ဖြစ်ကာ မီဒီယာတွေရှေ့ အုတ်အောသောင်းနင်းဆဲဆိထိုးကြိတ်ခဲ့ကြတာပါ။

READ
ဆိုရှယ်မီဒီယာပေါ်မှာ ဂျပန်နိုင်ငံက ပရိသတ်အခိုင်အမာရရှိထားတဲ့ ရင်သားကြီးကြီးနဲ့ ရှဥ့်လေး
Reuters

ကိုယ်ထိလက်ရောက်ဖြစ်ခဲ့တဲ့ရန်ပွဲမို့လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် လူအုပ်ကြားထဲဖိမိပြီး ထိခိုက်ဒဏ်ရာရကာ မေ့လဲသွားတဲ့အတွက် အရေးပေါ်ကားခေါ်ကာ ဆေးရုံကိုပို့ဆောင်ခဲ့ရပြီး နောက်ထပ် တစ်ယောက်ကတော့ လက်အဆစ်လွဲသွားကာ ကျန်တဲ့ လွှတ်တော်အမတ် ၇ ယောက်တိတိဟာလည်း ကြမ်းပြင်ပေါ်မှာအတုံးအရုံးန်ဲ့ အထိနာခဲ့ကြပါတယ်။

Source: BBC

 

 

SHARE