လူတွေလို တီတီတာတာပြောပြီ အနမ်းတွေ ဖလှယ်နေကြတဲ့ ကြက်တူရွေးငှက်စုံတွဲ

Youtube-Parrots incredibly talk to one other like humans

ငှက်တွေထဲမှာ လူတွေလို ပြုမူတတ်ပြီး လူတွေပြောတဲ့ စကားတွေကို လိုက်ပြောနိုင်တဲ့ ငှက်အမျိုးအစားကတော့ ကြက်တူရွေးငှက်တစ်မျိုးပဲ ရှိပါတယ်။ ကြက်တူရွေးအများစုမှာ လူတွေရဲ့ စကားပြောတဲ့ပုံစံကို အတုယူပြီး လူတွေလို လိုက်ပြောနိုင်တဲ့ စွမ်းရည်ရှိတတ်ကြပါတယ်။ အဲဒီစွမ်းရည်ဟာ မွေးရာပါ စွမ်းရည်ပါပဲ။ ဘာပဲဖြစ်ဖြစ် ကြက်တူရွေးလေးတွေရဲ့ အဲဒီလို စကားမပီကလာပီကလာနဲ့ ပြောတဲ့ပုံစံလေးတွေဟာ တော်တော်လေးကို ချစ်ဖို့ကောင်းတာတော့ အမှန်အကန်ပါပဲ။ အခုပြောပြချင်တဲ့ ကြက်တူရွေးစုံတွဲကတော့ တစ်ခြားကြက်တူရွေးလေးတွေနဲ့ မတူပဲ လူတွေလို တီတီတာတာပြောပြီး တစ်ချက်ချက်မှာ အနမ်းလေးတွေတောင် ဖလှယ်တတ်သေးကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Parrots incredibly talk to one other like humans

အပေါ်မှာ ပြထားတဲ့ ကြက်တူရွေးလေးနှစ်ကောင်ကတော့ လက်ရှိ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ ကြက်တူရွေးလေးနှစ်ကောင်ပါပဲ။ သူတို့နှစ်ကောင်ရဲ့ နာမည်နဲ့ နေရပ်လိပ်စာကို အခုထိမသိရသေးပေမယ့် အဲဒီကြက်တူရွေးစုံတွဲဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေးနာမည်ကြီးနေတဲ့ ကြက်တူရွေးစုံတွဲပဲ ဖြစ်ပါတယ်။ ကြက်တူရွေး အစိမ်းရောင်ကတော့ အထီးပုံစံဖြစ်ပြီး ကြက်တူရွေး အပြာကတော့ အမပုံစံပဲ ဖြစ်ပါတယ်။ ကြက်တူရွေးအစိမ်းကောင်ဟာ လူတွေလို တီတီတာတာပြောပြီး တစ်ချက်တစ်ချက်မှာ ကြက်တူရွေးအပြာလေးကို နမ်းနေတဲ့ ပုံလေးက မြင်သူအပေါင်းကို အသည်းယားစေပါတယ်။ ဗီဒီယိုကတော့ အောက်မှာ မြင်ရတဲ့ အတိုင်းပါပဲ။ FA ဖြစ်နေတဲ့ လူတွေအတွက်တော့ ကြည့်တာနဲ့တင် မျက်ရည်တွေဝေ့တက်လာစေမယ့် ဗီဒီယိုဖိုင်လေးပါပဲ။

READ
ထုတ်ကုန်ပစ္စည်းတွေရဲ့အခက်အခဲတွေကို နေ့စဉ်ဖြေရှင်းနေရသော ပုံရိပ်များ

တစ်မိနစ်ကျော်ကျော်လောက်သာရှိတဲ့ ဒီဗီဒီယိုဖိုင်လေးဟာ Youtube မှာ ကြည့်ရှု့သူ ၅ သန်းကျော်ရှိခဲ့ပြီး ကြည့်ပြီးတဲ့ လူတိုင်းကလည်း အဆိုပါ ကြက်တူရွေးစုံတွဲဟာ အရမ်းချစ်ဖို့ကောင်းပြီး တော်တော်လေးကို လိမ္မာတဲ့ ကြက်တူရွေးပုံစံလေးတွေ ဖြစ်လောက်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ တစ်ချို့ဆိုရင် ဒီဗီဒီယိုတစ်မိနစ်စာလေးဟာ ငါ့တစ်ဘဝလုံးထက်တောင် ပျော်ဖို့ကောင်းနေပါလားဆိုတဲ့ မှတ်ချက်တေါတောင် ပေးခဲ့ကြောင်း သိရပါတယ်။

Youtube-Parrots incredibly talk to one other like humans

Pyi Hein Kyaw

SHARE