အမေရိကန်မှာ Joe Biden အနိုင်ရအပြီး ပြန်ခေတ်စားလာတဲ့ Miley သီချင်းတစ်ပုဒ်

instagram/joebiden instagram/realdonaldtrump instagram/mileycyrus

အမေရိကန်သမ္မတ Donald Trump ရဲ့ သမ္မတသက်တမ်းဟာ ဇန်နဝါရီ ၂၀ ရက် ၂၀၁၇ခုနှစ်ကနေ ဇန်နဝါရီ ၂၀ရက် ၂၀၂၁ခုနှစ်အထိ ဖြစ်ပါတယ်။ အမေရိကန်ပြည်သူအများစုဟာ သမ္မတTrump လက်ထက်မှာ ၄င်းတို့စိတ်ထဲ အနုတ်သဘောဆောင်တဲ့သဘောထားတွေဖြစ်နေရာမှ အခုဆိုရင်တော့ ၄င်းတို့ရဲ့စိတ်အခြေအနေပြောင်းလဲသွားပုံရတာကို instyle ကတဆင့် အခုလိုတွေ့ရပါတယ်။

Joe Biden ကို သမ္မတအဖြစ်၊ Kamala Harris ကို ဒုသမ္မတအဖြစ် မကြေညာခင် နာရီပိုင်းအလိုမှာ Miley Cyrus ရဲ့ ၂၀၀၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Party in the USA သီချင်းဟာ iTunes ထိပ်တန်း သီချင်းပုဒ်ရေ ၂၀၀ ထဲ ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Miley ကလည်း ဆိုရှယ်မီဒီယာပေါ်မှာ “Now THIS is a PARTY IN THE USA” ဆိုပြီး Biden, Harris နဲ့ Trump တို့ရဲ့ ရုပ်ပုံတွေကို ဗီဒီယို edit လုပ်ပြီး ဟာသမြောက်စွာ ပြန်တင်ထားခဲ့ပါတယ်။

Miley ရဲ့ အဆိုပါသီချင်းကို အမေရိကန်တစ်လွှားမှာရှိတဲ့ ပြည်သူတွေက ပြန်ဖွင့်ပြီးတော့ အောင်ပွဲခံနေကြပါတယ်။ အောက်ဘက်မှာတော့ N.Y.C., D.C., Atlanta စတဲ့နေရာတွေမှာ ပျော်ရွှင်နေတဲ့လူအုပ်ကြီးတွေဟာ Party in the USA သီချင်းကို သီဆိုပြီးပျော်မြူးနေတာတွေကို တွေ့ရမှာပါ။

ShweMom

SHARE