ရထားစီးရင်း သေဆုံးနေတဲ့ အဖိုးကို ခရီးသည်တွေ သတိမမူမိခဲ့ကြ

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုမြို့တော်မှာ အသက်(၇၀)အရွယ် အဖိုးအိုတစ်ဦးဟာ မြေအောက်ရထားစီးရင်း သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။ ကနဦးတုန်းကတော့ ရထားစီးသူတော်တော်များများဟာ အဆိုပါ အဖိုးအိုကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်လို့ ယူဆခဲ့ပါတယ်။

အဆိုပါ အဖိုးအိုဟာ သက်ကြီးရွယ်အိုတွေအတွက် သီးခြားချန်လှပ်ထားတဲ့ ထိုင်ခုံမှာ ခုံကိုမှီကာ အိပ်နေတယ်လို့ အများက ထင်မြင်ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သူဟာ ရုတ်တရက် နှလုံးခုန်ရပ်တန့်ကာ သေဆုံးနေခြင်းဖြစ်ပြီး၊ ညသန်းခေါင်အချိန်ရောက်မှ ရထားဝန်ထမ်းတစ်ဦးက ရိပ်မိခဲ့တာပါ။

CEN

တာဝန်ရှိသူတွေဟာ အရေးပေါ်သူနာပြုအဖွဲ့ကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ Pantitlan ဘူတာမှာ ရထားကို ခေတ္တရပ်နားခဲ့ပြီး၊ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေရောက်လာပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ သေဆုံးပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

နောက်ပိုင်းအလောင်းကို စစ်ဆေးရာမှာလည်း အဖိုးဟာ နှလုံးခုန်ရပ်တန့် သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အဖိုးဟာ Fulminant myocarditis ဆိုတဲ့အခြေအနေမှတစ်ဆင့် ကြွက်သားတွေ ယောင်ရမ်းဖောင်းကြွနေတာကို တွေ့ရပြီး၊ နောက်ဆုံးအခြေအနေမှာ နှလုံးအလုပ်လုပ်မှု ရပ်တန့်သွားတာ ဖြစ်ပါတယ်။

CEN

ဒါပေမယ့် ဒီအဖြစ်အပျက်ကို လူမှုကွန်ယက်မှာ ဖာသိဖာသာနေတတ်တဲ့ လူတွေရဲ့ ဓလေ့စရိုက်ကို မီးမောင်းထိုးပြရာရောက်ကြောင်း ဝေဖန်ခဲ့ပြီး၊ တကယ်လို့သာ အဖိုးရဲ့ မသေဆုံးခင်အခြေအနေကို တစ်ယောက်ယောက် ရိပ်မိသိရှိသွားပါက သူ့အသက်ကို ကယ်ကောင်းကယ်နိုင်လိမ့်မည်ဖြစ်ကြောင်း ဆိုကြပါတယ်။ တစ်ချို့သတင်းစာမျက်နှာတွေပေါ်မှာတော့ လူသားမဆန်သူတွေကြောင့် လူတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ပြင်းပြင်းထန်ထန် ဖော်ပြခဲ့ပါတယ်။

READ
ဓားထိုးခံရတဲ့ဆရာမကို (၁၀)နှစ်အရွယ်ကလေးတွေက ဝိုင်းကာပေးပြီးဓားထိုးခံခဲ့တဲ့ဖြစ်ရပ်

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE