Patrick Stewart ဟာ သရုပ်ဆောင်တစ်ဦးအနေနဲ့ ဆယ်စုနှစ်၇ခုကို ဖြတ်ကျော်အပြီးမှာ ပရိသတ်တွေအတွက် မမေ့နိုင်စရာအခန်းကဏ္ဍတွေကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ထင်ရှားလှတဲ့ Patrick Stewart ရဲ့ ဇာတ်ကောင်တွေထဲမှာ အမှတ်ရဆုံးလို့ဆိုနိုင်တဲ့ ဇာတ်ကောင်ကတော့ X-Men ရုပ်ရှင်စီးရီးတွေထဲက ဇာတ်ကောင် Professor Charles Xavier ပဲဖြစ်ပါတယ်။ X-Men ရုပ်ရှင် ၅ကားမှာ ပါဝင်ခဲ့တဲ့သူဟာ ပရိသတ်တွေရော ဝေဖန်ရေးသမားတွေရောရဲ့ ချီးမွမ်းခြင်းခံရသူလည်းဖြစ်ပါတယ်။
View this post on Instagram
မကြာသေးခင်ကတော့ Patrick ဟာ MCU ဥက္ကဌဖြစ်တဲ့ Kevin Feige နဲ့တွေ့ဆုံခဲ့ပြီး MCU ကို X-Men ပါဝင်လာမယ့်အကြောင်းနဲ့ အသစ်ထွက်မယ့် X- Men စီးရီးတွေမှာ Professor Xavier အဖြစ် သူသရုပ်ဆောင်နိုင်တော့မှာမဟုတ်တဲ့အကြောင်း ပြောပြခဲ့တာပါ။ ဆယ်စုနှစ်၂ ခုကြာအောင် Marvel ပရိသတ်တွေဟာ Patrick ကို Professor Charles Xavier အနေနဲ့ သိကြတာဖြစ်ပါတယ်။ Digital Spy နဲ့ အင်တာဗျူးမှာတော့ Patrick က Professor Xavier အဖြစ် သရုပ်ဆောင်ခဲ့တဲ့အကြောင်းနဲ့ ၂၀၁၇ ခုနှစ်က Logan ရိုက်ကူးရေးအတွေ့အကြုံတွေကို ပြန်လည်ရှင်းပြခဲ့ပါတယ်။ ပြီးတော့ Kevin Feige နဲ့ ဆွေးနွေးချက်တွေကိုပါ Digital Spy ကိုပြောပြခဲ့တာပါ။
“ကျွန်တော် Kevin Feige နဲ့ လွန်ခဲ့တဲ့လအနည်းငယ်လောက်က တွေ့တယ်။ စကားတွေအများကြီးပြောကြတယ်။ စကားပြောတဲ့ထဲ Charles Xavier အကြောင်းလည်း ပါတာပေါ့။ ပြဿနာက တကယ်လို့ Logan ကိုသာမဖန်တီးခဲ့ဘူးဆိုရင် ကျွန်တော်ဖြစ်နိုင်ခြေရှိတယ်။ ကျွန်တော်ကလည်း ဝှီးချဲလ်ပေါ်နောက်တစ်ကြိမ်ထိုင်ပြီး Charles Xavier လုပ်ခွင့်ရမယ်။ ဒါပေမဲ့ Logan က ဒါတွေအားလုံးကို ပြောင်းလဲပစ်လိုက်တယ်။”
View this post on Instagram
Logan ရုပ်ရှင် ထဲမှာတော့ Professor X သေဆုံးသွားခဲ့ပြီးဖြစ်တဲ့အတွက် Patrick အနေနဲ့ ဒီဇာတ်ကောင်နေရာအတွက် ထပ်မံသရုပ်ဆောင်လို့မရတော့တာပါ။ X-Men ပရိသတ်တွေအတွက်တော့ Professor X ကို တီဗီဖန်သားပြင်ပေါ်မှာ နောက်ထပ်တစ်ဖန်တွေ့မြင်ခွင့်မရတော့တာလည်း စိတ်မကောင်းစရာပဲဖြစ်ပါတယ်။ Hugh Jackman ဟာလည်း Logan ပြီးတဲ့နောက်ပိုင်း Wolverine အဖြစ် သူ့ရဲ့ဇာတ်ကောင်ကနေ အနားယူခဲ့တာဖြစ်တယ်လို့လည်း cinemablend သတင်းအရ သိရပါတယ်။
View this post on Instagram
ShweMom