ရုပ်ရှင်ရုံတွေ ပျောက်ကွယ်သွားမှာ စိုးရိမ်နေတဲ့ Wonder Woman ဒါရိုက်တာ Patty Jenkins

Pixabay-MichaelGaida

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းလိုလို စီးပွားရေးတွေ ကျပ်တည်းပြီး ဒုက္ခရောက်နေရတဲ့ အချိန်ပါ။ အများပြည်သူသွားလာနေကျနေရာတွေဟာလည်း အခြေအနေအကြောင်းကြောင်းကြောင့် ပိတ်သွားခဲ့ပြီး အရင်လို လူစည်ကားတဲ့ ရုပ်ရှင်ရုံတွေဟာလည်း ပိတ်ထားရပြီး ခြောက်ကပ်ကပ် ဖြစ်နေတာ တော်တော်လေး ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုလည်း Wonder Womanဇာတ်ကားရဲ့ အမျိုးသမီးဒါရိုက်တာဖြစ်သူ Patty Jenkins ကတော့ ဒီပုံစံနဲ့သာ ဆက်သွားနေရင် အနာဂတ်မှာ ရုပ်ရှင်ရုံတွေဟာ တောင့်ခံနိုင်တော့မှာ မဟုတ်ပဲ အပြီးပိုင် ပျောက်ကွယ်သွားနိုင်ကြောင်း သုံးသပ်ခဲ့တယ်လို့ Reuters.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Patty ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ Wonder Woman 2 ဇာတ်ကားဟာဆိုရင်လည်း COVID 19 ကပ်ရောဂါကြီးကြောင့် ရုံတင်ပြသဖို့ ခဏခဏ နောက်ဆုတတ်ခဲ့ရပြီး အခုအချိန်အထိကို ရုံတင်ပြသနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့ကြောင့်လည်း Petty ဟာ ဒီအခြေအနေကို သေသေချာချာ သုံးသပ်ခဲ့ပြီး ဒီအတိုင်းဆက်ဖြစ်နေမယ်ဆိုရင် အနာဂတ်မှာ ရုပ်ရှင်ရုံတွေဟာ အပြီးအတိုင်းပျောက်သွားနိုင်ကြောင်း၊ အမေရိကန်အစိုးရအနေနဲ့လည်း အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေအတွက် တစ်ခုခု လုပ်ပေးဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

READ
ထူးခြားတဲ့ Idea တွေကြောင့် လူစိတ်ဝင်စားခံနေရတဲ့ ဂျပန်ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး
[email protected]

“ရုပ်ရှင်ရုံတွေဟာ ဇာတ်ကားအသစ်တွေထွက်မှ၊ ရုပ်ရှင်ရုံကို လူတွေလာကြည့်မှ ဝင်ငွေဆိုတာရှိပြီး အဲဒီဝင်ငွေနဲ့ ရုပ်ရှင်ရုံဝန်ထမ်းတွေရဲ့ လစာတွေ၊ ကုန်ကျစရိတ်တွေ၊ ဖလင်ခတွေ၊ ဝန်ဆောင်မှုတွေအတွက် ဝင်ငွေရှိတာပါ။ အခုအခြေအနေက ဇာတ်ကားအသစ်ထွက်ရင်တော့ ကြည့်မယ့်လူ မရှိဘူး။ ဒီကြားထဲ ရုပ်ရှင်ရုံတွေက ဒီအတိုင်းကြီး ပိတ်ထားရပါတယ်။ ဒီပုံစံနဲ့သာဆိုရင် ရေရှည်မှာ ရုပ်ရှင်ရုံတွေ တောင့်ခံနိုင်တော့မှာ ဟုတ်ပါဘူး။ အစိုးရအနေနဲ့လည်း ရုပ်ရှင်ရုံတွေဖက်ကို တစ်ချက်လောက် ကြည့်ပေးစေချင်ပါတယ်။ မဟုတ်ရင်တော့ COVID 19 ပြီးသွားခဲ့ရင် ရုပ်ရှင်ရုံတစ်ရုံမှ ရှိတော့မှာ မဟုတ်ပါဘူး”လို့ Petty က ပြောကြားခဲ့ပါတယ်။

Pixabay-Derks24

Pyi Hein Kyaw

SHARE