မန်ယူ ကွင်းလယ် ကစားသမား Paul Pogba ကိုဗစ် ကူးစက်ခံရ

Image:IG/Paul Pogba

Manchester United အသင်းရဲ့ ကွင်းလယ်ကစားသမား Paul Pogba ကတော့ ကိုဗစ် ကူးစက်ခံခဲ့ရပါတယ်။ပြင်သစ် ဘောလုံးသမား Paul Pogba  က တော့ ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ အတွက် ပြင်သစ်ရဲ့ နောက်လမယ့် Nations Leag e ကစားပွဲ တွေ ဖြစ်တဲ့ ဆွီဒင်(စက်တင်ဘာ ၅)၊ခရိုအေးရှား (စက်တင်ဘာ ၈) ရက်နေ့ ပွဲ တွေမှာ ပါဝင် ကစားနိုင် တော့မှာ မဟုတ်ပါ ဘူး။ဒီအ ကြောင်းကိုတော့ CNN မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

El mago ‍♂️

A post shared by Paul Labile Pogba (@paulpogba) on

ပြင်သစ် နည်းပြ Didier Deschamps က တော့ သြဂုတ် လ(၂၇) ရက်နေ့က သတင်းစာရှင်းလင်းပွဲ မှာ ဒီအ ကြောင်းတွေကို ထုတ်ပြော ခဲ့တာပါ။ Paul Pogba ကို အရင်က ပြင်သစ်ကစားသမားစာရင်း ထဲ ထည့်ထားခဲ့ ပေမယ့် ဒီ က နေ့ မနက် ထွက်လာတဲ့ ကိုဗစ် အ ဖြေ က Positive ဖြစ် နေတာ ကြောင့် စာရင်းထဲက နေ ထုတ်ပယ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

That smile on your face when you do what you love again ❤️ ⚽️

A post shared by Paul Labile Pogba (@paulpogba) on

Paul Pogba  တင် မဟုတ်ပါဘူး။Tottenham Hotspur အသင်းရဲ့ ကွင်းလယ် ကစားသမား Tanguy Ndombele လည်း ပြင်သစ် အသင်းကစားသမားထဲမှာ ပါဝင်နိုင် တော့မှာ မဟုတ်ပါဘူး။ကိုဗစ် Positive အ ဖြေ ထွက် လို့ (၁၄)ရက် ကြာ quarantine ၀င် နေ ရတယ်လို့ ပြင်သစ်အားကစားသတင်း L’Equipe မှာ ဖော်ပြခဲ့ပါတယ်။ Pogba ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ကစားသမား Eduardo Camavinga ကို ခေါ်ယူ ထားပါတယ်။

 

View this post on Instagram

 

Family time. #NoToRacismWeAllOne

A post shared by Paul Labile Pogba (@paulpogba) on

 

View this post on Instagram

 

#ONLESAURASLESMECHANTS

A post shared by Paul Labile Pogba (@paulpogba) on

Champions League  မှာ အစွမ်းပြခဲ့Lyon ရဲ့  Houssem Aouar ၊Leipzig ရဲ့  Dayot Upamecano တို့လည်း စာရင်းထဲမှာ ပါပါတယ်။ Juventus ရဲ့ Adrien Rabiot  ကို တော့  နည်းပြ Deschamps က ရွေးချယ်ထားပါတယ်။ Adrien Rabiot က တော့ ရုရှား World Cup တုန်းက နိုင်ငံကိုယ်စားပြု အသင်းမှာ ပါဝင် ဖို့ ငြင်းပယ်ခဲ့ဖူးပါတယ်။

 

View this post on Instagram

 

appy onday

A post shared by Adrien Rabiot (@adrienrabiot_25) on

#SHWEMOM

SHARE