(၂၄)နာရီအတွင်း အင်စတာဂရမ် Stories (၈၈)ခုတင်ခဲ့တဲ့လို့ ဝေဖန်ခံနေရတဲ့ ပေါ့ဂ်ဘာ

Twitter 'Pogba'

အပြောင်းအရွှေ့ဂယက်တွေနဲ့ နာမည်ကြီးနေသူကြီး ပေါ့ဂ်ဘာ ကတော့ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ကို အလည်အပတ်သွားခဲ့ပြီး အဲဒီခရီးသွားနေတဲ့ (၂၄)နာရီအတွင်း သူ့ရဲ့အင်စတာဂရမ် Stories ပေါင်း (၈၈)ခုအထိ တင်ခဲ့လို့ အားလုံး တအံ့တသြဖြစ်ခဲ့ကြရပါတယ်။

ပရိသတ်တွေကတော့ သူတို့အနေနဲ့ ကြိုးစားပြီးတင်မယ်ဆိုရင်တောင် ပေါ့ဂ်ဘာရဲ့ စကေးကို မှီမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးနေကြပြီး ပေါ့ဂ်ဘာတစ်ယောက် ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပျော်ရွှင်နေသူကြီး ဖြစ်နေပြီလို့ ပြောဆိုနေကြတာပါ။

 

ပေါ့ဂ်ဘာ ဟာ Gym တစ်ခုမှာ လေ့ကျင့်ခန်းလုပ်တာက အစ၊ လက်တင်အဆိုတော်နဲ့ဓာတ်ပုံရိုက်ခဲ့တာအဆုံး၊ မေဂျာလိဂ်ဘောလုံးကွင်းထဲ ရောက်ခဲ့တာတွေရော အားလုံးကို သူ့အင်စတာဂရမ်ပို့စ်တွေအဖြစ် ပြောင်းလဲတော့တာပါပဲ။

READ
သင်အရင်မြင်တဲ့အရာက (၁၀၀%) အတိအကျ ပြောပြနေတဲ့ သင့်အကြောင်း

အင်စတာဂရမ်မှာ ပရိသတ်(၃၅)သန်းကျော်ရှိတဲ့ ပေါ့ဂ်ဘာ ဟာ မန်ယူအသင်းကို နည်းပြ မော်ရင်ဟို ကိုင်တွယ်စဉ်တုန်းကလည်း သူ့ရဲ့အင်စတာဂရမ်ပို့စ်တွေနဲ့ နှိပ်စက်လေ့ရှိပြီး မော်ရင်ဟိုခမျာ အသင်းရလဒ်မကောင်းတာကတစ်မျိုး၊ သူ့ရဲ့ပို့စ်တွေကြောင့် စိတ်ညစ်ရတာကတစ်မျိုးနဲ့ သောကတွေများခဲ့ရတာပါ။

 

 

View this post on Instagram

 

Con El conejo Malo @badbunnypr 🔥

A post shared by Paul Labile Pogba (@paulpogba) on

ပေါ့ဂ်ဘာဟာ အမေရိကန်ခရီးစဉ်မှာ ပရဟိတအဖွဲ့အစည်းတစ်ခုဆီ သွားရောက်ပြီး အာဖရိက ကလေးငယ်တွေနဲ့ မိသားစုဝင်တွေအတွက် ဖိနပ်တွေ လှူဒါန်းခဲ့တာကတော့ ချီးကျူးစရာပါ။

READ
အော်စကာဆုမှန်းထားတဲ့အလား လွန်လွန်ကျွံကျွံ ဒရာမာချိုးနေကြတဲ့ ကြောင်များ

ဒါပေမယ့်လည်း လှူဒါန်းမှု ပြီးသွားချိန်မှာတော့ နယူးယော့ခ်ရက်ဘူးလ်အသင်းရဲ့ ကွင်းကြီးထဲမှာ ဓာတ်ပုံတွေရိုက်ပြီး အချိန်ပြည့်တင်နေတဲ့ ပေါ့ဂ်ဘာကို ပရိသတ်တွေက မြင်ခဲ့ကြရပြီး ပေါ့ဂ်ဘာဟာ သူ့ရဲ့မိတ်ဆွေတွေနဲ့အတူ ကွင်းထဲမှာ ဘောလုံးစွမ်းရည်ပြနေတဲ့ ဗီဒီယို ကိုတောင် တင်ထားခဲ့ပါသေးတယ်။

 

 

View this post on Instagram

 

⚽️❤️😜 2v1 that’s not fair #football#nutmeg

A post shared by Paul Labile Pogba (@paulpogba) on

ပေါ့ဂ်ဘာဟာ ဒီခရီးစဉ်ကနေ အင်္ဂလန်ကို ပြန်ရောက်ရင်တော့ မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေအတွက် အသင်းနဲ့ ပြန်လည်ပူးပေါင်းရတော့မှာဖြစ်ပြီး သြစတြေးလျနဲ့ အာရှနိုင်ငံတွေဆီ သွားရောက်ကစားရမယ့် ရာသီကြို ပွဲစဉ်တွေက သူ့အတွက် စောင့်မျှော်နေပါတော့တယ်။

Linn

Source : Goal

SHARE