အသက် (၂၀) ပြည့်သွားပြီးဖြစ်တဲ့ Paul Walker ရဲ့ သမီးလိမ္မာလေး

Fast & Furious စတား Paul Walker ကွယ်လွန်ခဲ့တာ အခုဆို (၅) နှစ်တင်းတင်းရှိပါတော့မယ်။ သူရဲ့ သမီးလေး Meadow Rain Walker ဆိုလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသက် (၂၀) ပြည့်သွားခဲ့ပြီ။

Instagram

အခု မော်ဒယ်တစ်ယောက်လုပ်နေတဲ့ Meadow ဟာ သူမရဲ့ ဆယ်ကျော်သက် ဘ၀ကို နှုတ်ဆက်နေဟန် ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ သူမဟာ မိခင် Rebecca Soteros ရှိတဲ့ Hawaii မှာ ပြောင်းရွှေ့နေထိုင်ပြီး ကြီးပြင်ခဲ့ရတယ်။ Paul ရဲ့ အိမ်က California ပြည်နယ်က Santa Barbara မြို့မှာပါ။

READ
ဝတ်ထားတဲ့ အဝတ်အစားက မလုံခြုံဘူးဆိုပြီး လေယာဉ်ပေါ်က မောင်းချခံခဲ့ရတဲ့ အမျိုးသမီး
Instagram

Paul Walker ရဲ့ မိသားစုဟာ သူတို့မိသားစုရဲ့ ဆက်ဆံရေးအကြောင်း သြဂုတ်လ (၁၁) ရက်နေ့တုန်းက ထွက်ရှိခဲ့တဲ့ “I am Paul Walker” ဆိုတဲ့ ဘ၀မှတ်တမ်းမှာ ပြောပြထားတာရှိပါတယ်။

Meadow Walker/Facebook

သူ မကွယ်လွန်ခင် (၂၀၁၃) ခုနှစ် နိုဝင်ဘာ (၃၀) ရက်နေ့ မနက်မှာ  သမီးနဲ့ အတူတူ မနက်စာစားပြီး ခရစ်စမတ် သစ်ပင်ဆင်ဖို့ အစီအစဉ်တွေ ဆွဲခဲ့ထားခဲ့ကြတာပါ။

Instagram

အဲ့ဒီ့နောက် သူငယ်ချင်းဖြစ်သူနဲ့ အတူ ရန်ပုံငွေပွဲတစ်ခုကို သွားတဲ့ လမ်းမှာ မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့တာဖြစ်တယ်။ ကားဆို ပေါက်ကွဲ ပျက်စီးသွားပြီး နှစ်ယောက်လုံး ပွဲချင်းပြီး ကွယ်လွန်ခဲ့တယ်။ အဲ့ဒီအချိန်မှာ Paul အသက်က (၄၀) နှစ်ရှိနေပါပြီ။

READ
သားဖြစ်သူအိမ်ကို သွားရင်း မိုင် ၄၀၀ ခရီးကို ခြေလျင်နှင်မိခဲ့တဲ့ သတိမေ့ရောဂါသည်မိခင်
Richard Young

နောက် (၂) နှစ်အကြာမှာ ဖခင်ရဲ့ နာမည်နဲ့ Meadow က ဖောင်ဒေးရှင်းတစ်ခု ထူထောင်ခဲ့တယ်။ ဖခင်ဖြစ်သူရဲ့ ကမ္ဘာကြီးအပေါ်ထားရှိတဲ့ ဆန္ဒတွေကို ဆက်လက် ဖြည့်ဆည်းပေးဖို့ ဖြစ်ကြောင်း အင်စတာဂရမ်ပေါ်မှာ ဖော်ပြခဲ့တယ်။ ဖခင်ရဲ့ စေတနာအလုပ်ကို ကမ္ဘာကြီးအပေါ် မျှဝေပေးချင်တယ်၊ သူရဲ့ မွန်မြတ်တဲ့ စိတ်စေတနာကို တပါးသူတွေထံ မျှဝေပေးချင်ရုံ သက်သက်နဲ့ လုပ်ဆောင်နေတာလို့ သိရပါတယ်။ ဒါအပြင့် Porsche ကား ကုမ္ပဏီဆီကလည်း လျော်ကြေးကို (၂၀၁၇) ခုနှစ်မှာ ရရှိခဲ့တယ်။

Instagram

Source: Daily Mail

Matthew

 

 

SHARE