ဘွဲ့ယူတဲ့နေ့မှာ မိခင်ကိုအတူရှိစေချင်တဲ့အတွက် မိခင်ပုံတူကိုသယ်လာခဲ့တဲ့ အမျိုးသား

twitter/Paulo John

ဘွဲ့ယူတဲ့နေ့ဟာ မိသားစုထဲမှာ အပျော်ရွှင်ရဆုံး နေ့ရက်တွေထဲက တစ်ရက်ဖြစ်ပါတယ်။ ဘယ်ကျောင်းသားမဆိုလည်း ကိုယ်ဘွဲ့ယူတဲ့အခါ မိဘတွေ၊ ညီအစ်ကိုမောင်နှမ သိုက်သိုက်ဝန်းဝန်းနဲ့ အောင်မြင်ခြင်းရဲ့ အသီးအပွင့်ကို မျှဝေခံစားလိုကြပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှတဲ့အတွက် ဖိလစ်ပိုင်နေ လူငယ်လေးတစ်ခုကတော့ ဒီအခွင့်အရေးကို မရခဲ့ရှာပါဘူး။

twitter/Paulo John

လူငယ်လေးနာမည်ကတော့ ပေါလိုဂျွန်ဖြစ်ပါတယ်။ ပေါလိုဂျွန်ဟာ ငယ်ငယ်ကတည်းက သူဘွဲ့ယူတဲ့အချိန်ကျရင် မိခင်ကို ဘွဲ့နှင်းသဘင်အခမ်းအနားဆီခေါ်ပြီး မိဘဂုဏ်ယူရတဲ့ သားကောင်းတစ်ယောက်ဖြစ်အောင် စွမ်းဆောင်မယ်ဆိုပြီး စိတ်ကူးထားခဲ့တာပါ။ ဒါပေမယ့် နှမြောစရာကောင်းတာက သူဟာ Lyceum of Philippines (LPU) ကနေ စီးပွားစီမံနဲ့ ဘွဲ့ရတဲ့အခါကျတော့ မိခင်ဖြစ်သူဟာ မရှိရှာတော့ပါဘူး။

twitter/Paulo John

ပေါလိုရဲ့ မိခင်ဟာ (၂၀၁၆) ခုနှစ်မှာ နမိုးနီးယားနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ single mother တစ်ဦးအဖြစ်နဲ့ ပေါလိုအသက်တော်တော်လေးရတဲ့အထိ အိမ်ထောင်မပြုပဲနေခဲ့ကာ သားလေးရဲ့ ပညာရေးကို ထောက်ပံ့ပေးခဲ့တာပါ။ နောက်ပိုင်းမှာတော့ သူမဟာ နောက်အိမ်ထောင်ထပ်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူမသားလေး မျက်နှာငယ်မှာစိုးလို့ ထင်ပါတယ်။ သားရဲ့ ကျောင်းစရိတ်စကတွေနဲ့ ကုန်ကျစရိတ်တွေကို နောက်ယောက်ျားဆီကတောင် မယူပဲ သူမဘာသာ သူမ ရှာဖွေပြီး ကျောင်းထားပေးခဲ့တာ ဖြစ်ပါတယ်။

ပေါလိုဟာလည်း သားလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ သူငယ်ငယ်လေးကတည်းက သူပညာတတ်ကြီးတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လောက်တောင် ပင်ပန်းဆင်းရဲခံခဲ့ရတယ်ဆိုတာကို နားလည်သူဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကံကြမ္မာက မျက်နှာလွှဲခဲ့လေတော့ ပေါလိုရဲ့ အမေခမျာ သားလေး ဘွဲ့ရချိန်ထိတိုင်အောင် သက်ဆိုးမရှည်ပဲ တိမ်းပါးသွားခဲ့ရတာပါ။ ဒါကြောင့် ဘွဲ့ရတဲ့နေ့မှာ အမေမရှိပေမယ့်လည်း အမေရှိသယောင်လိုမျိုး သဘောထားနဲ့ ၊ဓာတ်ပုံတွေရိုက်တဲ့အခါ အမေလည်း ပါအောင်ဆိုပြီး ပေါလိုက မိခင်ပုံတူကို ခုလိုစီစဉ်ခဲ့တာ ဖြစ်ပါတယ်။

twitter/Paulo John

ပေါလိုဟာ မိခင်ပုံတူကို သူမရဲ့ ခန္ဓာကိုယ်အရပ်အတိုင်း ပြုလုပ်ကာ ဘွဲ့နှင်းသဘင်ဆီ ယူဆောင်လာခဲ့တာပါ။ အရုပ်ကတော့ () ပေ () လက်မလောက် အမြင့်ရှိပါတယ်။ ပေါလိုက “…အမေ့ပုံတူကို အရုပ်ပဲဖြစ်ပါစေ၊ ယူလာရလို့ ကျွန်တော်ပျော်မိပါတယ်။ အမေက ကျွန်တော်နဲ့အတူ ရှိနေတယ်လို့လည်း ခံစားရတယ်။ အမေက ကျွန်တော်ကို ဘွဲ့ရပညာတတ်ကြီး သိပ်ဖြစ်စေချင်တာ…” လို့ တွစ်တာပေါ်မှာ မိခင်ကိုအမှတ်ရတဲ့အနေနဲ့ စာရေးသားတင်ခဲ့ပါသေးတယ်။ ပေါလိုရဲ့ ဇာတ်ကြောင်းလေးဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားပြီးနောက်မှာတော့ လူတွေက သနားဂရုဏာသက်လို့ နေကြပြီး သူမသာ အသက်ရှင်နေသေးရင်လည်း ပေါလိုအတွက် ဂုဏ်ယူနေမှာပါဆိုပြီး နှစ်သိမ့်အားပေးနေကြကြောင်း အွန်လိုင်းသတင်းဝက်ဆိုက်ဒ်တွေဖြစ်တဲ့ elitereaders နဲ့ goodtimes သတင်းဌာနတွေအရ သိရပါတယ်။

လင်းလင်း(ShweMom)

SHARE