ဆယ်လ်ဖီသမားတွေရဲ့ အတ္တကြောင့် သေဆုံးခဲ့တဲ့ သနားစဖွယ် ဒေါင်းငှက်

Metro

ဒေါင်းငှက်တစ်ကောင်ကောင်ဟာ လူတွေက ဆယ်လ်ဖီဓာတ်ပုံရိုက်တိုင်း သူ့ကို မညှာမတာကိုင်ပြီး ရိုက်ကြလွန်းလို့ နောက်ဆုံးမှာတော့ အသက်သေဆုံးခဲ့ရသည်အထိ ဖြစ်ခဲ့ပါတယ်။ အဆိုပါဒေါင်းငှက်ဟာ အရှေ့ဘန်ဂေါလ်ပြည်နယ်၊ ဂျယ်ပိုင်ဂူရီမြို့က လူထူထပ်ရာနေရာတစ်ခုမှာ အစားအစာရှာရင်း သွားလာနေစဉ် လူအုပ်ကြီးနဲ့ တိုးခဲ့တာပါ။

ဒေါင်းငှက်ကို လူတွေက မြင်တော့ ဖမ်းဆီးပြီးနောက် ဒေသခံအားလုံးဟာ သူ့ထက်ငါ ဆယ်လ်ဖီရိုက်ဖို့ အလုအယက် ကြိုးစားခဲ့ပါတယ်။ တစ်ချို့ဒေသခံတွေကတော့ ဒေါင်းငှက်ရဲ့အတောင်ပံတွေ၊ အမြီးတွေကို ဖြန့်ကားပြီး သူများထက်ပိုကောင်းတဲ့ပုံရဖို့ ကြိုးစားကြသလို၊ တစ်ချို့က ဒေါင်းငှက်ရဲ့လည်ပင်းကိုလည်း အတင်းညှစ်တာမျိုးတောင် လုပ်ခဲ့ပါတယ်။

CEN

ဒီလိုနဲ့ ဒေါင်းငှက်ဟာ လူတွေရဲ့ လက်ပူတိုက် ဆယ်လ်ဖီရိုက်တဲ့ဒဏ်ကို မခံနိုင်တော့ဘဲ ပင်ပန်းနွမ်းလျှစွာနဲ့ သေဆုံးခဲ့ပါတယ်။ ဒီကိစ္စနဲပတ်သက်ပြီး ဆယ်လ်ဖီရိုက်ခြင်းမှာ ပါဝင်ခဲ့သူတွေကို သက်ဆိုင်ရာက စုံစမ်းနေပြီး အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်နိုင်ဖို့ စီမံနေတယ်လို့ သိရပါတယ်။

CEN

ဂျယ်ပိုင်ဂူရီ သားရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေးဌာနမှ ကြီးကြပ်ကွပ်ကဲရေးမှူး ဆီမားချိုဟူရီက ” ကျွန်မတို့ ဘာဖြစ်ခဲ့တာလဲဆိုတာကို စုံစမ်းဖော်ထုတ်နေပါတယ် … ဘာပဲဖြစ်ဖြစ် အခုလုပ်ရပ်က လုံးဝ မှန်ကန်မှုမရှိပါဘူး … ပြီးတော့ ဒေါင်းငှက် ဘယ်လိုကဘယ်လို အပြင်းအထန် ဖျားနာခဲ့တာကိုလည်း စုံစမ်းနေပါတယ် “လို့ ထုန်ပြန်ခဲ့ပါတယ်။

READ
ချစ်တင်းနှောနေစဉ်ချစ်သူကစိတ်ပြောင်းသွားလို့ အ၀တ်ဗလာနဲ့နှင်ထုတ်ခံခဲ့ရသူ

ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဒေါင်းငှက်ဟာ ရဲစခန်းကို သယ်ဆောင်သွားတဲ့ လမ်းခုလတ်မှာပင် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားတစ်ဦးရဲ့လက်ထဲမှာပင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ သားရိုင်းတိရစ္ဆာန်တွေနဲ့ ဆယ်ဖီရိုက်ကူးမှုဟာ ခေတ်စားနေပြီး၊ တိရစ္ဆာန်တွေက ရန်ပြုတိုက်ခိုက်ခဲ့လို့ လူသေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

Hindustan Times

မကြာသေးတဲ့အချိန်တုန်းက ဒဏ်ရာရရှိနေတဲ့ ဝက်ဝံရိုင်းတစ်ကောင်နဲ့ ဆယ်လ်ဖီရိုက်ဖို့ကြိုစားခဲ့တဲ့ အိန္ဒိယထရပ်ကားဆရာတစ်ဦးဟာ ဝက်ဝံရဲ့ဒေါသတကြီး တိုက်ခိုက်တာကို ခံခဲ့ရပြီး၊ ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးခဲ့တဲ့သတင်းဟာ အိန္ဒိယမှာသာမက တစ်ကမ္ဘာလုံးမှာပါ ဂယက်ထစေခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE