Peaky Blinders ရဲ့ နောက်ဆုံး Season ဖြစ်လာမယ့် Season 6 ကို စတင်ရိုက်ကူး

Imdb/Peaky Blinders

Netflix ရဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခုဖြစ်တဲ့ Peaky Blinders ကို ရုပ်ရှင်ချစ်ပရိတ်သတ်တော်တော်များများလည်း သိကြမှာပါ။ တယ့်အပြင်မှာရှိခဲ့တဲ့ ဘူဆိုးဂိုဏ်းတစ်ခုရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်တဲ့အတွက်ကြောင့် လူတွေရဲ့ အာရုံစူးစိုက်မှုကိုလည်း အခံရဆုံးဖြစ်ခဲ့ပါတယ်။

Imdb/Peaky Blinders

၂၀၁၃ ခုနှစ် စက်တင်ဘာလတုန်းက Netflix စတင်ထုတ်လွှင့်ခဲ့ပြီးတော့ အခုဆိုရင်တော့ Season 1 ကနေ 5 အထိ တောင်ထွက်ထားခဲ့ပါပြီ။ တစ်နှစ်တစ်ခါ season အသစ်ကိုစောင့်နေကြရတဲ့ ပရိတ်သတ်တွေအတွ် အခုဆိုရင် နောက်ထပ် season 6 ကိုလည်း အခုအချိန်မှာ ရိုက်ကူးရေးတွေ စတင်နေပါပြီလို့ Netflix မှာ ဖော်ပြထားခဲ့ပါတယ်။

မင်းသား Cillian Murphy ရဲ့ Instagram မှာ ရိုက်ကွင်းက ပုံတောင် တင်ထားခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Cillian Murphy Updates (@ofycm)

မီဒီယာတွေရဲ့ဖော်ပြချက်အရ ဒီ season 6 ဟာ Peaky Blinders ရဲ့နောက်ဆုံး season ဖြစ်ပြီးတော့ ဇာတ်လမ်းပိုင်းမှာဆိုရင်လည်း အရင်ဇာတ်လမ်းနဲ့မတူဘဲနဲ့ တမူထူးခြားပြီး ကွဲထွက်နေမယ်ဆိုပြီး ပြောလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ season 5 တုန်းကဆိုရင် လူကြည့်အများဆုံးသော စီးရီးအဖြစ် စံချိန်ချိုးနိုင်ခဲ့ပါတယ်။ (၂၀၁၉)ခုနှစ်တုန်းကဆိုရင် Peaky Blinders ကြည့်တဲ့ Netflix audience ဟာ (၇)သန်းတောင် ရှိနေခဲ့ပါတယ်တဲ့။

Imdb/Peaky Blinders

penny

SHARE