ရေချိုးရင်း အပေါ့သွားကြသူတွေသာရနိုင်မယ့် အကျိုးကျေးဇူးတွေ

Madiz/Shutterstock

သင့်ကို တစ်ယောက်ယောက်က “ရေချိုးရင်းအပေါ့သွားဖူးလား” လို့ လာမေးရင် ဘာတွေလာမေးနေတာလဲ ဆိုပြီး သင် စိတ်တိုမှာပေါ့။ ဟုတ်တယ်မို့လား။ ဒါမှမဟုတ် “ရုပ်ကိုသေချာကြည့်ဦး အဲလိုလုပ်မယ့်ရုပ်လား” ဘာညာနဲ့ပြန်ပြီး ရန်ရှာချင် ရှာမှာပေါ့။ အဲဒီမေးခွန်းကြီးက ရိုင်းတယ်လို့ သင် ထင်နေတယ်လေ။ ရေချိုးရင်း အပေါ့သွားတယ်ဆိုတာ ညစ်ပတ်တဲ့သူတွေ လုပ်တဲ့အလုပ် လို့ပဲ သင်ထင်နေလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ရေချိုးရင်းအပေါ့သွားရတာ ကြိုက်တဲ့သူတွေက သပ်သပ်ရှိပါတယ်။ သူတို့ ဘာကြောင့် အဲဒါကို သဘောကျနေကြတာလဲ။ ဒီလိုကောင်းကျိုးတွေကြောင့်ပါပဲ။

(၁)။ ရေကိုချွေတာပြီးသားဖြစ်စေတယ်

အနည်းဆုံးတော့ အိမ်သာထဲဝင်ပြီးတကူးတက အပေါ့သွားနေစရာမလိုဘူး၊ အဲဒီတော့ ရေဆွဲချစရာလည်းမလိုတော့ဘူးပေါ့။ အခုလို မီတာခတွေ ဈေးတက်ပုံမျိုးနဲ့ဆို ရေဖိုး၊ မီးဖိုးတွေက ပိုကျလာမှာဖြစ်လို့ ဒါကလည်း တစ်ဖက်တစ်လမ်းက ချွေတာနည်းတစ်မျိုးပဲလေ။

READ
"ဒါဟာမဖြစ်နိုင်ဘူး" လို့ပြောခဲ့ပေမယ့် တက်တက်စင်အောင်လွဲခဲ့တဲ့ နာမည်ကြီးတွေရဲ့စကားများ
TORWAISTUDIO/Shutterstock
(၂)။ အိမ်သာကို သန့်ရှင်းနေစေမယ်

သင့်အနေနဲ့ အိမ်သာမသုံးရပဲ ကိစ္စပြီးသွားတယ်ဆိုကတည်းက အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ လိုမယ်မဟုတ်ဘူးလေ။ ရေဆေးရတာတို့၊ တစ်ရှူးသုံးရတာတို့ စတာတွေပါ ကင်းဝေးသွားပြီး အိမ်သာကို ပိုမိုသန့်ရှင်းနေစေပါလိမ့်မယ်။

(၃)။ အရေပြားရောဂါတွေအတွက် ကူညီပေးတယ်

ဆီးထဲမှာပါတဲ့ ယူရီးယားက ခြေထောက်မှာဖြစ်တတ်တဲ့ အရေပြားရောဂါတွေအတွက် ကူညီပေးပါတယ်။ သူ့ရဲ့ ပင်ကို သဘာဝကိုက အဲဒီအရေပြားရောဂါတွေအတွက် ထည့်သွင်းရတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်တာကြောင့် နှင်းခူလိုမျိုး အရေပြားရောဂါဖြစ်နေတဲ့သူတွေဆိုရင် လတ်ဆတ်တဲ့ ဆီးနဲ့ လိမ်းပေးရတယ်လို့တောင် ဆိုကြတယ်။ ပြီးတော့မှ ပြန်ပြီး ရေလောင်းချကြတာပေါ့။

LarsZ/Shutterstock
(၄)။ ဒဏ်ရာတွေကို ပိုးသတ်ပေးနိုင်တယ်

ဆီးက ဒဏ်ရာတွေနဲ့ပတ်သက်လာရင်လည်းကောင်းတယ်။ သင့်မှာ ပွန်းရှတဲ့ဒဏ်ရာမျိုး တစ်ခုခုရထားတယ်ဆိုရင် ဆီးက ဒဏ်ရာကို သန့်စင်စေရုံသာမကပဲ နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်တဲ့။

READ
ဧပြီလရဲ့ မွေးလကျောက်တုံးအဖြစ် သတ်မှတ်ကြတဲ့ စိန်ရဲ့ သမိုင်းကြောင်း
(၅)။ အများနဲ့အတူပူးပေါင်းဆောင်ရွက်နေတယ်လို့ခံစားရစေတယ်

Glamour မဂ္ဂဇင်းက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုထဲမှာ အမျိုးသမီးပေါင်း (၁၀၀၀)ကို ရေချိုးနေရင်း အပေါ့သွားလေ့ရှိသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒီမှာ အများစု ဖြေဆိုကြတာက “Yes” ပါတဲ့။ စစ်တမ်းကောက်ယူခံရတဲ့ အမျိုးသမီးတွေရဲ့ (၇၅)ရာခိုင်နှုန်းကနေ (၈၀)ရာခိုင်နှုန်းလောက်က ရေချိုးရင်း အပေါ့သွားကြသူတွေပါ။

ဒီလောက်ဆိုရင် သင့်အနေနဲ့လည်း စိတ်ပေါ့သွားလောက်ပါပြီ။ သင်ဟာ ဒီကိစ္စကို တစ်ကိုယ်တည်းလုပ်မိနေတာမဟုတ်ပဲ အများနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေသူတစ်ယောက် လို့သာ ခံယူလိုက်ပါတော့…။

Antonio Guillem/Shutterstock

Linn

Source : littlethings.com

SHARE