ပီနန်းဟိုတယ်တစ်ခုက ကျင်းပသွားမယ့် ဒူးရင်းသီးဘူဖေးစားပွဲတော်ကြီးအကြောင်း

M Summit Group/Facebook, clairewu/pixabay

ကိုယ့်ရဲ့လက်တစ်ဖက်တည်းမှာတင် လက်ဖဝါးနဲ့ လက်ဖမိုးဆိုပြီး ဆန့်ကျင်ဘက်အရာနှစ်ခုရှိနေတဲ့အတွက် ဒူးရင်းသီးကြိုက်တဲ့လူတွေနဲ့ မုန်းတဲ့လူတွေဆိုပြီး နှစ်မျိုးနှစ်စားရှိကြမှာပါ။ ဒီစာလေးကတော့ ဒူးရင်းသီးချစ်သူတွေအတွက် ရည်ရွယ်ပြီး ဖ်ာပြသွားမှာဖြစ်ပါတယ်။ ဒူးရင်းသီးအလုံးကြီးကြီး ၁ လုံးကိုတောင် အနည်းဆုံး ၃၊ ၄ ထောင်တောင်မရတော့တဲ့ ခေတ်ကြီးမှာ ကြိုက်သလောက်စားနိုင်တဲ့ ဒူးရင်းသီးဘူဖေးကြီးကို အဆင့်မြင့်ဟိုတယ်မှာ တည်းရင်း စားခွင့်ရမယ်ဆိုရင် ဘယ်လိုလဲ။ ဒီအကြောင်းကို AsiaOne မှာတွေ့မိလို့ ဟိုတယ်ရဲ့ Facebook ထဲ အသေးစိတ်ရှာဖွေရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မလေးရှားနိုင်ငံ၊ ပီနန်းက ဟိုတယ်တစ်ခုကတော့ Eat-All-You-Can ဆိုတဲ့ ဒူးရင်းသီးဘူဖေးစားပွဲကြီးကို ကျင်းပသွားမယ်ဆိုပြီး ကြေငြာထားခဲ့ပါတယ်။ ဟိုတယ်နာမည်ကတော့ M Summit 191 Executive Hotel Suites ဖြစ်ပါတယ်။ Jalan Magazine မှာ တည်ရှိနေပါတယ်။

ဘူဖေးဖြစ်တဲ့အတွက် ဒူးရင်းသီးတွေကို စိတ်ကြိုက် ကုန်ရင်ကုန်နိုင်သလောက် တည်ခင်းခွင့်ရမျာဖြစ်တဲ့အတွက် ဒူးရင်းချစ်သူတွေဖို့တော့ နိဗ္ဗာန်ပါပဲနော်။ ဈေးနှုန်းကတော့ လူကြီးတစ်ယောက်ကို မလေးရှားရင်းကစ် ၃၅၊ ၅ နှစ်ကနေ ၁၂ နှစ် ကလေးတွေအတွက်ကတော့ ၁၅ ရင်းကစ်ဆီ ပေးသွားရမှာဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ၃၅ ရင်းကစ်ကို မြန်မာငွေ ၁၃၀၀၀ လောက် သွားကျတော့ တန်တယ်လို့ပဲဆိုရမှာပါပဲ။

READ
သွားလည်ဖူးချင်စရာကောင်းလှတဲ့ ပါတာဂွန်နီယာမှ စကျင်ကျောက်လိုဏ်ဂူများ
clairewu/pixabay

ဒူးရင်းသီးတွေကတော့ လတ်လတ်ဆတ်ဆတ်ခူးစွတ်ထားတဲ့ ပီနန်းက Balik Pulau ခြံထွက်ဖြစ်ပြီး ဘူဖေးမှာပါဝင်ခြင်းမရှိဘဲ မလေးရှားအခေါ် Musang King, O Chi, Ang Heh နဲ့ Ching Pi ဒူးရင်းတွေကိုလည်း ပရိုမိုးရှင်းပေါင်းများစွာနဲ့ ဝယ်ယူနိုင်ဦးမယ်ဆိုပြီး M Summit 191 Executive Hotel Suites ရဲ့ Facebook events မှာ အသေးစိတ်ရေးပေးထားပါတယ်။

ကျင်းပမယ့်ရက်တွေကတော့ ဇွန်လ ၂၀ ရက်နေ့ကတည်းကဖြစ်ပြီး ရှေ့လ ဇူလိုင် ၃၀ ရက်နေ့အထိဆိုတော့ ဒီရက်အတွင်း ပီနန်းကိုရောက်ဖြစ်ခဲ့ရင် ဝင်ရောက်စားသုံးနိုင်ပြီး အတွေ့အကြုံတွေကို မျှဝေနိုင်ပါတယ်နော်။

လက်ရှိကျင်းပနေတဲ့ ပွဲပုံရိပ်လေးတွေကိုလည်း ကြည့်ရှုလိုက်ရအောင်။

 

Penny

SHARE