ကြည့်မိသူတိုင်း ကြည်နူးပြီးပြုံးမိစေမယ့် အသည်းယားဖွယ် ပူဖောင်းလေးတွေနဲ့ပင်ကွင်းလေးများ

Instagram- Newquay Zoo

ဒီနေ့တစ်နေကုန် ပင်ပမ်းနေပြီလား။ ဒါဆိုရင်တော့ ဒီဗီဒီယိုလေးကို ကြည့်ဖို့အကြံပေးချင်ပါတယ်။

အဂၤလန္မွာရွိတဲ့ Newquay တိရိစၦာန္ရံုမွာပေ့ါ။ ကပ်ရောဂါဘေးဖြစ်နေတာကြောင့် ဧည့်သည်တွေဝင်ခွင့်ပိတ်ထားခဲ့ပါတယ်။ ဒါကြောင့် တိရိစ္ဆာန်ရုံက တာဝန်ရှိသူတွေအနေနဲ့ တိရိစ္ဆာန်လေးတွေအထီးကျန်မဆန်စေဖို့အတွက်ဆိုပြီး အကြံထုတ်ခဲ့ကြပါတယ်။ အထူးသဖြင့် လူတွေနဲ့ရင်းနှီးတဲ့ ပင်ကွင်းကောင်လေးတွေအတွက်ပေါ့။

နောက်ဆုံး Amazon Whishlist ကနေ တိရိစ္ဆာန်ရုံရဲ့ အကြံအိုက်နေပုံကို သိသွားတဲ့အတွက်ကြေင့် surprise လက်ဆောင်တွေ လာပို့ပေးခဲ့ပါတယ်တဲ့။ အဲဒါလေးတွေကတော့ ဆပ်ပြာပူဖောင်းစက်လေးတွေပါ။ ဆပ်ပြာပူဖောင်းဆိုတာမျိုးက လူကြီးမရွေးလူငယ်မရွေး သဘောကျကြတဲ့ အရာတစ်ခုမဟုတ်လား။

Instagram- Newquay Zoo

အခုပင်ကွင်းလေးတွေရဲ့ နေရာကို Amazon ကနေပြီး ပူဖောင်းမှုတ်တဲ့စက်လေးတွေဆင်ပေးထားခဲ့ပြီး နောက်တစ်နေ့ ပူဖောင်းလေးတွေ မြင်မြင်ချင်းမှာပဲ ပင်ကွင်းလေးတွေရဲ့ အမူအရာကြောင့် လူတွေခင်ဗျာအသည်းယားပြီးအချစ်ပိုခဲ့ကြပါတော့တယ်။

ပူဖောင်းလေးတွေရှိတဲ့နေရာကို ပြေးလိုက်လိုက်၊ ခေါင်းလေးမျှော်က်ြည့လိုက်တဲ့ ကားယားကားယားနဲ့ တစ်တုတ်နေတဲ့ပင်ကွင်းလေးတွေရဲ့ ချစ်ဖို့ကောင်းပုံလေးတွေကိုတော့ ဗီဒီယိုထဲမှာ ကြည့်လိုက်ကြပါဦး။

penny

SHARE