လူကြည့်အများဆုံးဇာတ်ကားဖြစ်နေတဲ့ Train to Busan နောက်ဆက်တွဲရုပ်ရှင် Peninsula

IG/maltiwasichyu.gram

Train to Busan ရုပ်ရှင်က လူကြိုက်အရမ်းများတဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေက Train to Busan နောက်ဆက်တွဲ ဇာတ်လမ်းကို မျှော်လင့်နေခဲ့ကြတာပါ။ ဒီ မျှော်လင့်ချက်ကို ဒါရိုက်တာ Yeon Sang-ho က Peninsula ကို ရိုက်ကူးပြီး ဖြည့်ဆည်းခဲ့ပါတယ်။

https://www.instagram.com/p/CCvRLmVFvPc/

Peninsula ကို စတင် ပြသလိုက်တာကနေ အခုအခါ လူကြည့်အများဆုံး ရုပ်ရှင်ဖြစ်နေတယ်လို့ soompi ကနေ ရေးသားထားခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေမှာ စတင် ပြသတဲ့ ပထမဆုံးရက်မှာတင် ဒေါ်လာ ၂.၄ မီလီယံ ရရှိခဲ့ပြီး ၂၀၂၀ ရဲ့ အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။ ဒုတိယရက်ရောက်တဲ့အခါမှာတော့ ၄ မီလီယံထိ ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ထိုင်ဝမ်နဲ့ စင်္ကာပူမှာ လည်း ပြသခဲ့ပြီး ပထဆုံးနေ့မှာတင် ဒေါ်လာ ၉ သိန်းကျော် ရရှိခဲ့ပါတယ်။

READ
သင်္ကြန်ရေတွေရွှဲနေတဲ့ နတ်မိမယ်လေးအလား ဆွဲဆောင်မှုရှိရှိလှနေတဲ့ အေးသောင်း

ဒါရိုက်တာကတော့ ဒီထက်ပိုတဲ့ အောင်မြင်မှုကို မျှော်လင့်ခဲ့တာ ဖြစ်ပေမယ့် အခုလည်း ကျေနပ်ရပါတယ်လို့ ဆိုပါတယ်။

https://www.instagram.com/p/CCvUH8NHnUX/

လက်ရှိမှာတော့ တောင်ကိုရီးယား ရုပ်ရှင်ရုံတွေမှာ ဇူလိုင် ၁၅ ရက်နေ့မှာ စပြီး ပြသလျက် ရှိနေပါတယ်။ အမေရိကန် ရုပ်ရှင်ရုံတွေမှာတော့ သြဂုတ်လ ၇ ရက်နေ့မှာ စတင် ပြသတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ Peninsula ကို ကြည့်ဖို့ အလှမ်းဝေးနေဦးမယ် ထင်ပါတယ်။

Kham

 

SHARE