သူနာပြုဆရာမက ကြေးချွတ်ဆေးနဲ့လိမ္မော်ရည်မှားပြီး တိုက်မိလို့ အဖွားအိုတစ်ဦးသေဆုံး

ပြီးခဲ့တဲ့ စက်တင်ဘာလ 23 ရက်နေ့က အတိတ်မေ့ရောဂါနဲ့ ဆေးရုံတက်ရောက် ကုသမှုခံယူနေရတဲ့ အသက် 85 နှစ်အရွယ် အဖွားအိုတစ်ဦး မသေသင့်ဘဲ သေဆုံးခဲ့ရပါတယ်။ အကြောင်းကတော့ တာဝန်ကျ သူနာပြုဆရာမက ကြေးချွတ်ဆေးအရည်ကို လိမော်ရည်နဲ့ မှားပြီး တိုက်မိခဲ့လို့ဖြစ်ကြောင်း Metro က ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံ ဘရိုက်တန်မြို့မှာ ဖြစ်ခဲ့တာပါ။ ယခုကိစ္စနဲ့ပတ်သက်ပြီး၊ သူနာပြုဆရာမဟာ ဆရာဝန်ညွှန်ကြားချက်နဲ့ အတိတ်မေ့ရောဂါသမားတွေနဲ့တည့်တဲ့ လိမ္မော်ရည်ကို သဘောရိုးနဲ့တိုက်ခဲ့တာလို့ အများကတော့ ယုံကြည်နေပါတယ်။

ဒါ့အပြင် လိမ္မော်ရည်ကို ရေနဲ့စပ်ရောသည့်အချိန်ဟာ ည 10 နာရီ ၀န်းကျင်မှာမို့ ကြေးချွတ်ဆေးနဲ့ အရောင်တူနေလို့ အမြင်လွဲမှားနိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ဆရာဝန်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ အခုအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ လူနာရှင်တော်တော်များများကလည်း ၎င်းတို့လူနာတွေကို စိတ်မချတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။

READ
ရထားပေါ်မှာ ရဲမေမှန်းမသိဘဲ ပွတ်သပ်ကျီစယ်မိတဲ့အမျိုးသား အချုပ်ခန်းနဲ့ညား

ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံ၊ ဘရိုက်တန်မြို့၊ Royal Sussex County Hospital ဆေးရုံမှာ ဖြစ်ခဲ့တာပါ။ အဖွားဟာ အဲဒီကြေးချွတ်ဆေးကိုပင် အနည်းငယ်သာ သောက်နိုင်ခဲ့ပြီး၊ ချက်ချင်း နှလုံးခုန်ရပ်သွားလို့ အရေးပေါ်ကုသမှု ခံယူခဲ့ရပါတယ်။ ဒီအခါမှာ သူနာပြုဟာ သူမ စီမံလိုက်တဲ့ အရည်က ဘာဆိုတာ သိလိုက်ရတာပါ။

အသက် 85 နှစ်အရွယ် အဖွားဟာ နောက်ထပ် တစ်ပတ်အကြာမှာပင် သေဆုံးသွားခဲ့ပါတယ်။ အခုအချိန်ထိတော့ ဒီဖြစ်ရပ်အတွက် အဓိကတာဝန်ရှိတဲ့ သူနာပြုဆရာမကို ဖမ်းဆီးစစ်ဆေးခြင်းတော့ မရှိသေးပါဘူး။ ဒါ့အပြင် ဆေးရုံတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကလည်း မည်သည့်ထုတ်ပြန်ချက်မှ မပြုလုပ်သေးဘူးလို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE