ခြေထောက်အကြိတ်ကြီးကိုခွဲစိတ်ခွင့်မရဘဲ ကွယ်လွန်သွားခဲ့သူ

အသက်(68)အရွယ် ပင်စင်စားအဖိုးအိုတစ်ယောက်ဖြစ်တဲ့ Michael’s Cull ဟာ ဘယ်ဘက်ပေါင်တစ်ခုလုံးရဲ့ ကြွက်သားတွေ ဖောင်းပွဲတဲ့ရောဂါကို ခံစားခဲ့ရပြီး သူကိုယ်တိုင်က ဆင်ခြေထောက်ရောဂါကို ခံစားခဲ့ရတယ်လို့ တွေးထင်ခဲ့သူ ဖြစ်ပါတယ်။ Michael’s Cull ဟာ နယ်နယ်ရရ ပင်စင်စားတစ်ယောက်တော့ မဟုတ်ပါဘူး။ ကမ္ဘာကျော် NASA ဌာနမှာ ကွန်ပျူတာနည်းပညာရှင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူရဲ့ အခင်ဆုံး အမျိုးသမီးသူငယ်ချင်း Christina Brooks ရဲ့ အဆိုအရတော့ Cull ဟာ သက်တမ်းတစ်လျှောက်လုံး ဆိုးဝါးလှတဲ့ရောဂါဝေဒနာကြောင့် အော်ဟစ်ညည်းညူရင်း လူ့ဘ၀ကြီးကို သနားစဖွယ် ကျောခိုင်းသွားရရှာသူ ဖြစ်ပါတယ်။ Cull မသေခင်မှာ သူရဲ့ခြေထောက်ကို ခွဲစိပ်ဖို့ ဆရာဝန်တွေဆီ သွားပြီး ပြသခဲ့ပေမယ့် ဘယ်သူမှ တာဝန်ယူပြီး ခွဲစိပ်ခြင်း မရှိဘဲ ငြင်းပယ်ခဲ့ကြတယ်လို့ Brooks က ဆို့နင့်စွာ ပြောပါတယ်။

READ
နေအိမ်မှအလုပ်လုပ်ခြင်းကို ဥပဒေထုတ်ပြီး သဘောတူလိုက်တဲ့ ဖိလစ်ပိုင်သမ္မတ Duterte

Brooks က ” ဆရာဝန်တွေက သူ့ကို သတ်ခဲ့ကြတာလို့ ကျွန်မကတော့ မြင်ပါတယ် … ဒီအတွက် ရဲစခန်းကိုတောင် လူသတ်မှုနဲ့ တိုင်ချက်ဖွင့်လို့ရရင် ဖွင့်ချင်ပါတယ် … ” လို့ ဒေါသနဲ့ ပြောပါတယ်။ သူမက ဆက်လက်ပြီး ” တကယ်လို့သာ ဆရာဝန်တွေက ခွဲစိပ်ဖို့လက်ခံခဲ့ရင် ကျွန်မရဲ့သူငယ်ချင်း Cull ဟာ သက်တမ်းစေ့နေသွားရမှာပါ … သူရဲ့ ဒီဝေဒနာပေါ်
ညည်းညူတဲ့အသံကို ကျွန်မ … နားထဲက မထွက်ပါဘူး ” လို့ ပြောပါတယ်။

နောက်ဆုံးအနေနဲ့ ဆေးစစ်မှုခံယူခဲ့ရမှာတော့ ဆင်ခြေထောက်ရောဂါမဟုတ်ပဲ Tumor (အကြိတ်ကင်ဆာ) ဖြစ်နေပြီး Tumor နှစ်ခု တွေ့ရှိကြောင်း၊ ဒါပေမယ့် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေပြီမို့ ခွဲစိပ်ဖို့မဖြစ်နိုင်ကြောင်း အဖြေထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ အသားပိုကြီးရဲ့ အလေးချိန်ဟာ 4 စတုံ (56 ပေါင်)အထိ အလေးချိန်ရှိပါတယ်။

READ
မခံမရပ်နိုင်အောင်ခေါင်းကိုက်လို့သွားပြမှ နားထဲမှာပင့်ကူရောက်နေတာကို သိခဲ့ရ

နောက်ဆုံးမှာတော့ Cull ဟာ 56 ပေါင်ရှိတဲ့အကြိတ်ကြီးနဲ့အတူ ကောင်းကောင်းမသွားနိုင်၊ ကောင်းကောင်းမအိပ်နိုင်၊ ဝေဒနာကို အော်ဟစ်ညည်းညူရင်း ငြိမ်းချမ်းရာဆီကို ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE