UFO လို့ ယူဆရတဲ့ ယာဉ်ပျံရဲ့ ဗီဒီယိုကို တရားဝင် ထုတ်ပြန်ခဲ့တဲ့ ပင်တဂွန်စစ်ဌာနချုပ်

Pixabay-12019 Youtube-UFO footage released by the Pentagon: Raw Video

ဂြိုလ်သားတွေ ကမ္ဘာမြေပေါ်ရောက်ဖူးတယ် မရောက်ဖူးဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အငြင်းပွားစရာကိစ္စတွေ အများကြီးရှိခဲ့ဖူးပါတယ်။ တစ်ချို့က အမေရိကန်နိုင်ငံရဲ့တစ်နေရာရာမှာ အမေရိကန်စစ်တပ်က ဂြိုလ်သားတွေကို ဖမ်းဆီးထားပြီး စမ်းသပ်မှုတွေ ပြုလုပ်နေကြောင်း ကောလဟာတွေရှိခဲ့သလို တစ်ချို့ကြပြန်တော့လဲ ဂြိုလ်သားတွေ မရှိဘူးလို့ ပြောကြပါတယ်။ အခု အမေရိကန်နိုင်ငံ၊ ပင်တဂွန်စစ်ဌာနချုပ်ကနေပြီးတော့ ပန်ကန်ပြားပျံ(UFO) လို့ ယူဆရတဲ့ ယာဉ်ပျံတစ်စီး ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့ ဗီဒီယိုဖိုင်ကို တရားဝင်ထုတ်ပြန်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာတော့ UFO လို့ ယူဆရတဲ့ ယာဉ်ပျံတစ်စင်းကို အနီအောက်ရောင်ခြည်သုံး ကင်မရာနဲ့ ဖမ်းယူရရှိခဲ့ပါတယ်။ အဆိုပါဗီဒီဖိုင်ဟာ ဗီဒီယိုအသေးသုံးခုကို ပေါင်းထားတာပဲ ဖြစ်ပါတယ်။ ပထမဗီဒီယိုမှာတော့ ကင်မရာနဲ့ ဖမ်းယူထားတာကို ပြသခဲ့ပြီး ကျန်ဗီဒီယိုနှစ်ခုမှာတော့ Navy Seals တပ်ဖွဲ့က စစ်သားတွေ အံ့သြတကြီးဖြစ်နေတဲ့ Reaction ဗီဒီယိုနှစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါယာဉ်ပျံဟာ ခဏသာပေါ်လာပြီး နောက်ပိုင်းမှာတော့ ကောင်းကင်မှာပဲ ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။

READ
ရင်ကိုထိသွားအောင် လှုပ်ခတ်စေတဲ့ မယ်ဆိုင်ဂူကယ်ဆယ်ရေး သရုပ်ဖော်ပန်းချီများ

 

“ ဒီလို ယာဉ်ပျံမျိုးလုံးဝမတွေ့ဖူးဘူး။ ကင်မရာတောင် ယာဉ်ပျံရဲ့ မြန်နှုန်းကို လိုက်မှီအောင် မနည်းဖမ်းယူရတယ်။ ကျွန်တော်တို့ ဆက်သွယ်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမယ့် ရေဒါလှိုင်းမှာ အဲဒီယာဉ်ပျံရဲ့ Connection လုံးဝမပေါ်ဘူး။ တစ်သက်နဲ့တစ်ကိုယ်ဒီလောက်မြန်နှုန်းမြင့်တဲ့ ယာဉ်မျိုးမတွေ့ဖူးပါဘူး” လို့ ပင်တကွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရဖြစ်သူ Sue Gough က ပြောကြားခဲ့ပါတယ်။

READ
အမျိုးအမည်မသိရသေးတဲ့ သတ္တ၀ါဆန်းကြီး သြစတေးလျကမ်းခြေမှာ သောင်တင်သေဆုံးနေ

Pyi Hein Kyaw

SHARE