နောင်ဘ၀ အမေရိကားမှာ လူဖြစ်ဖို့ ယွမ် (၅၀၀) သာ ရင်းရမယ့် တရုတ်နိုင်ငံက အစီအစဉ်

နောင်ဘ၀ဆိုတာကို ယုံကြည်တဲ့ သူတွေအတွက်ကတော့ အခုဘ၀ လွတ်မြောက်သွားတဲ့အခါမှာ တခြားကောင်းတဲ့ဘ၀တွေကို ရောက်ရှိနိုင်တယ်လို့ အခိုင်အမာ ယုံကြည်ကြတယ်။

ဒီလို ယုံကြည်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ Yunnan ပြည်နယ်၊ Kuming မြို့မှာရှိတဲ့ Yuantong ဘုရားကျောင်းမှာ ကောလဟာလတွေ စတင်ပျံ့နှံ့လာခဲ့ပါတယ်။  ဘယ်လိုမျိုးလဲဆိုတော့ နောင်ဘ၀ကျရင် အမေရိကန်မှာ လူဖြစ်ခွင့်ရမယ်ဆိုတဲ့ အာမခံပေးနေတာပါပဲ။ ဒီလို ဆောင်ရွက်မှုအတွက် တစ်ယောက်ကို ယွမ် (၅၀၀) ကျသင့်တယ်လို့ သိရတယ်။

China Press

ဒါ အလုပ်မဖြစ်ဘူးလို ထင်ကောင်းထင်လိမ့်မယ်၊ ဒီ သတင်းစတင်ပျံ့လာတဲ့ အချိန်ဆို ယုံကြည်သူတွေအနေနဲ့ တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့တယ်။ ဒီလိုမျိုး ကောလဟာလတွေကြောင့်နဲ့ ဘုရားကျောင်း ဘက်ကလည်း ဘ၀င်မကျဘဲ အာဏာပိုင်တွေနဲ့ ထောက်ခံချက်နဲ့ စွဲချက်ပြန်တင်လာတဲ့ အထိဖြစ်ကုန်ပါတယ်။ ဒီကိစ္စ တကယ်ဟုတ်၊ မဟုတ် အတည်ပြုဖို့ ပြည်တွင်း သတင်းသမားတွေကိုပါခေါ်ခဲ့ရပြီး (၂၀၀၈) ခုနှစ်ကတည်း ဖြစ်ဖူးတဲ့ ဒီကောလဟာလတွေဟာ အခုတစ်ခါပြန်ပေါ်လာတာလို့ အမှုဆောင်တစ်ယောက်ကပြောပြပါတယ်။

READ
တောကောင်သေပုံတွေ လူမှုကွန်ယက်မှာတင်ခဲ့လို့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသူ
Easy Tour China

ဘုရားကျောင်းသက်ဆိုင်ရာတွေလည်း အခု ကိစ္စနဲ့ ပတ်သက်ပြီး တော်တော်လေး ဒုက္ခများကုန်ပါတယ်။ ဒီလို အင်တာနက်ပေါ်ကနဲ့ ကြားသိရတဲ့ သူတွေကလည်း ဒါ တကယ် အဟုတ်ထင်နေကြပါတယ်။ တကယ်သာဆို ဒီအတွက် ပေးရတဲ့ပမာဏက USA ဗီဇာထက်တောင် ပိုပေါလို့တောင် နေပါတယ်။ တရုတ်နိုင်ငံမှာလည်း လူပြန်ဖြစ်ရင် တခြားနိုင်ငံမှာ လူဖြစ်ချင်တဲ့ လူတွေ တပြုတ်ကြီးရှိတယ်ဆိုတာပါ တခါတည်း သိလိုက်ရတယ်။

Absolute China Tour

ဒီအပြင် နိုင်ငံအလိုက် ဈေးကွာသွားတယ်လို့လည်း သိရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တခြား များပြားလှတဲ့ ၀န်ဆောင်မှုပေးသူတွေက တူညီတဲ့ အာမခံချက်ကို ပေးမယ်၊ လျှော့ဈေးအနေနဲ့ ယွမ် (၂၀၀) သာပေးဆိုတာတွေလည်း ပေါ်လာခဲ့တယ်။ Yuantong ဘုရားကျောင်းဟာ အလွန်နာမည်ကြီးပြီး၊ အရှေ့တောင် အာရှမှာ အလွန်အရေးပါတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုရားကျောင်းကို ရင်းပြီး ဒီလို ကောလဟာလတွေ လွှင့်နေတာဖြစ်ကြောင်း ပြောခဲ့ပေမယ့် တကယ် ဟုတ်၊ မဟုတ်ကတော့ ခုချိန်ထိ အဖြေရှာဖို့ ခက်ခဲနေဆဲပါပဲ။

READ
တပည့်လေးတွေကို မကြာခဏလက်ဆေးစေဖို့ လိမ္မာပါးနပ်စွာကြံစည်ခဲ့တဲ့ ဆရာမ

Source: World of Buzz

Matthew (ShweMOM)
SHARE