လူရဲ့လက်တွေလို ပိုင်ဆိုင်ထားပြီး၊ တခြားဂြိုဟ်က သတ္တဝါလို့ ထင်မှတ်ခံနေရတဲ့ အကောင်လေး

TikTok/user8538567717674-1

လက်တလော လူမှုကွန်ရက်မှာ အများပြည်သူကို စိတ်ဝင်စားမှုတွေ ပေးနေတဲ့။ နောက်ပြီး ပဟေဠိတွေ ပေးနေတဲ့ ဓာတ်ပုံ/ဗွီဒီယိုဖိုင်လေး ပျံ့နှံ့နေပါတယ်။ ဒီဗွီဒီယိုဖိုင်လေးဟာ အမေရိကန်နိုင်ငံ၊ နီဗာဒါမှာ အမျိုးသမီးတစ်ယောက်က ရိုက်ယူခဲ့တာပါ။

TikTok အကောင့်ပိုင်ရှင် stinkyeyescrappy ဟာ ဇူလိုင်(၁၄)ရက်နေ့က အဲဒီဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီးနောက် ဒီသတ္တဝါလေးက ဘာကောင်လဲဆိုတာ သိတဲ့သူရှိနိုင်မလားဆိုပြီး မေးခဲ့တာပါ။ အကောင်လေးဟာ ဖွတ်နဲ့ သဏ္ဍာန်တူညီပါတယ်။

TikTok/user8538567717674

သို့သော်လည်း ခြေတံလက်တံတွေက လျှည်လျားလွန်းလှသလို၊ တစ်ကိုယ်လုံးနီးပါးမှာ ကြက်သီးထစရာ အဖုအပိမ့်တွေ ရှိနေပါတယ်။ လက်ချောင်းခြေချောင်းလေးတွေက လူရဲ့လက်ချောင်းလေးတွေနဲ့ တူညီနေပြီး၊ တချို့မှတ်ချက်ရေးသူတွေကတော့ “တခြားကမ္ဘာက လာတဲ့အကောင်”လို့ ရေးကြပါတယ်။

တချို့ကတော့ သိပ္ပံလျှို့ဝှက်ဇာတ်ကားတွေထဲက သတ္တဝါတစ်ကောင်ကောင်နဲ့ တူနေတယ်လို့ နှိုင်းယှဉ်ခဲ့ကြပါတယ်။ တချို့ကတော့ Star Wars ဇာတ်ကားထဲမှာ မြင်ဖူးသလိုလိုပဲဆိုပြီး ပြောကြပါတယ်။ တော်တော် စပ်စပ်စုစုနိုင်သူကတော့ ဗဟုသုတဆရာကြီး Google မှာ စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

သူက “ ဒါက တကယ်အစစ် ဟုတ်ကောဟုတ်ရဲ့လား … ကျွန်တော် Google အင်တာနက်ပေါ် ရှာပြီးပြီ … ဘာအဖြေမှ မတွေ့ဘူး ”လို့ မှတ်ချက်ရေးခဲ့ပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှုသူ (၆)သိန်းနီးပါး ရှိခဲ့ပါတယ်။ မှတ်ချက်ရေးသူတချို့ကတော့ ဒါက ကလေးကစားစရာ အရုပ်လို့ သံသယရှိနေကြပါတယ်။

 

@stinkeyescrappyHopefully someone can help me figure out what this little creature is ##alien ##fyp♬ Ameno hatsune miku – clod_boie

မှတ်ချက်ရေးသူတစ်ဦးကတော့ “ ဒီနံရံပေါ်မှာ လွှင့်ပစ်ထားတဲ့ အကောင်လေးက ဟောင်းနွမ်းပြီး ခြောက်ကပ်နေတဲ့ နေလှန်းလို့ရတဲ့ ကပ်ချွဲချွဲ ပလစ်စတစ်ဖွတ်ရုပ်ဆိုတာ သေချာပါတယ် … ”လို့ ရေးခဲ့ပြီး၊ ဒုတိယလူက “ ဟုတ်ပါတယ် … ရိုက်လို့ နှိပ်လို့ရတဲ့ ပျော့အိအိ အရုပ်ကလေးပါ ”လို့ ရေးခဲ့ပါတယ်။

လင်းသူရိန်

SHARE