လူစုလူဝေးနဲ့ တပျော်တပါးကြီး ကပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အမေရိကန်နိုင်ငံသားများ

[email protected]

အခုအချိန် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ George Floyd သေဆုံးမှုကြောင့် ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ၊ ဆူပူမှုတွေအကြောင်း တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ မေလ ၂၅ ရက်နေ့မှာ အာဖရိကန်-အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ George Floyd သေဆုံးမှုအပေါ်မှာ အမေရိကန်ရဲတွေအပေါ်ကို အမေရိကန်ပြည်သူတော်တော်များများ မကျေမနပ်ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဟိုးတလေးကျော်ဖြစ်ခဲ့ပြီး Minneapolis မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ၊ ဆူပူမှုတွေဟာ အခုအချိန်မှာတော့ အမေရိကန်တစ်နိုင်ငံလုံးကို ပျံ့နှံ့ကူးစက်နေပြီပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/CA6xyi3BCOT/

ဒါပေမယ့် ဒီဆူပူမှုတွေဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေပေမယ့် အမေရိကန်နိုင်ငံ၊ Nebraska ပြည်နယ်ရှိ Lincoln မြို့လေးကိုတော့ ရောက်မလာခဲ့ပါဘူး။ ဒါ့အပြင် Lincoln မြို့သူမြို့သားတွေဟာ ရဲတွေနဲ့အတူ Cupid Shuffle အကတောင် အတူတူပျော်ရွှင်စွာ ကခုန်နေကြကြောင်း Newsweek သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Lincoln မြို့မှာ ဓလေ့တစ်ခုရှိပါတယ်။ လစဉ်လတိုင်း Lincoln မြို့သူမြို့သားတွေနဲ့ Lincoln မြို့ရဲ့ ရဲအရာရှိတွေ တွေ့ဆုံပွဲဖြစ်ပါတယ်။ ဒီတစ်ခါတွေ့ဆုံပွဲမှာတော့ Lincoln မြို့သူမြို့သားတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ထောက်ခံပြီး ဆူပူအကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း သဘောဆောင်တဲ့ အနေနဲ့ အခုလို ရဲတွေနဲ့ အတူတူကခုန်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
နှစ်ပေါက်အောင်စုထားတဲ့ငွေလေးနဲ့ သားဖြစ်သူကို ဖိနပ်ဝယ်ပေးခဲ့တဲ့ အမျိုးသားကြီး

 

အမှန်တော့ ဒီလို ဆန္ဒပြသူတွေကတဲ့ Cupid Shuffle အကကို စတင်ကခဲ့သူတွေကတော့ New Jersey မြို့က ဆန္ဒပြသူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် New Jersey မြို့က Cupid Shuffle ကတဲ့ အထဲမှာ ရဲတွေမပါဝင်ခဲ့ပါဘူး။ ဆန္ဒပြသူတွေပဲ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကခုန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် New Jersey မြို့မှာ ဒီလိုကတဲ့ ဗီဒီယိုဖိုင်ဟာ လူကြိုက်အရမ်းများပြီး ကြည့်ရှု့သူ ၁၃ သန်းနီးပါးရှိခဲ့ပါတယ်။

အဆိုပါ New Jersey မြို့က ဗီဒီယိုဖိုင်ဟာ အရမ်းကို ရေးပန်းစားသွားပြီး အမေရိကန်နိုင်ငံက အခြားမြို့တွေမှာရှိတဲ့ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာနဲ့ ကပြီး ဆန္ဒပြကာ အစိုးရတာဝန်ရှိသူတွေနဲ့ ရဲတွေကိုပါ သူတို့နဲ့အတူ ပူးပေါင်းပြီး ကဖို့ ဖိတ်ခေါ်လျှက်ရှိကြောင်း Newsweek သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

READ
သမီးရဲလိင်တူလက်ထပ်ပွဲကို မိဘတွေမလာလို့ အလုပ်ရှင်က မိဘနေရာမှာ နေပေးခဲ့

 

 

Pyi Hein Kyaw

SHARE