လက်သန့်ဆေးရည်တွေ သောက်ပြီး အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ CDC သတိပေး

Image:: unsplash/Kelly Sikkema

လက်ရှိက ကိုဗစ်ကပ် ဘေး ကာလ မို့ Mask နဲ့ လက်သန့် ဆေးရည် က လူတွေ ရဲ့ နေ့စဉ်ဘ၀မှာ မရှိ မဖြစ် ကို အ ရေးပါတဲ့ ပစ္စည်း ဖြစ်လာခဲ့ပါတယ်။ ဘာ ကြောင့်မှန်း တော့ မသိ ပေမယ့် လက်သန့် ဆေးရည် (hand sanitizer) တွေကို သောက်ကြတဲ့ သူတွေ များ လာတဲ့ အတွက် အ မေ ရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာ CDC  က နေ ဒီကိစ္စ နဲ့ ပတ်သက်ပြီး သြ ဂုတ် (၅)ရက်နေ့က သတိပေးလိုက်ပါတယ်။လက်သန့် ဆေးရည်တွေ ကို သောက်ပြီး နာမကျန်းဖြစ်တာ၊ အသက် သေဆုံးမှု အထိ ရှိလာ တာ မျိုးတွေ ဖြစ်ပေါ်ေ နတယ်လို့ CDC   က ပြော ခဲ့ပါတယ်။လူ (၄)ယောက် လက်သန့် ဆေးရည် ကြောင့် သေဆုံး ခဲ့ကာ တစ်ချို့ က တော့ အမြင်အာရုံ ဆုံးရှုံး တာမျိုး တွေ အထိ ဖြစ်ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ CNN မှာ ဖော်ပြထားတာပါ။

Image:: unsplash/Nathana Rebouças

ကိုရိုနာ ရောဂါ ဖြစ်ပွား နေတဲ့ ဒီလို အချိန်မှာ လက်သန့် ဆေးရည် က မဖြစ် မ နေ ဆောင် ထားသင့်တဲ့ အရာ ဆို ပေမယ့် လက်သန့် ဖို့ အတွက်သာ ဖြစ်ပြီး သောက်သုံး လို့ လုံးဝ မရပါဘူး လို့ CDC (Centers for Disease Control and Prevention) က သတိ ပေးခဲ့ပါတယ်။အယ်ကို ဟောကို အ ခြေခံ ထားတဲ့ လက်သန့် ဆေးရည် တွေ က သောက်လို့  လုံးဝ မရပါဘူး။ CDC အဖွဲ့ ရဲ့ ဖော်ပြ ချက် အရ ဆိုရင်  အ မေရိကန် Arizona ပြည်နယ် နဲ့ New Mexico ပြည်နယ် တို့ မှာ ဆိုရင်  ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လ အတွင်း လက် သန့် ဆေးရည် တွေကို သောက်လို့ အဆိပ် သင့် ပြီး အရွယ် ရောက် ပြီးသူ (၁၅)ယောက် ဆေးရုံ ရောက်ခဲ့ ပါတယ်။ဘာ ကြောင့် သောက်ကြလဲ၊ဘယ်လို စိတ် ကူးတွေ နဲ့ သောက် နေတာ လဲ ဆိုတာကိုတော့ CDC က တာဝန်ရှိသူတွေ လည်း နား မလည် နိုင် ဖြစ်ခဲ့ ကြပါတယ်။

READ
ချစ်သူကောင်လေးနဲ့သူ့သူငယ်ချင်းကို မနာလိုဖြစ်ခဲ့တဲ့မိန်းကလေးရဲ့လုပ်ရပ်
Image: pixabay/overjupiter

က လေးတွေ က တော့ မသိလို့ မှား သောက် မိ တာ မျိုး ဖြစ်နိုင် ပေမယ့် လူတစ်ချို့ကျ ပြန် တော့လည်း ဒါကို အယ်လကို ဟော ပါ တယ်၊သောက်လို့ ရတယ်ဆိုပြီး သောက် ကြတာပါ။အ မေရိကန် အစား အ သောက်နဲ့ ဆေးဝါး အဖွဲ့ က လည်း  အေ မရိကန် မှာ လက်ရှိ ဖြန့်ချီ နေတဲ့ ဈေးကွက်ထဲက လက်သန့် ဆေးရည် တွေ မှာ ပါတဲ့ methanol  အ ကြောင်းကို အကြိမ် ကြိမ် သတိ ပေးခဲ့ပါတယ်။ ethanol လို မဟုတ်ပဲ လက်သန့်ဆေးရည်တွေ လုပ်ရင် သုံးတဲ့ methanol က  အ ရေပြား က တစ်ဆင့် တောင်မှ အဆိပ်အ တောက် ဖြစ်စေ ပါတယ်။ဒါ ကြောင့်လည်း လက် သန့် ဆေးရည် ထုတ်ကုန် တစ်ရာ ကျော်ကို သတိ ပေး ခဲ့ပြီးပါပြီ။

READ
ဆယ်ကျော်သက်တစ်ဦး Liveလွှင့် သေကြောင်းကြံပြီး မကြာမီ ဆင်တူဖြစ်ရပ်ထပ်မံဖြစ်ပွား
Image:: pixabay/Abhi_Jacob

ပြီးခဲ့တဲ့ ဇွန်လ နှောင်းပိုင်းက ဆိုရင် methanol အဆိပ် သင့်မှုတွေ (လက် သန့် ဆေးရည်တွေကို သောက်တာ) ဖြစ်ပေါ် ခဲ့ပါတယ်။ အသက် (၂၁) နှစ်မှ (၆၅)နှစ် အတွင်းရှိတဲ့ လူ (၁၅) ယောက် လက်သန့် ဆေးရည်တွေကို သောက် ပြီး ဆေးရုံ ရောက်ခဲ့တာပါ။အဲ့ဒီအထဲက လူနာ တစ်ယောက် က တော့  ကျန်းမာ ရေး စောင့်ရှောက်မှု အတွက် လိုက် မရှာ ခင် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က လက်သန့် ဆေးရည်တွေကို သောက်ခဲ့ တယ်လို့ ဆိုပါတယ်။FDA က တော့ methanol ဒါမှမဟုတ်  wood alcohol ပါတဲ့ လက် သန့် ဆေးရည် မျိုးကို မသုံးကြဖို့ သတိပေးခဲ့ပါတယ်။

#SHWEMOM

SHARE