သင်ကြားလိုက်ရင် အံ့သြသွားမယ့် ကိုအာလာ သတ္တ၀ါလေးတွေရဲ့အသံ

Twitter

ကိုအာလာ လို့ပြောလိုက်ရင် ၀က်ဝံအသေးစားလေးတွေနဲ့တူတဲ့ ချစ်စရာအကောင်လေးတွေကိုပဲ ပြေးမြင်ကြမှာပါ။ သြစတြေးလျနိုင်ငံမှာတော့ အဲဒီအကောင်လေးတွေက နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပြီး ဒီနှစ်လောက်ကျွမ်းခဲ့တဲ့ တောမီးမှာ အများကြီး သေကုန်ကြလို့ စိတ်မကောင်းဖြစ်ကြရပါသေးတယ်။

အဲဒီ ကိုအာလာ လေးတွေဟာ ချစ်စရာကောင်းတယ်လို့ အားလုံး လက်ခံထားကြပေမယ့် သူတို့ရဲ့အသံက ဘယ်လိုလဲဆိုတာ လူတော်တော်များများ မသိကြပါဘူး။ အကောင်လေးတွေက ချစ်စရာလေးတွေမို့ သူတို့ရဲ့ အသံလေးတွေလည်း ချစ်စရာဖြစ်လိမ့်မယ်လို့တောင် ထင်ခဲ့ကြမလားပဲ။

ဒါပေမယ့် တကယ်တမ်းမှာတော့ ကိုအာလာ လေးတွေအရဲ့အသံက ၀က်အသံလိုလို ၊ နွားအသံလိုလိုနဲ့ တကယ့်ကို အသံဆိုးကြီးပါ။ အသဲယားဖို့လည်းကောင်းပါတယ်။ အောက်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရင် သူတို့ရဲ့တကယ့်အသံက ဘယ်လိုမျိုးလဲဆိုတာ သိမှာပါ။

READ
တရုတ်တွင် တစ်နှစ်အရွယ်သမီးလေး လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် စော်ကားခံရ

တွစ်တာပေါ်မှာ ပျံ့နှံ့နေတဲ့ ဒီ ဗီဒီယိုဖိုင်လေးက ကြည့်ရှုသူ သန်းချီရှိခဲ့ပြီး ပြန်လည်မျှဝေသူ (၂)သိန်းနီးပါး ရှိခဲ့တာပါ။

တချို့တွေကတော့ အဲဒါဟာ မူရင်းဗီဒီယိုဖိုင်မဟုတ်ပဲ အသံပြင်ဆင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပြီး တချို့ကလည်း အဲဒီအသံဟာ ကိုအာလာ တစ်ကောင်ရဲ့အသံ အစစ်အမှန်ဖြစ်တယ်လို့ ထောက်ခံခဲ့ကြပါတယ်။

Linn

SHARE