မွေးရာပါ ပြောင်စပ်စပ်ရုပ်လေးကြောင့်အပစ်ခံခဲ့ရပေမယ့် အချစ်ခံနေရတဲ့ Husky မလေး

Facebook-Husky House, Caroline Hilliard

Husky ခွေးမျိုးဆိုတာ ဝံပုလွေနဲ့တောင် မှားရတဲ့ခွေးအမျိုးအစားတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ သဘာဝပုံပန်းသဏ္ဍာန်ကိုက ခန္ဓာကိုယ် မတ်မတ်၊ သွယ်လှပြီးကျော့ရှင်းနေတဲ့ ကိုယ်ဟန်တွေ၊ စူးရှပြီးမုဆိုးသဖွယ် မျက်လုံးတွေနဲ့ ခပ်မာမာထန်ထန်မျက်နှာဘေးတွေကြောင့် လူအများကြားထဲ အခန့်ငြားဆုံး ခွေးမျိုးစိတ်တွေအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

 

ဒါကြောင့်လည်း လူတွေက Husky မွေးမယ်ဆိုတာနဲ့  ခန့်ငြားမှ ဒါမှမဟုတ် ခန့်ငြားတဲ့ခွေးမျိုးလိုချင်လို့ Husky မွေးတယ်ဆိုပြီး ဖြစ်လာကြတာပေါ့။ ဒါပေမဲ့လည်း ဒီ Husky မလေးကတော့ Husky တစ်ကောင်ရဲ့ သွင်ပြင်လက္ခာတွေနဲ့တစ်စက်မှမတူတာကြောင့် စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။

Jubliee လေးဟာ မွေးကတည်းကိုက မျက်ခွံနဲ့မျက်အိတ်တွေဟာ သာမန်မဟုတ်ခဲ့ပါဘူး။ ပုံမှန်လိုမျိုး အလျားလိုက် မျက်လုံးပေါက်ကရှိရမယ့်ဟာကို Jubliee ရဲ့မျက်လုံးပေါက်ကတော့ ဒေါင်လိုက်လိုမျိုး တစောင်းလေး ဖြစ်နေခဲ့တာပါ။ ဒီအချက်ကြောင့် သူမရဲ့ ရုပ်ဆင်းအင်္ဂါဟာ Husky တစ်ကောင်လို ခန့်ခန့်ငြားငြားမဖြစ်ဘဲ ပြောင်စပ်စပ်နဲ့ကာတွန်းမျက်နှာလိုမျိုး ဖြစ်နေတာပဲဖြစ်ပါတယ်။

READ
မိခင်ရဲ့ရည်းစားအသစ်ကလူမဆန်စွာ ယုတ်မာခဲ့လို့လသားအရွယ်သမီးလေးသေဆုံးသွားခဲ့
Facebook-Husky House,
Facebook-Husky House

ဒီလိုမျက်နှာလေးကို အပြစ်မြင်ကာ Jubliee ကိုမွေးမွေးပြီးချင်းမှာတင် Husky House ဆိုတဲ့ ခွေးဂေဟာလေးမှာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လာပေးသွားခဲ့တာပါတဲ့။ ၂ နှစ်အတွင်း ခွေးဂေဟာကိုလာပြီး မွေးစားမယ့်သူတွေဟာ Jubliee လေးကို မရွေးချယ်ခဲ့ကြတာကြောင့် အခုအချိန်အထိ Husky House ဂေဟာမှာပဲ သောင်တင်နေပါသတဲ့လေ။

ကြီးလာတော့ ကျွေးမွေးးစရိတ်ကလည်းကြီးလာ ဘယ်သူမှလည်း မမွေးတာကြောင့် အမြဲတမ်လှောင်အိမ်ထဲ ရှိနေတဲ့ Jubliee လေးကို ဂေဟာဖက်က သနားလွန်းတာကြောင့် နောက်ဆုံးမှာတော့ Facebook ကို အားကိုးပြီး မွေးစားမယ့်သူ ရှာရပါတော့တယ်။ Comment မှာတော့ Jubliee ကို မွေးစားမယ်ဆိုတဲ့ စကားတွေနဲ့ ပြည့်နေပေမယ့် မွေးချင်တဲ့လူတွေက နိုင်ငံမတူတာရယ်၊ နောက် တစ်မြို့တည်းဖြစ်ပေမယ့်လည်း မွေးစားခွင့်လာမလျှောက်တာရယ်ကြောင့် ဒုံရင်းကဒုံရင်းပဲ ဖြစ်နေဆဲပါပဲတဲ့။

READ
ဘက်ခမ်းနဲ့တူဖို့ ပေါင်(၂)သောင်းအကုန်အကျခံပြီး ခွဲစိတ်ခဲ့သူရဲ့ အကြီးမားဆုံးနောင်တ
Facebook-Husky House

Jubliee လေးအတွက် ထာဝရအိမ်အမြန်ဆုံးရှာတွေ့ပါစေနော်။

Facebook- Caroline Hilliard

UPDATE – Thanks to everyone who shared Jubilee’s story. She has found her forever home with previous Husky House…

Posted by Husky House on Tuesday, January 14, 2020

Penny

SHARE