J- Lo ရဲ့ ဖက်ရှင်ကို ဟာသလုပ် Troll လိုက်တဲ့ အမျိုးသား

Jennifer Lopez  ကတော့ နာမည်ကြီး အမေရိကန်အဆိုတော်၊ မင်းသမီး၊ Dancer ၊ Producer တစ်ယောက်ပါ။ အခုဆိုရင်တော့ သူမရဲ့ အသက်ဟာ  (၄၉)နှစ်ပါ။ အသက်ကြီးပေမယ့် ဖက်ရှင်တွေရော၊Body ကပါ အရမ်းကို လန်း နေသူပါ။ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူမစီးလာတဲ့ ဖိနပ် က အွန်လိုင်းပေါ်မှာ အတော်လေး နာမည်ကြီးခဲ့ပါတယ်။ သူမရဲ့ အမိုက်စား ဖိနပ်ဒီဇိုင်းအပေါ် ချီးကျူးကြတာတွေရှိသလို ဟာသလုပ်လှောင်ပြောင်ကြတာတွေလည်း ရှိပါတယ်။

pinterest
pinterest

သူမရဲ့ ဖိနပ်ဒီဇိုင်းဆန်းကိုတော့ အိုင်ယာလန်နိုင်ငံသား အသက် (၃၁)နှစ်အရွယ် Senan Byrne က Troll  ခဲ့ပါ တယ်။ရယ်စရာ ဟာသဘောနဲ့ Troll ခဲ့တာဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကလဲ အတော်လေး သဘောကျ နှစ်ခြိုက်ခဲ့တာကို တွေ့ရပါတယ်။ ဒီတစ်ခါ Troll တဲ့ ပုံကတော့ တခြားသူတွေနဲ့ မတူပဲ အနည်းငယ်ကွဲပြားခဲ့ပါတယ်။ သူ့ရဲ့ ဇနီးလဲ ဒီဟာသ ထဲမှာ ပါဝင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၄)နှစ်တည်းက အင်တာနက်ပေါ်မှာ ဒီလိုအရာတွေကို လုပ်လာခဲ့တာလို့ Senan Byrne ကပြောခဲ့ပါတယ်။ Byrne ဟာ ဆယ်လီတွေရဲ့ ပုံတွေကို သူငယ်ချင်းတွေနဲ့အတူ အခုလို ဟာသတွေ လုပ်လာခဲ့တာပါ။ တစ်ချို့တွေကတော့ ဒါတွေကို ၀င်ငွေ၊ အလုပ်တစ်ခုအတွက် လုပ်ကြတာ ဖြစ်ကြောင်း၊ သူနဲ့ သူ့သူငယ်ချင်းတွေကတော့ ၀င်ငွေအလုပ်တစ်ခုအတွက်မဟုတ်ဘဲ ဟာသအတွက် လုပ်တာလို့ ပြောခဲ့ပါတယ်။

READ
မိခင်တစ်ယောက်ဖြစ်ဖို့ ရက်ပိုင်းသာလိုတော့တဲ့ မြတ်ရတနာကျော်
boredpand
boredpand

အခု Jennifer Lopez  ရဲ့ ပုံတွေကို Troll တာတွေကိုတော့ သူ့ရဲ့ ဇနီးနဲ့ အတူ ဖန်တီးခဲ့တာပါ။ လူတော်တော်များများ ကတော့ J Lo နဲ့ တူအောင် ၀တ်စားပြီး သူမနဲ့ တူအောင် လုပ်တာမျိုးရှိနိုင်ကြောင်း၊ သူကတော့ တခြားသူတွေနဲ့ မတူတဲ့ ပုံစံ တစ်မျိုးနဲ့ ပြက်လုံးထုတ်ဟာသလုပ်ချင်ခဲ့ကြောင်း၊ ဒါကြောင့်လဲ Story ပုံမျိုးနဲ့ Troll ခဲ့တာလို့ ဆိုပါတယ်။ J Lo ကို မတူတဲ့ ပုံစံတစ်မျိုးနဲ့ ဘယ်လိုတွေ Troll ထားလဲ ဆိုတာကို ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

#Jennifer Lopez ရဲ့ ဖက်ရှင်ဒီဇိုင်းကို တုပပစ်လိုက်ဖို့ Senan Byrne ဆုံးဖြတ်လိုက်တယ်…………

READ
အချစ်မှာ မျက်စိမရှိဘူးဆိုတာကို သက်သေခံနေတဲ့ အချစ်မျက်ကန်း (၁၂) တွဲ
boredpand

#ဇနီးဖြစ်သူကတော့ ဒီလိုအခြေအနေကို လုံးဝကို မျှော်လင့်မထားပုံပါ………

boredpanda
boredpanda

#ခင်ပွန်းဖြစ်သူ့ရဲ့ ပုံကို မြင်ပြီး စိတ်ပျက်ပြီး အိမ်ထွက်သွားခဲ့ပါတယ်…

boredpanda

 

 

Source boredpanda

SHARE