မတွေ့တာ နှစ်ချီတဲ့အလား ကြည်နူးဖွယ် ပွေ့ဖက်နှုတ်ဆက်ခဲ့ကြတဲ့ သူငယ်ချင်းလေး(၂) ဦး

twitter/ ABC News

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လူသွားလမ်းဘေးတစ်နေရာမှာ လမ်းလျှောက်တတ်စ ကလေးငယ်နှစ်ဦးရဲ့ တစ်ဦးနဲ့တစ်ဖက် ချစ်ခင်ရင်းနှီးစွာ ပွေ့ဖက်နှုတ်ဆက်နေကြတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ လူကြည့်အရမ်းများနေတာကို insider သတင်းမှာ တွေ့လိုက်ရပါတယ်။ အင်တာနက်အသုံးပြုသူတွေကတော့ ဒီကလေးငယ်နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့အပြုအမူဟာ နှလုံးသားတွေကို နွေးထွေးသွားစေတယ်လို့ ဆိုပါတယ်။

ဗီဒီယိုလေးထဲမှာ တွေ့ရတဲ့ ကလေးနှစ်ယောက်ဟာ အသက်(၂) နှစ်အရွယ် မက်စ်ဝဲလ်နဲ့ ဖန်နီဂန်တို့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လမ်းလယ်မှာ တစ်ယောက်ကို တစ်ယောက် တွေ့လိုက်တဲ့အချိန်မှာပဲ နှစ်ယောက်စလုံး လက်တွေ မြှောက်ပြီး အချင်းချင်းပွေ့ဖက်ဖို့ ပြေးလာကြတာ ဖြစ်ပါတယ်။ ဖန်နီဂန်ဟာ မက်စ်ဝဲလ်ကို သူ့အရုပ်လေး ပြလိုက်ပါသေးတယ်။ ဒီနောက်မှာတော့ နှစ်ယောက်သား တစ်ယောက်နောက်ကို တစ်ယောက်ပြေးလိုက်ရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့နေခဲ့တာကိုလည်း ဗီဒီယိုလေးထဲမှာ တွေ့ရမှာပါ။

I have no idea how to make things go viral, for those that do……please share. This is just so beautiful. Finnegan + Maxwell= BESTIES!!! If we could all be like this. 🥰😍🥰😍🥰😍 @2_puggles_anda_baby O, The Oprah Magazine Oprah Winfrey The Today's Show best topic of the day NBC New York TheEllenShow

Posted by Michael D Cisneros on Sunday, 8 September 2019

မိုက်ကယ်က “သူတို့သူငယ်ချင်း နှစ်ယောက်က အရမ်းချစ်ကြတာ။ တစ်ယောက်ကို တစ်ယောက် တွေ့တဲ့အခါ ခုလို အမြဲတမ်း စိတ်လှုပ်ရှားတတ်ကြတယ်။ တစ်ရက်၊ နှစ်ရက်လောက် မတွေ့ပဲနေလို့ ပြန်တွေ့ရင် ခုလိုပဲ မြင်ရတာပဲ…” လို့ ပြောပြပါတယ်။ ဒါ့အပြင် မက်စ်ဝဲလ်နဲ့ ဖန်နီဂန်ဟာ အစားအသောက်၊ အရုပ်နဲ့ အခြားအရာလေးတွေကိုလည်း နှစ်ယောက်သား သဘောမျှတစွာ သုံးစွဲလေ့ရှိတယ်လို့လည်း မိုက်ကယ်ပြောစကားအရ သိရပါတယ်။

READ
မူလတန်းကျောင်းသားရဲ့ တီရှပ်ဒီဇိုင်းကို တရားဝင်ကျောင်းဝတ်စုံအဖြစ် သတ်မှတ်ခဲ့တဲ့ တက္ကသိုလ်

လင်းလင်း (ShweMom)

SHARE