လက်စွပ်အစား ရတနာတွေကို လက်ချောင်းထဲ မြှုပ်သွင်းလာကြ

လူတစ်ယောက်ယောက်နဲ့တစ်ယောက် စိတ်သဘောထားအမျိုးမျိုး ကွဲပြားသလို၊ ယူဆချက်၊ ခံယူချက်ချင်းလည်း မတူညီကြပါဘူး။ တစ်ချို့ကလည်း လက်ချောင်းလေးတွေမှာ တက်တူးထိုးထားချင်သလို၊ တစ်ချို့လည်း ရတနာကို မြှုပ်သွင်းလာကြပါတယ်။

အခုဖော်ပြပေးမှာကတော့ လူတော်တော်များများ လုပ်လာကြတဲ့ လက်ချောင်းထဲရတနာ ထည့်မြှုပ်တဲ့သတင်းလေးပဲ ဖြစ်ပါတယ်။ ဒါလေးဟာ ခုလက်တလောမှာ တော်တော်လေး ရေပန်းစားနေတဲ့ သတင်းလည်းဖြစ်ပါတယ်။

ဒီအရာကို ပထမဆုံးမြင်တွေ့ရတာကတော့ Cultura Colectiva + ရဲ့ FB page မှာဖြစ်ပြီး လူတော်တော်များများကလည်း အမျိုးမျိုးဝေဖန်ထားတာ တွေ့ရပါတယ်။ ကြည့်ရှုသူအရမ်းများနေတဲ့ ဒီဗီဒီယိုအပေါ် တစ်ချို့လည်း ကြိုက်နှစ်သက်သလို၊ တစ်ချို့ကလည်း မကြိုက်ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လက်ချောင်းထဲ ရတနာထည့်မြှုပ်တဲ့ အကြံဟာ ခေတ်စားလာမယ့် ဖက်ရှင်ဒီဇိုင်းတစ်ခု ဖြစ်လာမလားဆိုတာတော့ ဘယ်သူမှမသိသေးပါဘူး….။

 

Em Em

SHARE