အိမ်ရာမဲ့တစ်ဦးကို အစားအစာပေးဝေခဲ့တဲ့ FoodPanda ဒရိုင်ဘာ၊ ချီးကျူးဂုဏ်ပြုခံနေရ

Facebook/WeLoveMalaysians

အစားအစာတွေ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးတဲ့ FoodPanda ကုမ္ပဏီမှ ဒရိုင်ဘာတစ်ဦးဟာ သူများလို များများစားစား မလှူနိုင်ပေမယ့် အိမ်ရာမဲ့တစ်ဦးကို အစားအစာ သူတက်နိုင်သလောက် ပေးလှူခဲ့ပါတယ်။ သူရဲ့လုပ်ရပ်ဟာ တစ်ခြားလူတွေလို ကြီးကျယ်ခမ်းနားခြင်း မရှိသလို၊ ကင်မရာတွေ၊ ဖုန်းတွေနဲ့ တခမ်းတနား မှတ်တမ်းတင်ပေးမယ့် လူအုပ်ကြီးလည်း မရှိပါဘူး။

ဒါပေမယ့် သူကတော့ သူလုပ်စရာရှိတာကို ပကာသနကင်းစွာ အေးအေးဆေးဆေး လုပ်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကားသမားတစ်ယောက်က မှတ်တမ်းတင်ထားလိုက်တာပါ။ ဒီဓာတ်ပုံလေးတွေဟာ We Are Malaysians အမည်ရ Facebook Page မှတစ်ဆင့် ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

အိပ်ရာမဲ့လူတစ်ယောက်ဟာ လမ်းဘေးမှာ အိပ်နေပုံရပြီး၊ FoodPanda ဒရိုင်ဘာက တကူးတက ဆိုင်ကယ်ကိုရပ်ကာ အဲဒီအဖိုးအိုဆီကို အစားအစာတွေ သွားပေးခဲ့ပါတယ်။ အိမ်ရာမဲ့ကို ကြည့်ရတာကလည်း ရက်တော်တော်ကြာ အစားအစာ ပြတ်တောက်ထားပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် FoodPanda ဒရိုင်ဘာလေးက စေတနာသန့်သန့် ကူညီခဲ့တာပါ။

သူဟာ ဆင်းရဲသား အိမ်ရာမဲ့ကြီးကို နောက်ခံထားပြီး၊ Selfie ဆွဲတာမျိုးလည်း လုပ်မသွားပါဘူး။ ဒါကတော့ တစ်ခြားလူတွေရဲ့စရိုက်နဲ့ တူချင်မှ တူမှာကိုး။ တစ်ခါတလည်း လူမှုကွန်ရက်မှာ တိုက်တွန်းမှုလေးတစ်ခုကို  အမှတ်ရမိပါတယ်။ “ When helping the poor leave the camera at home”ဆိုတဲ့စကားလေးပါ။

FoodPanda rider 👍👍👍He is sending free Breakfast for him..😢😢😢#FoodPanda

Posted by 我们是马来西亚人 We are Malaysians on Saturday, 14 March 2020

ဒါပေမယ့် တစ်ချို့ကလည်း အခုဖြစ်စဉ်မှာ ဓာတ်ပုံမရိုက်ဖူးဆိုသော်လည်း ဒီဓာတ်ပုံတွေက ဘာလို့ ပေါ်ထွက်လာခဲ့တာတုန်းဆိုပြီး ကတ်သီးကတ်သတ် မေးကြသလို၊ တစ်ချို့ကကျတော့လည်း တမင်သက်သက် ဒီဓာတ်ပုံတွေကို တစ်ယောက်ယောက်က စောင့်ဆိုင်း ရိုက်ပေးနေတာလို့လည်း ဝေဖန်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်တင်သူထက်၊ သူရဲ့လုပ်ရပ်ကို ချီးကျူးသူက များနေပါတယ်။

တချို့ကတော့ FoodPanda အသုံးပြုသူတွေဟာ အိမ်တွင်းပုန်းရင်းနဲ့ မှာကြားထားတွေ Cancel လုပ်ခဲ့ကြတယ်လို့ တွေးခဲ့ကြပါတယ်။ ဒီအတွက် FoodPanda သမားတွေအနေနဲ့ သူတို့ ပိုလျှံနေတဲ့အစားအသောက်တွေကို တခြားလိုအပ်နေသူတွေထံ ပြန်လည်မျှဝေတာမျိုး ဖြစ်နိုင်တယ်လို့ တွေးပါတယ်။ ဒါကလည်း ကောင်းတဲ့ အလုပ်တစ်ခုပါပဲ။

လင်းဇော်ကို

SHARE