ရည်းစားဟောင်းကို အိပ်မက်,မက်တဲ့အကြောင်း အွန်လိုင်းပေါ်တွင် ရှာဖွေမှု အများဆုံး ဖြစ်နေ

Unsplash- @alexiby

Stay at home ကာလအတွင်း Google မှာ COVID-19 မဟုတ်တဲ့ တခြားသောအကြောင်းအရာတွေထဲ ရှာဖွေမှုအများဆုံးဖြစ်နေခဲ့တာကတော့ “ဘာလို့ ရည်းစားဟောင်းကို အိပ်မက် မက်ရသလဲ” ဆိုတဲ့အကြောင်းအရင်းကိုပါတဲ့လေ။

Unsplash- @almosbech

ဒီအကြောင်းကိုတော့ Digital Marketing ကုမ္ပဏီတစ်ခုဖြစ်တဲ့ AGY47 မှ ရှာဖွေတွေ့ရှိခဲ့တာပဲဖြစပါတယ်။ တစ်နှစ်က ဒီအကြောင်းအရာကို Google ခေါက်ရှာတာထက် ဒီနှစ်ဝက်လောက်မှာတင် ရှာဖွေမှုနှုန်းဟာ အဆမတန်များလာခဲ့ပါတယ်။ သူနဲ့ဆက်စပ်တဲ့ “ဘာလို့ ထူးဆန်းတဲ့အိပ်မက်တွေပဲ မက်နေတာလဲ” ဆိုတဲ့မေးခွန်းဟာလညး အရင်နှစ်ကထက် အဆ ၂၀၀ တောင် တက်ခဲ့သလို “ဘာလို့ အိပ်မက်ဆိုးတွေပဲ မက်နေတာလဲ” ဆိုတဲ့မေးခွန်းကတော့ အဆ ၁၉၀ တောင် တက်ခဲ့ပါတယ်ဆိုပြီး Unilad မှာ ဖော်ပြထားခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ယုံကြည်မှုတချို့အရ အိပ်မက်ကို အတိတ်နမိတ်လိုက်ကောက်တတ်ကြတာ သဘာဝပါပဲ။ ဥပမာ ကိုယ့်အိပ်မက်ထဲ လူတစ်ယောက်ကို ထည့်မက်ရင် အဲလူက ကိုယ့်ကို သတိရနေလို့ဆိုတာမျိုးတွေပေါ့။ ဒါကြောင့် အခုလည်း လူတွေဟာ သူတို့ရည်းစားဟောင်းတွေကို ဘာလို့ အိပ်မက်ထဲ ထည့်ထည့်မက်နေရသလဲဆိုတာကို သိချင်နေကြပုံပါပဲ။ မနှစ်ကထက်စာရင် “ဘာလို့ ရည်းစားဟောင်းကို အိပ်မက် မက်ရသလဲ” ဆိုတဲ့ မေးခွန်းကို ရှာဖွေမှုနှုန်းဟာ အဆ ၂၄၅၀ တောင် မြင့်တက်လာခဲ့တာပါတဲ့။

READ
သမီးလေးကို မပြောသင့်တဲ့စကားများ
Unsplash- @neonbrand

ဒီမေးခွန်းရဲ့အဖြေကိုတော့ NeuroSuccess ဆိုတဲ့ ဆွေးနွေးတိုင်ပင်ဝန်ဆောင်မှုမှ Marilyn Devonish က အခုလိုပဲရှင်းပြထားခဲ့ပါတယ်။ ကျွန်တော်တို့တွေ တော်တော်များများဟာ ရည်းစားဟောင်းရဲ့ ဥပက္ခာပြုမှုတွေ၊ ပူဆွေးဝမ်းနည်းစေခဲ့တာတွေ၊ နာကျင်ခံစားစေခဲ့တာတွေ၊ အကြောက်တရားတွေနဲ့ အထီးကျန်ဆန်စေခဲ့မှုတွေကို ခံစားခဲ့ရပါတယ်။

လက်ရှိ ကပ်ရောဂါအခြေအနေကြောင့် ကျွန်တော်တို့တွေရဲ့ အတွင်းစိတ်ထဲမှာလည်း စိတ်အားငယ်မှုတွေ၊ အထီးကျန်ဆန်ခြင်းတွေ စတဲ့ခံစားမှုတွေကို ခံစားနေကြရတာပါ။ ဒီလို တူညီတဲ့ခံစားမှုတွေကြောင့် သိမ်းထားမိနေတဲ့ ရည်းစားဟောင်းရဲ့ပုံရိပ်ဟာ မသိစိတ်မှာ လာပေါင်းစည်းသွားတာ အခုလို အိပ်မက်အဖြစ် ပေါ်လာတယ်ဆိုပြီး သိပ္ပံနည်းအရ ရှင်းပြထားခဲ့ပါတယ်။

သင်တို့ရော ရည်းစားဟောင်းကို အိပ်မက်ခဏခဏမက်ဖူးလား..

Penny

SHARE