မကြာခဏ လူသေလို့ ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ဖို့ရှိနေတဲ့ ပင်လယ်ကွေ့တံတား

ဒီပင်လယ်ကွေ့တံတားဟာ သိပ်ကိုလှပလွန်းတဲ့ အနေအထားမှာရိနေတာကြောင့် တချို့လူတွေဟာ အသက်ကို ပဓာနမထားဘဲ ဘေးက ကုန်းမြင့်တွေပေါ်တက်၊ အစွန်းအထိသွားကာ ဓာတ်ပုံတွေကို ရိုက်ကူးနေကြပါတယ်။

News.au

ပင်လယ်ကွေ့တံတားဟာ ဆစ်ဒ်နီမြို့တောင်ဘက်မှာတည်ရှိပြီး ဒေါ်လာ (၄၉) မီလီယံ အကုန်အကျခံဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။ (၂၀၀၅) ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပေမယ့် အရင်နှစ်တွေတုန်းက အခုလိုဓာတ်ပုံရိုက်တာတွေ သိပ်ခေတ်မစားသေးတာကြောင့် လူတွေသတိမထားမိကြသေးပါဘူး။ ဒီတံတားဟာ ပင်လယ်တစ်လျှောက်က ကျောက်ဆောင်နဲ့ချောက်ကမ်းပါးကွေ့အတိုင်းပဲ သဘာဝဆန်ဆန်အကောက်အကွေးတွေအလိုက် ဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။၏

 

 

View this post on Instagram

 

A post shared by Ned Dauth (@ned.dauth) on Sep 30, 2018 at 1:30am PDT

မကြာသေးခင်ကဘဲ အသက် (၂၀) ပတ်ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းတွေန့အတူတူ တံတားအဆုံးနားလောက်နေရာရဲ့ ဘေးကတောင်စောင်းမှာ လမ်းလျှောက်နေတုန်း မီတာ (၄၀) အမြင့်ကနေ ခြေချော်ကျကာ သေဆုံးခဲ့ပါတယ်။

READ
Botox ၁၆ ချက်အထိုးခံရပြီးနောက် သတိလစ် သေဆုံးသွားခဲ့တဲ့ ဟောင်ကောင်က ဖြစ်ရပ်

မတော်တဆမှုဖြစ်ပြီးနောက်တစ်ရက်မှာပဲ အဲဒီနေရာသို့ နောက်ထပ်လူတွေမသိဘဲ ရောက်လာကာ တံတားကိုနောက်ခံထားပြီး ဓတ်ပုံရိုက်တဲ့လူတွေကရိုက်၊ လမ်းလျှောက်တဲ့လူတွေကလျှောက်နဲ့ တစ်နေ့ကို (၁၀) ယောက်နှုန်း လာလေ့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒေသခံတွေဟာ ဒီနေရာဟာ ကျောက်ပြိုတက်ကြောင်းနဲ့ မကြာသေးခင်ကမှ လူသေထားကြောင်းပြောတဲ့အခါမှာလည်း ဂရုမစိုက်ကြဘဲ လှောင်တောင်ရယ်သွားသေးတယ်လို့ပြောပြထားပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီနေရာကို ခြံစည်းရိုး သို့မဟုတ် ဆိုင်းဘုတ်များ ထိုးပေးဖို့ တောင်းဆိုလျက်ရှိပါတယ်။

News.au
Instagram

တောင်စောင်းပေါ်မှာတင်မဟုတ်ပါဘူး။ အဲဒီနေရာ ပင်လယ်ထဲမှာလည်း ခဏခဏ ရေနစ်ပြီး သေတဲ့ မှတ်တမ်းတွေလည်း ရှိနေပါတယ်။ ဒီတံတားကိုအနောက်ခံထားပြီး ဓာတ်ပုံရိုက်ချင်တာကြောင့်ပဲ ကားတိုက်ခံရတဲ့ မတော်တဆမှုတွေရှိပါသေးတယ်။

News.au

အသက်ကို ပဓာနမထားဘဲ selfie ရိုက်ခြင်းကို “Selficide” လို့ စကားလုံးအသစ်နဲ့ ဖော်ပြထားရှိပါတယ်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း selfie ရိုက်ရင်းနဲ့သေဆုံးသူများဟာ တစ်ကန္ဘာလုံးမှာ ၂၅၉ ယောက်ရှိနေပြီဖြစ်ပါတယ်။ မိမိအန္တရာယ်ကို ဂရုမစိုက်ဘဲ ဓာတ်ပုံကောင်းတစ်ခုရဖို့သာ စိတ်အားထက်သန်နေတာဟာ ကပ်ရောဂါနဲ့တူတဲ့အတွက် ရည်ရှည်မှာစိုးရိမ်။ သင့်ကြောင်း ပညာရှင်တွေမှ ဆွေးနွေးထားပါတယ်။ Selficide အမှုတွေဟာ အမြင့်မှပြုတ်ကျတာ၊ ရေနစ်တာနဲ့ ကားတိုက်တာတွေအဖြစ် အများဆုံးဖြစ်ပွားလျက်ရှိပါတယ်။Source: News.au

READ
အမျိုးသားတစ်ယောက်နဲ့အတူ တက္ကစီစီးတဲ့သရဲမ

Penny

SHARE