Joker ရုပ်ရှင်ထွက်ပြီးနောက်ပိုင်း လူသွားအရမ်းများလာတဲ့ နယူးယောက်က Joker Stairs

instagram/jokermovie

ခရီးထွက်ချင်စိတ်ဟာ ဘယ်နေရာကမဆို လာနိုင်ပါတယ်။ သူငယ်ချင်းတွေဆွယ်လို့ပဲ ဖြစ်ဖြစ်၊ ခရီးသွားမဂ္ဂဇင်းတွေ ဖတ်ရင်းကနေပဲ ဖြစ်ဖြစ်၊ အင်စတာဂရမ် influencer တွေကနေပဲဖြစ်ဖြစ် လာနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ ဒီလိုတစ်နေရာကို အရောက်သွားကြည့်ချင်တဲ့စိတ်မျိုးဟာ ရုပ်ရှင်တွေထဲကနေလည်း လာနိုင်ပါတယ်။ ဥပမာ ရုပ်ရှင်ကားတစ်ကားကို အရမ်းကြိုက်နေပြီဆိုရင် အဲ့ဒီရုပ်ရှင်ဇာတ်ဝင်ခန်းထဲမှာပါတဲ့ နေရာတွေကို တွေ့ဖူးမြင်ဖူးချင်စိတ်ဟာ လူတိုင်းလိုလိုမှာ ဖြစ်လေ့ရှိပါတယ်။

အခုတစ်ခါမှာတော့ Joker ရုပ်ရှင်ထဲပါဝင်ခဲ့တဲ့ The Joker Stairs ဟာ သရုပ်ဆောင် Joaquin Phoenix ကြောင့် DC ပရိသတ်တွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြား အရမ်းကို ကျော်ကြားနေပါတယ်။ ဒီသတင်းကိုတော့ storypick သတင်းဌာနကတဆင့် သိရှိခဲ့ရတာပါ။

 

CNN သတင်းအရတော့ ဂျိုကာလှေကားထစ်တွေဟာ အမေရိကန် နယူးယောက်မြို့က ဆောက်သ်ဘရွန့်ဧရိယာ အနောက်ဘက် (၁၆၇) လမ်းမှာ တည်ရှိတယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ အဲ့ဒီနေရာမှာ ရာဇ၀တ်မှုတွေ အဖြစ်များလို့ လူသွားလူလာ သိပ်တွေ့ရလေ့မရှိပါဘူး။ ဒါပေမယ့် Joker ရုပ်ရှင်ဇာတ်ကားကတော့ ဒါကို ပြောင်းလဲပစ်ခဲ့ပါပြီ။ Joker ရုပ်ရှင်ဇာတ်လမ်းထွက်ရှိအပြီးမှာတော့ ၄င်း Joker stairs တွေဆီ လူတွေက လာရောက်ပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးကြတဲ့အခါ အခုအခါ စည်ကားနေပြီလို့ သိရပါတယ်။ တချို့ကလည်း ဒီအတိုင်း အပျော်တမ်းရိုက်ကြသလို တချို့ကလည်း ဂျိုကာလို မျက်နှာခြယ်သပြင်ဆင်ပြီး သေချာ ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။

View this post on Instagram

🎬🤡 @jokermovie @toddphillips1

A post shared by Ray H. Mercado (@raylivez) on

 

READ
အရပ်ပုသူတွေ အပေါ်စီးရှုခင်းကြည့်ဖို့မျက်မှန်အပါအဝင် ပေါက်ကရတီထွင်မှု (၆) ခု

လင်းလင်း (ShweMom)

SHARE