ကားမောင်းတဲ့အခါမှာ ကားမောင်းတဲ့ လူတစ်ယောက်အတွက် လမ်းပြဆိုင်းဘုတ်တွေဟာ အင်မတန်မှကို အရေးကြီးလှပါတယ်။ ကျွန်တော်တို့နိုင်ငံမှာဆိုရင်လည်း ရှေ့တွင်ကျောင်းရှိသည်၊ ဖြည်းဖြည်းမောင်ဆိုတဲ့ လမ်းပြဆိုင်းဘုတ်၊ တောင်တက်တောင်ဆင်းအန္တရာယ်ရှိတဲ့ ဆိုင်းဘုတ်တွေ၊ လမ်း ၃ ခွဆုံအကွေ့တွေ အစရှိတဲ့ အန္တာရာယ်သတိပေး လမ်းပြဆိုင်းဘုတ်တွေကို တော်တော်များများ သတိထားမိကြမှာပါ။ အခုပြောပြချင်တဲ့ ဆိုင်းဘုတ်ကတော့ ဂျပန်တစ်နိုင်ငံထဲမှာပဲရှိတဲ့ လမ်းပြဆိုင်းဘုတ်တွေပါ။ ထူးခြားတာကတော့ ကျွန်တော်တို့ တွေ့ဖူးနေကြ လမ်းပြဆိုင်းဘုတ်တွေလိ ပုံသေမဟုတ်ပဲ timing နဲ့ လည်နေတဲ့ ဆိုင်းဘုတ်တွေဖြစ်ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
あげ忘れてた、
標識が変わる瞬間① pic.twitter.com/zgqab6rAdm— 茎わかめ (@zTnX4X9UPinHF0y) September 5, 2020
ဗီဒီယိုထဲမှာတွေ့ရတဲ့ ဆိုင်းဘုတ်ကတော့ ဂျပန်နိုင်ငံရှိ မီးပွိုင့်တစ်ချို့မှာ အသုံးပြုနေတဲ့ သတိပေးဆိုင်းဘုတ် အမျိုးအစားပဲ ဖြစ်ပါတယ်။ အဆိုပါဆိုင်းဘုတ်ဟာ ပုံသေမဟုတ်ပဲနဲ့ မီးပွိုင့်အရောင်ကိုလိုက်ပြီး ပြောင်းလဲနေတဲ့ ဆိုင်းဘုတ်ပဲ ဖြစ်ပါတယ်။ မီးပွိုင့်စိမ်းနေတဲ့အခါမျိုးမှာတော့ ယာဉ်တွေသွားလာလို့ရတဲ့ ပုံစံပဲ ရှိနေပါတယ်။ ဒီလိုနဲ့ မီးပွိုင့် ဝါသွားရင်တော့ အဆိုပါ ယာဉ်တွေသွားလာလို့ရတဲ့ ပုံစံကနေ တဖြည်းဖြည်းပြောင်းသွားပြီး လုံးဝမီးနီသွားတဲ့အခါမျိုးမှာတော့ ရပ်ဆိုတဲ့ ဆိုင်းဘုတ်ပုံစံဖြစ်သွားတာကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။
標識が変わる瞬間② pic.twitter.com/iKF6XvXZFB
— 茎わかめ (@zTnX4X9UPinHF0y) September 5, 2020
အဆိုပါဗီဒီယိုကိုတော့ @zTnX4X9UPinHf0Y လို့ အမည်ရတဲ့ Twitter အကောင့်ပိုင်ရှင်က သူရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကြည့်ရှု့သူ 407k အထိ ရှိခဲ့ပြီး ကြည့်ရှု့သူတိုင်းဟာလည်း ဒီလိုမျိုးမီးပွိုင့်မျိုးဟာ တစ်ခြားဘယ်နိုင်ငံမှာမှ မရှိကြောင်း၊ ဒီလိုမျိုးတီထွင်တဲ့သူတွေဟာ တစ်ကယ့်ကို ဥာဏ်ကောင်းကြောင်း၊ ဒီလိုမျိုးမီးပွိုင့်မျိုးကို ဂျပန်နိုင်ငံနေရာအနှံ့မှာ တပ်ဆင်သင့်ကြောင်း အစရှိသဖြင့် မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
スーパーJチャンネルにて
僕のツイートした可変標識が放送されました! pic.twitter.com/uTrlMojRXb— 茎わかめ (@zTnX4X9UPinHF0y) September 10, 2020
Pyi Hein Kyaw