(၁၆)ပေထက် မနည်းတဲ့ ဧရာမ ငါးမန်းကြီးကို သုတေသန ပညာရှင်တွေ ရှာဖွေတွေ့ရှိ

Pixabay-skeeze

ကျွန်တော်တို့ တီဗ္ဗီတွေထဲမှာ တွေ့ဖူးတဲ့ ငါးမန်းတော်တော်များများဟာ အလွန်ရှိ ၁၀ ပေ လောက်ပါပဲ။ ၁၀ ပေအရှည်ရှိတဲ့ ငါးမန်းတစ်ကောင်ဟာ တော်တော်လေးကြီးနေပြီလို့ ပြောရပါမယ်။ အခုလည်း မကြာသေးခင်အချိန်တုန်းက တွေ့ရှိခဲ့တဲ့ ငါးမန်းကြီးတစ်ကောင်ရဲ့ ခန္ဓာကိုယ်ဟာ အနည်းဆုံး ၁၆ ပေလောက်တောင်ရှိကြောင်း သိရပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အဆိုပါ ငါးမန်းကြီးဟာ အကောင်းပကတိမဟုတ်ပဲ ခန္ဓာကိုယ်တစ်ခုလုံးဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေပြီး အမြီးဟာ လည်း တော်တော်လေးဆိုးဆိုးဝါးဝါးကို ထိခိုက်ဒဏ်ရာရထားကြောင်း ledger-enquirer သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

The research team came across a beautiful 16 foot white shark on yesterday's trip!Photo credit: Wayne Davis

Posted by Atlantic White Shark Conservancy on Saturday, October 3, 2020

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က အမေရိကန်နိုင်ငံ၊ Cape Cod ကမ်းခြေမြို့ရဲ့ ကမ်းရိုးတန်းနေရာတစ်ခုမှာ ဧရာမငါးမန်းဖြူကြီးတစ်ကောင်ကျက်စားနေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါ့ကြောင့် AWSA (Atlantic White Shark Conservancy) အဖွဲ့အစည်းဟာ အဆိုပါ ကမ်းရိုးတန်းကို ရောက်လာခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၂၁.၁၀.၂၀၂၀) တုန်းက AWSA အဖွဲ့အစည်းဟာ အဆိုပါ ငါးမန်းကြီးကို တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါ ငါးမန်းဖြူကြီးရဲ့ ခန္ဓာကိုယ်ဟာ ၁၆ ပေထက်မနည်းရှိပြီး ခန္ဓာကိုယ်အလေးချိန်က ပေါင် ၃,၀၀၀ ကျော် အလေးချိန်ရှိကြောင်း သိခဲ့ရပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အဆိုပါ ငါးမန်းဖြူကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေပြီး အမြီးဟာလည်း တော်တော်လေးကို ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရထားကြောင်း သိရပါတယ်။

Injured Shark

Remember the 16ft white shark the research team saw earlier this month? Not only does it get the award for the largest shark seen this season, but it also gets the title of gnarliest injury. The team observed this particular injury on its tail resulting from a boat strike.This isn't the first time the research team has observed a shark with boat injuries. Even with this type of injury, the shark's behavior was normal.

Posted by Atlantic White Shark Conservancy on Tuesday, October 20, 2020

“ကျွန်တော့်အထင်တော့ ဒီငါးမန်းဖြူကြီးဟာ စက်လှေတစ်စင်းစင်းနဲ့ ပင်လယ်ထဲမှာ ဝင်တိုးမိခဲ့တဲ့ ပုံပါပဲ။ ခန္ဓာကိုယ်မှာ တွေ့ရတဲ့ ဒဏ်ရာတွေနဲ့ တော်တော်လေးကို စုတ်ပြတ်နေတဲ့ အမြီးကို ကြည့်ပြီးပြောနိုင်တာကတော့ စက်လှေရဲ့ အနောက်ဖက်မှာရှိတဲ့ မော်တာဒလက်နဲ့ ထိခိုက်မိခဲ့တဲ့ပုံပါပဲ။ ဒီလိုမျိုး စက်လှေတွေကြောင့် ဒဏ်ရာရတဲ့ ငါးမန်းတစ်ကောင်ကို တွေ့ဖူးတာ ဒါပထမဦးဆုံး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီငါးမန်းဖြူကြီးကတော့ တော်တော်ဒဏ်ရာပြင်းပါတယ်။ အခုလက်ရှိမှာတော့ ကျွန်တော့်တို့အဖွဲ့က သူ့ကို ဆက်လက်စောင့်ကြည့်နေပါသေးတယ်”လို့ AWSA အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Posted by Atlantic White Shark Conservancy on Thursday, October 22, 2020

Pyi Hein Kyaw

SHARE