NewZealand နဲ့ Australia ဒေသတစ်ချို့မှာ ဝင်ရိုးစွန်းအလင်းတန်းတွေကို နေ့စဉ်မြင်တွေ့ရ

[email protected] [email protected]_cupit

လက်ရှိအချိန် ကမ္ဘာတစ်ဝှမ်းရှိ နေရာတော်တော်များများမှာ COVID 19 ရောဂါကြောင့် လမ်းမပေါ်တွေမှာ လူသွားလူလာမရှိသလောက်နည်းပါသွားပြီး စက်ရုံ၊အလုပ်ရုံတွေဟာလည်း ပိတ်လိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်တော်များများရဲ့ လေထုဟာ အရင်ကထက် ညစ်ညမ်းမှုတွေ လျော့ကျသွားပြီဖြစ်သလို အရင်ကမမြင်တွေ့ဖူးတဲ့ သဘာဝကြီးရဲ့ အလှတရားတွေဟာ ပေါ်ပေါက်လာပြီပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/B_Ryo0gnPwM/?utm_source=ig_embed

အခုလည်း Australia ဒေသတစ်ချို့နဲ့ NewZealand နိုင်ငံတို့ကနေပြီး ဝင်ရိုးစွန်းအလင်းတန်းတွေကို နေ့စဉ်မြင်တွေ့နေရကြောင်း USA Today သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ Australia နိုင်ငံမှာတော့ Hobart မြို့က အများဆုံးတွေ့ရှိရသလို Newzealand နိုင်ငံမှဆိုရင်တော့ ဒေသတွင်းတော်တောများများမှာ တွေ့ရှိရကြောင်း သိရပါတယ်။

ဝင်ရိုးစွန်းအလင်းတန်းတွေဟာ များသောအားဖြင့် အေးတဲ့ဒေသတွေရဲ့ အစွန်အဖျားဒေသတစ်ချို့မှာသာ အတွေ့များတာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် စိမ်းရောင် ခပ်ဖျော့ဖျော့အရောင်ရှိတဲ့ အလင်းတန်းကြီးဖြစ်ပြီး ရေလှိုင်းပုံစံတည်ရှိပါတယ်။

တစ်ချို့ဝင်ရိုးစွန်းအလင်းတန်းကို တွေ့ဖူးချင်တဲ့သူတွေကတော့ တကူးတက ဝင်ရိုးစွန်းဒေသတွေကို ခရီးထွက်ပြီး ကြည့်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလို အိမ်ရှေ့ထွက်တာနဲ့ ဝင်ရိုးစွန်းအလင်းတန်းတွေကို တွေ့နေရသူတွေကတော့ တော်တော်ကံကောင်းတဲ့သူတွေလို့ ပြောလို့ရပါတယ်။

“ ကျွန်တော်တို့ Tasmania ကျွန်းမှာနေတဲ့သူတွေလည်း ဝင်ရိုးစွန်းအလင်းတန်းတွေကို တွေ့ရပါတယ်။ ည ၈ နာရီနောက်ပိုင်းဆိုရင် ကြယ်တွေကလည်း ကောင်းကင်မှာအပြည့်၊ ဝင်ရိုးစွန်းအလင်းတန်းတွေကော အကုန်မြင်ရတာ တော်တော် စိတ်ချမ်းသာဖို့ကောင်းပါတယ်” လို့ သြဇီနိုင်ငံ၊Tasmania ကျွန်းတွင်နေထိုင်သူ Tim Grimsey က ပြောကြားခဲ့ပါတယ်။

READ
အဓမ္မကျင့်ခံရခြင်းကို ကာကွယ်ပေးမယ့် ဘောင်းဘီကို ဂျာမန်အမျိုးသားတစ်ဦး တီထွင်

https://www.instagram.com/p/B_RfmCxnh-d/?utm_source=ig_embed

Pyi Hein Kyaw

SHARE