ရဲတွေလာပြီး ထိန်းပေးရတဲ့အထိ ဖြစ်ခဲ့တဲ့ ဘာဂါဆိုင်ရဲ့ကြောက်ခမန်းလိလိရောင်းအား

[email protected]

COVID 19 ကပ်ရောဂါကြီး ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မျိုးမှာ စားသောက်ဆိုင်တော်တော်များများကတော့ ဆိုင်မှာ ထိုင်စားခွင့်တွေကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ဆိုင်မှာ ထိုင်စားခွင့်တွေ လက်ရှိအချိန်မှာ ပိတ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် စားသောက်ဆိုင်တောတော်များများဟာ ပါဆယ်စနစ်သို့မဟုတ် delivery တွေနဲ့သာပဲ ဝန်ဆောင်မှုပေးနေကြရပါတယ်။

[email protected] Arakawa

ဆိုင်မပိတ်ဘဲ ရောင်းနေရသေးတယ်လို့ ဆိုပေမယ့်လို့ အရင်ကလောက်တော့ သိပ်မရောင်းရပါဘူး။ ဒါပေမဲ့ Auckland မြို့က ဘာဂါဆိုင်တစ်ဆိုင်ရဲ့ အခြေအနေကတော့ ဆိုင်ထိုင်စားခွင့်ပိတ်ထားတာတောင် လူတွေ ကြိတ်ကြိတ်တိုးတန်းစီနေကြပါတယ်။ Buger Fuel အတွက်တော့ ရောင်းကောင်းတာဟာ ဝမ်းသာစရာဖြစ်ပေမယ့်လို့ ဒေသခံတွေကတော့ ပါဆယ်ဝယ်တာတောင် ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ကြီးကြောင့် စိုးရိမ်နေကြပြီး ရဲတွေပါ အခြေအနေကို ၀င်ရောက် ထိန်းသိမ်းပေးခဲ့ရပါတယ်။

Just walk passed this!!!This shit was insane!!How come people standing closer than social distance that we still have…

Posted by Dan Arakawa on Tuesday, April 28, 2020

ဘာဂါဆိုင်ရှေ့ လူအုပ်ကြီးရဲ့ပုံကိုတော့Richard Hills ဆိုတဲ့ အမျိုးသားကနေ သူ့ Twitter account မှ အခုလိုပဲ တင်ခဲ့ပါတယ်။

ဘာဂါဆိုင်ဖက်မှာတော့ အခုလို လူအုပ်ကြီးအတွက် သူတို့ဖက်မှ သန့်ရှင်းသပ်ရပ်မှုတွေ၊ လူမများအောင် ဆိုင်ရှေ့လာယူမယ့် အွန်လိုင်းအော်ဒါတွေကို ကန့်သတ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် ၂ မီတာအကွာကနေ တန်းစီမယ်ဆိုတဲ့ စည်းကမ်းချက်တွေကို ထုတ်ထားခဲ့တယ်လို့ ပြောထားခဲ့ပါတယ်။

READ
လိင်တူချစ်သူကို ၂၆နှစ်ကြာတွဲခဲ့တဲ့ အသက်(၁၈၆)နှစ်အရွယ်လိပ်ကြီး

Pyi Hein Kyaw

SHARE