Jack Black ရဲ့အကဗီဒီယိုဖိုင်ကြောင့် အသားလွတ် လူမုန်းခံနေရရှာတဲ့ Chris Pratt

[email protected] prattprattpratt [email protected] jackblack

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး ဟာသမင်းသားကြီး Jack Black ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ School of Rock, Jukmanji, Gulliver’s Travels, The Big Year အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့ လူသိများခဲ့တဲ့ Jack ဟာ ရုပ်ရှင်သရုပ်ဆောင် အနုပညာမှာ ပီပြင်လွန်းရုံသာမက တစ်ကယ့်ကို သဘာဝကျလွန်းတဲ့ ဟာသမင်းသားကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း မင်းသားကြီး Jack Black ဟာ COVID 19 ကာလအတွင်း သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ မကြာခဏ အကဗီဒီယိုဖိုင်တွေတင်ပြီး ပရိသတ်တွေကို ဖျော်ဖြေလေ့ ရှိပါတယ်။ အခုလည်း မကြာသေးခင်က Jack Black တင်ခဲ့တဲ့ အကဗီဒီယိုဖိုင်တစ်ခုကြောင့် Hollywood မင်သားတစ်ဦးဖြစ်တဲ့ Chris Pratt ခမျာ မဆီမဆိုင် လူမုန်းခံနေရရှာကြောင်း 1035kissfm.iheart သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အပေါ်မှာ တွေ့ရတဲ့ ဗီဒီယိုဖိုင်ကတော့ Jack Black တစ်ယောက် မကြာသေးခင်အချိန်ကမှ သူ့ရဲ့ twitter အကောင့်မှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ Jack ဟာ Spiderman ဝတ်စုံကြီးဝတ်ပြီး Cardi Bရဲ့ WAP သီချင်းထဲကအတိုင်း လှုပ်ပြီး ကနေတာပါပဲ။ Jack ရဲ့ အကဟာ တော်တော်လေးကို ကြည့်လို့ကောင်းပြီး ကြည့်တိုင်းလူတိုင်း အကြိုက်တွေ့စေတဲ့ ဗီဒီယိုတစ်ခုဆိုလည်း မမှားပါဘူး။ အောက်မှာတွေ့ရတဲ့ ဗီဒီယိုကလည်း ဒီဗီဒီယိုမတိုင်ခင် Jack တစ်ယောက် သူ့ရဲ့ အိမ်နောက်ဖေးမှာ ကနေတဲ့ ဗီဒီယိုဖိုင်တစ်ခု ဖြစ်ပါတယ်။

READ
MV နဲ့ ပတ်သက်ပြီး ယုန်လေးအပါအ၀င် အနုပညာရှင်တစ်ချို့ ပြန်တောင်းပန်

 

 

View this post on Instagram

 

A post shared by Jack Black (@jackblack)

ဒီဗီဒီယိုနှစ်ခုကို လူတော်တော်များများက ကြည်ပြီးတဲ့ အချိန်မှာတော့ Marvel က စူပါဟီးရိုးတစ်ယောက်ကို မျက်လုံးထဲ မြင်ယောင်ပြီး အဆိုပါ စူပါဟီးရိုးရဲ့ ကပုံကို ဝေဖန်ခဲ့ပါတယ်။ အဲဒီလူကတော့ Gurdians Of The Galaxy ဇာတ်ကားထဲက Star Lord အဖြစ် သရုပ်ဆောင်တဲ့ Chris Pratt ပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Gurdians Of The Galaxy ဇာတ်လမ်းအစမှာ Chris Pratt တစ်ယောက် Power Stone ကို သွားခိုးစဉ်အခါတုန်းက အဲဒီသွားတဲ့လမ်းမှာ သီချင်းနားထောင်ပြီး ကခုန်နေတဲ့ ဇာတ်ဝင်ခန်းကို တော်တော်များများ မှတ်မိကြအုန်းမှာပါ။ အဲဒီလို ကတဲ့ ပုံကို လူတော်တော်များများက Jack Black ရဲ့ ကတဲ့ ပုံနဲ့ နှိုင်းယှဉ်ခဲ့ပြီး Chris Pratt ကို ဝေဖန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို လူတော်တော်များများက Jack Black ဟာ Chris Pratt လုပ်သမျှ လိုက်လုပ်နိုင်ပေမယ့် Chris Pratt ကတော့ Jack Black ကို လုံးဝမမှီကြောင်း Twitter ပေါ်မှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။

READ
အထင်လွဲနေကြတဲ့ ပရိသတ်ကြီးကို ပြန်လည်ဖြေရှင်းလိုက်တဲ့ နေမင်း

Pyi Hein Kyaw

SHARE