
ဂျပန်နိုင်ငံမှာတော့ Cosplayer လို့ပြောရင် မသိတဲ့သူ တော်တော်ရှားပါတယ်။ Cosplayerဆိုတကတော့ ကာတွန်းကားတွေထဲက ဇာတ်ကောင်တွေကို ပြင်ပလောကမှ တကယ့်သက်ရှိလူသားတွေက အဲဒီဇာတ်ကောင်တွေနဲ့ တထပ်တည်းနီးပါး ပြင်ဆင်သရုပ်ဆောင်တဲ့သူတွေကို ပြောတာပါ။ ဂျပန်နိုင်ငံမှာဆိုရင်တော့ Enako လို့ အမည်ရတဲ့ Cosplayer ကောင်မလေးကို မသိတဲ့လူ မရှိသလောက်ပါပဲ။ အခုလည်း မကြာသေးခင်အချိန်က Enako ရဲ့ သူ့ရဲ့ တစ်နှစ်တာဝင်ငွေစာရင်းနဲ့ ပတ်သတ်ပြီး သူမရဲ့ Twitter ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။ Enako ရဲ့ ဝင်ငွေကို သိလိုက်ချိန်မှတော့ လူတော်တော်များများ Enako ရဲ့ ပို့စ်အောက်မှာ ဒေါသတကြီး ဝေဖန်ပြောကြားခဲ့ကြကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Enako လို့ပြောလိုက်တာနဲ့ otaku တွေနဲ့ anime ချစ်သူတွေ၊ cosplay လောကသာတွေကတော့ ဂျပန်နိုင်ငံရဲ့နံပါတ် (၁) cosplayer မလေးဆိုပြီး တန်းသိကြမှာပါ။အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Enako ဟာ Cosplayer တစ်ယောက်ဖြစ်ရုံသာမကပဲ အဆိုတော်၊သရုပ်ဆောင်မင်းသမီးအဖြစ်လဲ ဂျပန်နိုင်ငံမှာ လူသိများလှပါတယ်။ Enako ဟာ Cosplayer လောကမှနာမည်ကြီးရုံသာမက ဂျပန်နိုင်ငံရဲ့ Influencer တစ်ယောက်လဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ်အတွင်းမှာလည်း ဂျပန်အစိုးအရအသိုင်းအဝိုင်းကိုယ်တိုင်က Enako ကို ဂျပန်နိုင်ငံရဲ့ အနုပညာပြန့်ပွားရေးကို ဆောင်ရွက်ပေးရမယ့် သံတမန်တစ်ယောက်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
よきゅーんさん(事務所の社長)と今年の反省会をやっていて
今年の年収見たら5000万円超えてたー!*\(^o^)/*— えなこ (@enako_cos) December 27, 2020
အခုလည်း Enako ကိုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က သူမရဲ့ တစ်နှစ်တာ ဝင်ငွေစာရင်းကို သူမရဲ့ ပရိသတ်တွေဝမ်းသာနိုင်အောင်လို့ သူမရဲ့ Twitter အကောင့်မှာ ပို့စ်တင်ခဲ့ပါတယ်။ Enako ရဲ့ ၂၀၂၀ ခုနှစ်အတွက် ဝင်ငွေကတော့ ယန်းငွေ သန်း ၅၀(အမေရိကန်ဒေါ်လာ ၄၈၂,၀၀၀)ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများဟာ Enako အနေနဲ့ ဒီလို COVID 19 ကာလကြီးမှာ သူမအနေနဲ့ ဘယ်လောက်ဝင်ငွေကောင်းတယ်ဆိုတာကို တမင်သက်သက် ကြွားနေတာလို့ ထင်ခဲ့ကြပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တစ်ချို့လည်း သူမဟာ ရုပ်ရှင်မင်းသမီး အစစ်မဟုတ်ပဲ cosplayer တစ်ယောက်သာ ဖြစ်တာကြောင့် ဒီလိုမျိုး ဝင်ငွေကို ထုတ်မပြောသင့်ကြောင်း၊ တစ်ချို့ကတော့ Enako ဟာ ဂျပန်ပြည်သူတွေ COVID 19 ကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ တမင်သက်သက် ပြည်သူတွေကို စိတ်ဒုက္ခရောက်အောင် လုပ်နေတာဖြစ်ကြောင်း အစရှိသဖြင့် စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
View this post on Instagram
Pyi Hein Kyaw