ဆံပင်ညှပ်ဖို့အတွက် ညလုံးပေါက်တန်းစီခဲ့တဲ့ နယူးဇီလန် နိုင်ငံသားများ

[email protected] Barber Shop Company

COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မှာ လူတော်တော်များများ အိမ်မှာပဲ နေနေခဲ့ရသလို လုပ်စရာရှိတဲ့ အလုပ်တွေကိုလည်း Work from home ခဲ့ရတာ ၂ လထက် မနည်းတော့ပါဘူး။ အခုလည်း နယူးဇီလန်နိုင်ငံမှာ Lockdown စည်းမျဉ်းတွေကို Level 2 အထိ လျှော့ချလိုက်တဲ့အချိန်မှာ ကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေ၊ ကောဖီဆိုင်တွေ အစရှိတဲ့ ဆိုင်ပေါင်းများစွာကို ပြန်လည်ဖွင့်ဖို့ အစိုးရက အမိန့်ချမှတ်ခဲ့ကြောင်း Otago Daily Times သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Herald

New Zealand နိုင်ငံရှိ လူတိုင်းနီးပါးလုပ်ငန်းခွင်ကို ပြန်ဝင်ရတော့မယ့်အချိန်ကြောင့် ၂ လနီးပါးလောက် ရှည်နေတဲ့ ဆံပင်တွေကို ညှပ်ပစ်ဖို့ ဆံပင်ညှပ်ဆိုင်တွေမှာ တန်းစီခဲ့ရတာ လူတန်းရှည်ကြီးတွေ ဖြစ်နေကြောင်း သိရပါတယ်။ Auckland မြို့မှာဆိုရင်တောင် ဆံပင်ညှပ်ဆိုင်တွေဟာ ဆိုင်ပိတ်ချိန်ကို မနက် ၃ နာရီအထိတိုးမြှင့်ဖွင့်ပေးခဲ့ရကြောင်း သိရပါတယ်။

Posted by Barber Shop Company on Wednesday, May 13, 2020

ဆံပင်လာညှပ်တဲ့သူတော်တော်များများဟာလည်း မကြာခင် လုပ်ငန်းခွင်တွေထဲကို ပြန်ဝင်ရတော့မှာကြောင့်  အလွန်စိတ်လှုပ်ရှားနေရကြောင်း သိရပါတယ်။ အိမ်ကနေအလုပ်လုပ်တယ်ဆိုတာ အချိန်ကြာလာရင်တော့ မကောင်းပါဘူး။ အစပိုင်းမှာတော့ အိမ်မှာ ဇိမ်နဲ့ အလုပ်လုပ်ရတာ အဆင်ပြေမယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းအချိန်ကြာလာတာနဲ့အမျှ အိမ်မှာ နေရတာ တော်တော် ပျင်းရိဖို့ ကောင်းလာပါတယ်။ အခုအချိန်မှာတော့ အချိန်အတိုင်းအတာတစ်ခုအထိ ခြောက်သွေ့ခဲ့တဲ့ New Zealand နိုင်ငံရဲ့ လမ်းမတွေဟာ မကြာခင်အချိန်အတွင်းမှာ အရင်လို စည်ကားလာတော့မှာပဲ ဖြစ်ပါတယ်။

Posted by Barber Shop Company on Wednesday, May 13, 2020

“ ဒီအချိန် လူတိုင်းနီးပါး အလုပ်ပြန်ဝင်ရတော့မယ်ဆိုတော့ တော်တော်များများက စိတ်လှုပ်ရှားနေကြပါတယ်။ ဒီလိုအလုပ်ပြန်ဖွင့်တဲ့ ပထမအပတ်နဲ့ ဒုတိယအပတ်မှာ လူတိုင်းနီးပါး အရင်ကထက် အဆပေါင်းများစွာ အလုပ်တော်တော်ရှုပ်ကြမှာပါ။ အဲဒါကို နားလည်ဖို့တော့ လိုပါတယ်။ အချိန်အတိုင်းအတာတစ်ခုထိ လုပ်ငန်းနဲ့ အဆက်အသွယ်ပြတ်သွားကြတာမို့ အလုပ်ပြန်ဖွင့်တဲ့အချိန် ၂ ပတ်လောက်ကို ဝန်ထမ်းတွေ တောင့်ခံနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ New Zealand နိုင်ငံ အခြေစိုက် Briscoes Group ရဲ့ မန်နေးဂျင်းဒါရိုက်တာ Rod Duke က ပြောကြားခဲ့ပါတယ်။

Posted by Barber Shop Company on Wednesday, May 13, 2020

Pyi Hein Kyaw

SHARE