သင်္ချိုင်းထဲ လာတဲ့လူတိုင်း တုတ်ချောင်းလေးတွေ တင်သွားလေ့ရှိတဲ့ ခွေးလေးရဲ့အုတ်ဂူ

[email protected] [email protected] Green-Wood Cemetery

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်သလို လူတွေအပေါ်မှာ သံယောဇဉ်အရှိဆုံးနဲ့ အခင်တွယ်တတ်ဆုံး တိရစ္ဆာန်လေးတွေပါ။ လူတွေနဲ့ အမြဲလိုလို လက်ပွန်းတတီး နေနေတတ်ပြီး လူတွေပြောသမျှ၊ ခိုင်းသမျှကို နာခံလေ့ရှိတဲ့ တိရစ္ဆာန်လေးတွေဆိုလည်း မမှားပါဘူး။ အခုပြောပြချင်တဲ့ ခွေးကလေးတစ်ကောင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ခွေးကလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါခွေးကလေးရဲ့ အုတ်ဂူကို သင်္ချိုင်းလာတဲ့လူ မှန်သမျှကို တုတ်ချောင်းလေးတွေ တင်တင်သွားတတ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ ခွေးကလေးနာမည်ကတော့ Rex ဖြစ်ပြီး သူ့ရဲ့ အုတ်ဂူကတော့ အမေရိကန်နိုင်ငံ၊ Brooklyn မြို့ရှိ Green-Wood သင်္ချိုင်းမှာ တည်ရှိပါတယ်။ ကျိန်းသေတာတစ်ခုကတော့ အဆိုပါ အုတ်ဂူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး Rex ရဲ့ ပိုင်ရှင်ကလည်း Rex ကို တော်တော်ချစ်ဟန်တူပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင် တော်တော်များများဟာ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေးကလေးတွေ၊ ကြောင်ကလေးတွေ သေသွားရင် ဒီအတိုင်းမြေမြုပ်လေ့ ရှိတာပေမယ့် Rex ရဲ့ ပိုင်ရှင်ကတော့ သူချစ်တဲ့ Rex အတွက် နောက်ဆုံး နားခိုစရာ နေရာလေးကို ကျကျနန ဖန်တီးပေးသွားခဲ့တာပါ။

ဒါ့အပြင် Rex အုတ်ဂူတည်ရှိတဲ့ Green-Wood သင်္ချိုင်းဟာ နာမည်ကြီး သင်္ချိုင်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ Leonard Bernstein, Charles Ebbets, Jean-Michel Basquiat တို့လို လူပုဂ္ဂိုလ်တွေကို မြုပ်နှံထားတဲ့ သင်္ချိုင်းတစ်ခု ဖြစ်နေလို့ပါပဲ။ ဒီလိုမျိုး အနုပညာရှင်တွေနဲ့ အခြားလူတွေရဲ့ အုတ်ဂူကြားထဲမှာ Rex ရဲ့ အုတ်ဂူလေးတစ်ခုက ထီးထီးကြီး တည်ရှိနေတာ ဖြစ်ပါတယ်။

READ
မြောက်ကိုရီးယားစစ်သမီးတွေ ကြုံနေရတဲ့ ငရဲခန်းလို ဘ၀အကြောင်းကို ဝေမျှခဲ့သူ

 

“ကျွန်တော်တို့ ဒီသင်္ချိုင်းစရောက်ကတည်းက Rex ရဲ့ အုတ်ဂူက ရှိနေခဲ့တာပါ။ အရှေ့က လူတွေ ပြောပုံအရဆိုရင်တော့ Rex ရဲ့ အုတ်ဂူဟာ နှစ်ပေါင်း ၁၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။ Rex ရဲ့ အုတ်ဂူအရှေ့မှာ သစ်ကိုင်းခြောက်လေးတွေ ရှိနေတာကလည်း ဒီသင်္ချိုင်းကို အလည်လာတဲ့လူတွေက Rex ကို ဂုဏ်ပြုသောအားဖြင့် သစ်ကိုင်းခြောက်လေးတွေ ချသွားကြတာပါ။ Rex နဲ့ ပတ်သတ်ပြီး ဘာမှမသိရပေမယ့် သူ့ရဲ့ သခင်က သူ့ကို တော်တော်လေးချစ်ခဲ့မှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး ခွေးကလေးတစ်ကောင်အတွက် အုတ်ဂူကို သေသေချာချာ လုပ်ပေးဖို့ဆိုတာ မလွယ်ကူပါဘူး”လို့ Green-Wood သင်္ချိုင်းရဲ့ တာဝန်ခံတစ်ဦးဖြစ်သူ Stacy Locke က ပြောကြားခဲ့ပါတယ်။

READ
အေးအေးဆေးဆေးလမ်းလျှောက်နေတုန်း ကံဆိုးသွားတဲ့ မိန်းကလေး
[email protected]The Green-Wood Cemetery

Pyi Hein Kyaw

SHARE