ဆံပင်များလွန်းလို့ ဆံပင်တုစွပ်ထားသလားတောင် အမှတ်မှားရတဲ့ ဘေဘီလေး

Facebook/Alessandra McCurry

အင်္ဂလန်နိုင်ငံ ဂလက်စကိုမြို့မှာ ကလေးမလေးတစ်ယောက်ဟာ ချစ်စရာမျက်နှာလေးရှိတဲ့အပြင် ဆံပင်သန်လွန်းလို့ အွန်လိုင်းပေါ် ပေါ်ပြူလာဖြစ်နေတာကို ladbible သတင်းမှာ တွေ့လိုက်ရပါတယ်။ ကောင်မလေးဟာ ဆံပင်တွေသိပ်များလွန်းလို့ သူစိမ်းတွေက မြင်ရင် ကလေးကို ဆံပင်တုစွတ်ပေးထားသလားလို့တောင် မေးယူလေ့ရှိတယ်လို့လည်း သိရပါတယ်။

Facebook/Alessandra McCurry

ကလေးရဲ့မိခင်ကတော့ အသက် (၃၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလက်ဇန်းဒရားမက်က်ကာရီ ဖြစ်ပါတယ်။ အလက်ဇန်းဒရားကတော့ သမီးကလေးက အရမ်းလှလွန်းလို့ မိခင်ပီပီ သိပ်ကြည်နူးရတယ်လို့ ဆိုပါတယ်။ အထူးခြားဆုံးကတော့ ကလေးရဲ့ကြည်လင်တောက်ပနေတဲ့အပြာရောင် မျက်လုံးတွေနဲ့ ဆံပင်အုပ်အုပ်ကြီးပါလဲလို့ သူမက ပြောပါတယ်။

ချစ်စရာကလေးမလေးနာမည်က မာရစ်ဆာ ဖြစ်ပါတယ်။ မာရစ်ဆာကို မွေးစအချိန်တုန်းကနဲ့ ပတ်သက်လို့ အလက်ဇန်းဒရားက ခုလို ပြောပြခဲ့ပါတယ်။ “ကျွန်မ သမီးကို မွေးစကလေးတွေထားတဲ့ အခန်းထဲက ခေါ်ထုတ်လာတော့ အခန်းထဲမှာရှိတဲ့ လူတိုင်းက အံ့သြသွားကြတယ်။ ကျွန်မကတော့ သမီးလေးက မျက်လုံးလှတော့ မျက်လုံးကြောင့် လူတွေအံ့သြတယ်ပဲ ထင်နေတာ။ ဘယ်ဟုတ်မလဲ။ လတ်စသတ်တော့ သမီးရဲ့ဆံပင်ကြီးကို ကြည့်ပြီး အံ့သြနေကြတာ။ ဆံပင်ထူထူ အုပ်အုပ်ကြီးဆိုတော့ လူတွေက အရမ်းစိတ်ဝင်စားကြတာပေါ့…”

READ
မသန်စွမ်းအမျိုးသမီးကို နှိပ်စက်ထားပြီး ကိုယ်တိုင်ပြန်ခံရမှာ ထိတ်လန့်နေတဲ့ လူငယ်များ
Facebook/Alessandra McCurry

အလက်ဇန်းဒရားဟာ မာရစ်ဆာလေးကို ခေါင်းလျှော်ပေးပြီးတဲ့အခါတိုင်းလည်း သူမရဲ့ဆံပင်တွေခြောက်အောင် ဆံပင်အခြောက်ခံစက်နဲ့ မှုတ်ပေးတတ်ပါတယ်။ ဒီလိုအခါမျိုးမှာဆိုရင် မာရစ်ဆာက အရမ်းသဘောကျတယ်လို့လည်း သူမက ဆိုပါတယ်။

Facebook/Alessandra McCurry

အခုဆိုရင်တော့ မာရစ်ဆာလေးက အသက်(၁) နှစ်နီးနီး ရှိနေပါပြီ။ မွေးစကတည်းက ဆံပင်သန်တဲ့ မာရစ်ဆာလေးဟာ အခုအချိန်ထိလည်း သူမရဲ့ဆံပင်တွေက နက်မှောင်ပြီး ဆက်လက်သန်စွမ်းနေဆဲ ဖြစ်ပါတယ်။ မာရစ်ဆာလေးကို အပြင်ခေါ်သွားတဲ့အခါမှာတော့ တွေ့တဲ့သူတိုင်းက မာရစ်ဆာရဲ့ ဆံပင်ဟာ တကယ်အစစ်ဟုတ် မဟုတ်ဆိုတာကို မေးမြန်းကြကြောင်းနဲ့ သူစိမ်းတော်တော်များများက လူကြီးတစ်ယောက်ရဲ့ဆံပင်နဲ့တူတယ်ဆိုပြီးတော့ မှတ်ချက်ပေးသွားကြကြောင်းလည်း အလက်ဇန်းဒရားက ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE