Spider-Man ကိစ္စကြောင့် Sonyနဲ့MCUကိုတင်းပြီး Twitterမှာသောင်းကျန်းနေကြသူများ

@PO5IT1VE/Twitter, Spider-Man Far From Home

Tom Holland ကို Spider-Man အဖြစ်ထပ်တွေ့ရဖို့ မသေချာတော့ဘူးဆိုတဲ့သတင်းဟာ လက်တလောတော်တော်လေးကို ဟော့ဖြစ်နေပါတယ်။ Spider-Man ဇာတ်ကောင်ဟာ Marvel comic ဇာတ်ကောင်ဖြစ်ပေမယ့်လို့ အရင်တုန်းကရုပ်ရှင်ရိုက်ကူးဖို့ မူပိုင်ခွင့်ကို Sony ဆီ ရောင်းစားလိုက်ပြီးကာမှ ၂၀၁၅ ခုနှစ်တုန်းကပြန်ပြီး Tom Holland ရဲ့ Spider-Man ဇာတ်ကောင်ကို အတူတူဖန်တီးမယ်ဆိုပြီး ပြန်လည်ပေါင်းစည်းခဲ့ကြတာဖြစ်ပါတယ်။ ဝင်ငွေရဲ့ ၅% ကိုသာ MCU ဖက်ကရမှာဖြစ်ပြီး ကျန်တဲ့ ဝင်ငွေအကုန်လုံးကတော့ Sony က ယူပေါ့။

ဒါပေမဲ့ Marvel ရဲ့ ခေါင်းကိုင်ဖခင် Kevin Feige က နောက်ထွက်မယ့် Spider-Man ရုပ်ရှင်တွေမှာ Sony နဲ့ Marvel နဲ့ ဝင်ငွေတွေကို တစ်ယောက်တစ်ဝက်ခွဲယူမယ်လို့ ညှိနှိုင်းကြရာ အဆင်မပြေဖြစ်ကာ ခွာပြဲခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဒီမှာနှိပ်ပြီး ဖတ်နိုင်ပါတယ်။ ဒီလိုခွာပြဲကြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Twitter ပေါ်က လူတစ်စုကတော့ ပုံတွေတင်ကာ အရမ်းကိုသောင်းကျန်းနေကြပါပြီ။

READ
(၁၂၄)နှစ်ကြာမှ ပင်လယ်ရေအောက်ကပြန်တွေ့ရတဲ့ အဖိုးတန် ရှေးဟောင်းပန်းချီကား (၁၀)ချပ်

သူပြောတဲ့အတိုင်းပါပဲ..

@rad_rich05/Twitter

ငိုတောင်ငိုချင်သွားပြီ

 

ဒီတစ်ခါ “I don’t wanna go..” ကတော့ MCU ဖခင်ကြီး Kevin Feige ကို ပြောရတော့မှာပေါ့နော်.. 🙁

 

အစ်ကိုတွေ၊ အစ်မတွေဆီကနေ ဆွဲအခေါ်ခံသွားရတဲ့ စပိုင်ဒီလေး 😭

@dorucaptain/Twitter

Sony နဲ့ Disney ရဲ့ MCU ကြား မြေစာပင်ဖြစ်နေရှာတဲ့ Spider-Man လေး

READ
မင်္ဂလာလက်ဖွဲ့ထဲမှာ ထည့်သွင်းထားတဲ့ဗုံး ပေါက်ကွဲလို့ သတို့သားနဲ့ အဖွားဖြစ်သူသေဆုံး
@theaishmeistar/Twitter

Disney အနေနဲ့ လုပ်သင့်တာက Marvel တို့ Star Wars တို့ကို ဝယ်ယူသိမ်းသွင်းခဲ့သလို Sony ကိုလည်း ဝယ်ပစ်လိုက်ဖို့ပါပဲတဲ့.. မဖြစ်နိုင်ပေမယ့်လည်း..

 

စိတ်မပူပါနဲ့ Tom Holland လေးက Night Monkey ဆိုတဲ့ superhero ဇာတ်ကောင်အနေနဲ့လည်း MCU က ရိုက်လို့ရပါတယ်တဲ့။ နောက်ဆုံးထွက်ခဲ့တဲ့ Far From Home ရုပ်ရှင်ထဲကို ကြည့်ဖူးရင် Night Monkey က ဘယ်သူလဲ သိမှာပေါ့။

@BennyBoo0009/Twitter
@salty_nerd/Twitter

Penny

SHARE