တစ်ချို့က မကောင်းဆိုးဝါး၊ တစ်ချို့က ကာယနတ်ဘုရားမဆိုပြီး ပြောနေကြတဲ့ ကာယအလှမယ်

Bakhar Nabieva/Instagram

Bakhar Nabieva ဆိုတဲ့ ကာယအလှမယ်ဟာ ‘Miss Iron Bum’ ဆိုတဲ့ နာမည်ပြောင်နဲ့ နာမည်ကြီးနေတဲ့ သူတစ်ယောက်ပါ။ သူမရဲ့ လေ့ကျင့်ခန်းလုပ်ပုံတွေ၊ ကြွက်သားတွေနဲ့ ထူးခြားတဲ့ မျက်ဝန်းတွေကြောင့်နဲ့ အားလုံးရဲ့ စိတ်အာရုံတွေကို ဖမ်းစားနိုင်ခဲ့တယ်။

@bakharnabieva/instagram

ကာယ အလုပြမော်ဒယ်ဟာ တောင့်တင်ကျစ်လစ်တဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အနက်ရောင် မျက်ဝန်းဝိုင်းစက်စက်ကြီးတွေကြောင့် ဂြိုလ်သားနဲ့တောင် နှိုင်းယှဉ်ပြောဆိုတာတွေရှိပါတယ်။ တခြားကမ္ဘာကလာတာလား၊ သူရဲ၊ တစ္ဆေလား စတဲ့ အမေးတွေလည်း ရှိပါတယ်။

@bakharnabieva/instagram

ဒါပေမယ့် ဒီ လေ့ကျင့်ခန်တွေအပေါ် ထားရှိတဲ့ စိတ်ခိုင်မာသူ (၂၂) နှစ်အရွယ် မိန်းကလေးက ဘယ်သူအားပေးပေး မပေးပေး၊ တစ်ယောက်တည်းဖြစ်နေလည်း ဖြစ်အောင် လုပ်မှာဖြစ်ကြောင်း၊ သူရဲ့ ရည်ရွယ်ချက်တွေက ဘယ်သူ့အတွက်မှ ရပ်တန့်မှာ မဟုတ်ကြောင်းပြောဆိုပါတယ်။

 

 

View this post on Instagram

 

Play hard work hard

A post shared by Бахар Набиева (@bakharnabieva) on

ဘယ်လိုပဲပြောကြ ပြောကြ သူမရဲ့ ကာယအလှ ဓာတ်ပုံတွေ၊ လေ့ကျင့်ခန်းဗီဒီယိုတွေက စိတ်ဝင်စားမှုတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး ပရိသတ်အခိုင်အမာပါရှိလာခဲ့တယ်။ သူမက Azerbaijan နိုင်ငံသူတစ်ယောက်ဖြစ်တယ်။ အင်စတာဂရမ်မှာဆို Gym မှာ လေ့ကျင့်ခန်းလုပ်ပုံတွေ၊ ဗီဒီယိုတွေက များသောအားဖြင့် အရှေ့ကနေ လုပ်ပြတဲ့ ပုံတွေဖြစ်ပြီး၊ သူမရဲ့ ပိုစ့်တွေကတော့ နောက်ကနေမြင်ရပုံတွေဖြစ်တယ်။

READ
ပြိုင်ပွဲမှာအနိုင်ရလို့ ဆုအဖြစ် ဇိမ်ခံဟိုတယ်တွေမှာလှည့်လည်တည်းခိုခွင့်ရခဲ့တဲ့ စုံတွဲ
@bakharnabieva/instagram

ဒီလို ထူးခြားတဲ့ ရှုထောင့်တွေနဲ့ တင်ဆက်တာကြောင့် အချိန်တိုလေးတွင်းမှာ စိတ်ဝင်စားတဲ့ သူတွေအများကြီးကို ရရှိခဲ့တယ်။ အခုဆိုသူမရဲ့ အကောင့်မှာ အားပေးတဲ့သူ (၂) သန်းကျော်ရှိနေပြီဖြစ်တယ်။ သူမရဲ့ ပေါင်တံ အလှကို အားကျတဲ့ သူတွေအများကြီး ရှိတယ်လို့ သိရတယ်။

ပရိသတ်တစ်ချို့က သူမကို Miss Iron Bum လို့ ခေါ်ကြပြီး တစ်ချို့ကတော့ Goddess ဆိုပြီး တင်စားနေကြပါတယ်။ လက်ရှိမှာ Bakhar ဟာ ယူကရိန်းနိုင်ငံ အနောက်ပိုင်းက Dnipropetrovsk Oblast မှာ နေထိုင်လျက်ရှိပါတယ်။

@bakharnabieva/instagram

သူမဟာ ငယ်ငယ်က ပိန်တဲ့ ကလေးတစ်ယောက်ဖြစ် သေးသွယ်တဲ့ ခြေတံတွေရှိခဲ့ပါတယ်။ လူတွေရဲ့ အကြည့်တွေကို မခံနိုင်တဲ့အချိန်မှာတော့ ပြောင်းလဲဖို့ကို ဆုံးဖြတ်ခဲ့တယ်လို့ သိရတယ်။ ဘာကို ပြန်လှည့်မကြည့်ဘဲ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ကို တာဝန်တစ်ရပ်လို ချမှတ်ခဲ့တယ်လို့ ပြောပြပါတယ်။

READ
တင်ပါးခွဲစိတ်မှု ခံယူထားလို့ (6)ပတ်ခန့် ထိုင်နိုင်မှာမဟုတ်ဖူးဆိုတဲ့မော်ဒယ်
@bakharnabieva/instagram

“လေ့ကျင်ခန်းတွေ ပုံမှန်လုပ်ပြီး တစ်ရက် အိပ်ယာကနိုးလာတဲ့အချိန်မှာ ကြွက်သားတစ်ချို့ရှိနေတာကို တွေ့လိုက်ရတယ်၊ ဒီလို ရလဒ်ကိုတွေ့ပြီးသွားတဲ့ အချိန်မှာ ဘာကမှ တားဆီးလို့မရတော့ဘူး” လို့ သူမကပြောပါတယ်။

အင်စတာဂရမ်မှာ ပရိသတ်တွေအများကြီး ရှိရုံသာမက လက်ရှိ YouTube မှာလည်း အားပေးတဲ့သူ (၁၆၀၀၀) အထိရှိနေပါပြီ။ ပြည်တွင်းမီဒီယာတွေကတော့ သူမက ကာယနတ်မိမယ်လို သမုတ်ကြနေတယ်လို့ ဖော်ပြလိုက်ရပါတယ်။

Matthew (ShweMOM)

Source: Mirror , DailyMail

SHARE