အစိုးရအမိန့်ကို မျက်နှာပြောင်တိုက်ပြီး လက်တစ်လုံးခြား လုပ်ခဲ့ကြတဲ့ စပိန်နိုင်ငံသားများ

[email protected]

လက်ရှိအချိန် ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါဟာ တရိပ်ရိပ်နဲ့ တိုးမြင့်လာတာနဲ့အမျှ လူတွေဟာ အိမ်ထဲမှာပဲ နေနေရတာကို တော်တော် ငြီးငွေ့နေကြပါပြီ။ စပိန်နိုင်ငံဟာလည်း ကမ္ဘာပေါ်မှာ COVID 19 ရောဂါအဖြစ်များဆုံးနိုင်ငံအဖြစ် တတိယနေရာမှာ ရှိနေပါတယ်။ COVID 19 ရောဂါကူးစက်ခံရသူဟာ စပိန်နိုင်ငံမှာ ၂ သိန်းကျော်ရှိပြီး သေဆုံးသူတွေဟာလည်း ၂၃,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် စပိန်အစိုးရဟာ COVID 19 ရောဂါစဖြစ်ကတည်းက နိုင်ငံအတွင်း အပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ထားတာ တော်တော်ကြာပါပြီ။

Google

ဒါပေမယ့်လည်း သိပ်မကြာခင်အချိန်က ပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် အိမ်မွေးတိရစ္ဆာန်တွေကို အပြင်ထွက်ကျောင်းခွင့်ပြုခဲ့သော်လည်း အိမ်မွေးတိရစ္ဆာန်မရှိတဲ့သူတွေကိုတော့ အပြင်ထွက်ခွင့်မပေးခဲ့ပါဘူး။ ဒါ့ကြောင့် စပိန်နိုင်ငံသားတစ်ချို့ဟာ အစိုးရရဲ့ အပြင်မထွက်ရအမိန့်ကို လက်တစ်လုံးခြားလုပ်ပြီး လှည့်စားခဲ့ကြကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ဒီပုံမှာတွေ့တာကတော့ အမျိုးသားတစ်ယောက်ကို ရဲတွေက အပြင်မှာတွေ့လို့ စစ်ဆေးနောပဲ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ အဆိုပါအမျိုးသားဟာ အပြင်မထွက်ရအမိန့်ကို ဖီဆန်ပြီး အပြင်ထွက်ခဲ့လို့ပဲ ဖြစ်ပါတယ်။ အစိုးရက အိမ်မွေးတိရစ္ဆာန်တွေကို အပြင်ခေါ်ပြီး ထိန်းကျောင်းဖို့ ထုတ်ထားတဲ့အမိန့်အပေါ်မှာ အဲဒီအမျိုးသားက အခွင့်ကောင်းယူပြီး အိမ်မှာမွေးထားတဲ့ အလှမွေးငါးဖန်အိုးကို ကိုင်ပြီး လျှောက်သွားနေတာပဲ ဖြစ်ပါတယ်။ ရဲတွေကတော့ တော်တော်အကျပ်ရိုက်နေတဲ့ပုံပါပဲ။

READ
ဒီခေတ်ကြီးမှာ ဘာကိုမှ ယုံလို့မရတော့ကြောင်း သာဓကပြနေတဲ့ ဓာတ်ပုံများ

 

ဒီဗီဒီယိုမှာလည်း တွေ့ရတဲ့အတိုင်း အမျိုးသားတစ်ယောက်ဟာ ကြက်တစ်ကောင်ကို ကြိုးချည်ပြီး လျှောက်သွားနေတာပဲ ဖြစ်ပါတယ်။

 

ဒီဗီဒီယိုထဲကတစ်ယောက်ကတော့ ရုတ်တရက်ကြည့်လိုက်ရင် ခွေးလေးတစ်ကောင်နဲ့ လမ်းလျှောက်ထွက်နေတဲ့ပုံပါပဲ။ ဒါပေမယ့် ရဲတွေအနီးကပ်စစ်ဆေးကြည့်တဲ့အခါမှာတော့ ခွေးမဟုတ်ပဲ ခွေးအရုပ်ကြီးတစ်ခု ဖြစ်နေတာပါပဲ။

READ
ဖိုတိုရှောပ့်နဲ့ ခရီးစဉ်အတုတွေဖန်တီးပြီး အင်စတာဂရမ်မှာ prank လုပ်ရင်း အောင်မြင်သွားသူ

Pyi Hein Kyaw

SHARE