အိမ်ထောင်ပြုတာထက် ခရီးသွားတာကပိုကောင်းတယ်ဆိုတာ သိသာနေတဲ့အချက်များ

pexels/Artem Beliaikin

ကျောပိုးအိတ်တစ်လုံးထဲနဲ့ တစ်ကိုယ်ရည်တစ်ကာယ ခရီးထွက်တာမျိုးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တခမ်းတနား ဇိမ်ခံဟိုတယ်ကြီးတွေမှာ တည်းပြီး အနားယူတာပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံမျိုးနဲ့ပဲ ခရီးထွက်ထွက် ခရီးသွားခြင်းဟာ လူ့ကျန်းမာရေးကို လွှမ်းမိုးနိုင်ပြီး အင်ဒိုဖင်းပမာဏကို တိုးတက်စေပါတယ်။ အချို့လူတွေကတော့ ဘ၀မှာ အရေးကြီးတဲ့ အိမ်ထောင်ပြု၊ ကလေးမွေးစတဲ့အရာတွေထက် ခရီးသွားခြင်းကို ပိုအလေးထားကြပါတယ်။ အောက်ဘက်မှာတော့ ဘာကြောင့် ခရီးသွားခြင်းက တခြားအရာတွေထက် သာလွန်ကောင်းမွန်နေရသလဲဆိုတဲ့ အချက်တွေကို brightside ကနေတဆင့် ကိုးကားဖော်ပြပေးလိုက်ပါတယ်။

ချက်ခြင်းလက်ငင်း ပျော်ရွှင်မှူပေးတယ်

Booking.com ဟာ ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခု လုပ်ခဲ့ပါတယ်။ နိုင်ငံပေါင်း (၁၇) နိုင်ငံက လူပေါင်း (၁၇,၀၀၀) ကို ခရီးသွားခြင်းနဲ့ ပတ်သက်လို့ ကိုယ်ပိုင်အမြင်သဘောထားတွေကို မေးမြန်းခဲ့တာပါ။ ဒီအခါ တွေ့လာရတာက လူတိုင်းဟာ စိတ်ညစ်နေတဲ့အခါ ခရီးထွက်လိုက်တဲ့အခါ ပျော်ရွှင်မှူကို လျင်လျင်မြန်မြန်ပြန်လည်ခံစားရတယ်ဆိုတာကိုပါ။ အင်တာဗျူးထဲပါဝင်ကြသူတွေထဲ (၇၇) ရာခိုင်နှူန်းကတော့ သူတို့ဟာ လတ်တလော ဖိစီးနေတဲ့ သောကတွေကို အမြန်ဆုံးပြေပျောက်ဖို့ဆိုရင် ခရီးပဲထွက်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

pixels/Haley Black

ဘ၀ရဲ့အချို့အဖြစ်အပျက်တွေထက် ပျော်ရွှင်မှူပိုပေးတယ်

အင်တာဗျူးထဲပါဝင်ကြသူတွေထဲ (၄၉) ရာခိုင်နှူန်းကတော့ ခရီးတစ်ခုကို စီစဉ်ပြီးသွားရတဲ့ အပျော်ဟာ သူတို့ရဲ့မင်္ဂလာပွဲ စီစဉ်ရတာထက် ပိုပြီး ပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။ အင်တာဗျူးထဲပါဝင်သူ ထက်ဝက်လောက်ကတော့ ခရီးသွားခြင်းဟာ ရည်းစားနဲ့ဒိတ်လုပ်ရတာထက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အများကြီး တိုးတက်မှူပေးကြောင်း ၀န်ခံခဲ့ကြပါတယ်။ (၂၉) ရာခိုင်နှူန်းကတော့ ကလေးရှိလည်းပဲ မပျော်ရွှင်ပါဘူးလို့ အဖြေပေးသွားကြပါတယ်။

ပစ္စည်းတွေပိုင်ဆိုင်ရတာထက် ပိုပျော်ရွှင်မှူပေးတယ်

လူတွေဟာ ရုပ်ဝတ္ထုပစ္စည်းအသစ်အဆန်းတွေကို ပိုင်ဆိုင်ရတာထက် အတွေ့အကြုံအသစ်အဆန်းတွေကို ပိုင်ဆိုင်ရတဲ့အခါ ပိုပျော်ကြပါတယ်။ Booking.com အရ အင်တာဗျူးဖြေဆိုသူ (၇၀) ရာခိုင်နှူန်းက အားလပ်ရက်မှာ အပန်းဖြေခရီးထွက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ကျေနပ်မှူဟာ ကိုယ်လိုချင်တဲ့ပစ္စည်းတွေလျှောက်ဝယ်ရလို့ ဖြစ်ပေါ်လာတဲ့ ကျေနပ်မှူထက် ပိုသာလွန်ကြောင်း ပြောပြခဲ့ကြပါတယ်။

(၅၆) ရာခိုင်နှူန်းကတော့ ခရီးထွက်ရတာနဲ့ အ၀တ်အစားသစ် သို့မဟုတ် အီလက်ထရောနစ်ပစ္စည်းသစ် တစ်ခုခုဝယ်ဖို့ကို ဘယ်ဟာရွေးချယ်မလဲမေးလာရင် ခရီးထွက်ဖို့ပဲ စဉ်းစားမယ်လို့ ဆိုပါတယ်။ (၄၈) ရာခိုင်နှူန်းကတော့ တစ်ခါတစ်လေ အိမ်ကိုလက်ရှိထက်ပိုကောင်းအောင် ပြင်ဆင်ရမယ့်အစား မရောက်ဖူးတဲ့နေရာအသစ်တွေကို သွားလည်ရင်းနဲ့ အိမ်ပြင်ဖို့က နောက်ဆုတ်ဆုတ်သွားကြောင်း ပြောပြခဲ့ကြပါတယ်။

pexels/Artem Beliaikin

စိတ်ခံစားမှူကို တိုးတက်စေတယ်

(၇၂) ရာခိုင်နှူန်းသော အင်တာဗျူးဖြေဆိုသူတွေကတော့ ဘယ်ကိုခရီးထွက်မယ်ဆိုပြီး စတင်ပြင်ဆင်ရတာနဲ့တင် ပျော်ရွှင်နေရပါပြီလို့ ဆိုပါတယ်။ ဥပမာဆိုရရင် ကိုယ့်ခရီးစဉ်မှာ ကိုယ်သွားမယ့်နေရာလေးတွေကို လိုက်ရှာ၊ လိုက်မေးမြန်းပြီး ကြည့်ရုံနဲ့တင် တော်တော်စိတ်လှူပ်ရှားစရာကောင်းနေပါပြီလို့ ဆိုကြပါတယ်။

အင်တာဗျူးဖြေဆိုသူ (၁၀) ဦးမှာ () ဦးလောက်ကတော့ သူတို့တည်းမယ့် ဟိုတယ်တွေအကြောင်း review တွေနဲ့ သွားရမယ့် အနာဂတ်ခရီးစဉ်အကြောင်း တွေးကြည့်ရုံနဲ့တင် စိတ်အားတက်ကြွသွားကြတယ်လို့ ပြောပါတယ်။ အင်တာဗျူးဖြေဆိုသူ ထက်ဝက်လောက်ကတော့ ခရီးမှာဝတ်မယ့် အ၀တ်အစားတွေနဲ့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို လိုက်စုဆောင်းနေရတဲ့အချိန်တွေကတော့ စိတ်လှူပ်ရှားစရာအကောင်းဆုံးနဲ့ အပျော်ရွှင်ရဆုံး အခြေအနေတွေပါပဲလို့လည်း ဖြေဆိုသွားခဲ့ကြတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE