မိဘကို ပြန်သတ်ခဲ့ကြသည့် သမိုင်းထဲက လူသတ်တရားခံသားသမီးများ

လူသတ်တာ မကောင်းပါဘူး။ ဒီအထဲမှာ မိဘကို သတ်တာကတော့ အဆိုးဆုံးပါဘဲ။ ဗုဒ္ဓတရားတော်အရ မိဘကို သတ်သူဟာ သေချာပေါက် အ၀ီစိမှာ ချိုးကပ်မှာပါ။ ဘ၀ပေါင်း သိန်းသန်းချီပြီး၊ ငရဲပြိတ္တာ၊ အသူရကာယ်စတဲ့ ဘုံတွေမှာသာ
နေကြရပြီး၊ နိဗ္ဗာန်ရောက်ဖို့ အလွန်ခက်ခဲသူတွေလို့ ဆိုပါတယ်။ ဒါကို ကံကြီးထိုက်တာလို့ ခေါ်ပါတယ်။ သမိုင်းထဲမှာ မိဘကို သတ်တဲ့ ရာဇ၀တ်ကောင်တစ်ချို့ရဲ့ ဇာတ်ကြောင်းကို Shwemom က ဖော်ပြေပေးလိုက်ပါ တယ်။

(၁) Lowell Lee Andrews

Andrew ဟာ ဖခင်ဖြစ်သူ William (50) နှစ်နဲ့ မိခင် Opal (41)နှစ်၊ အစ်မဖြစ်သူ Jennie Marie (20) တို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ အမေရိကန် Wolcott, Wyandotte County, Kansas မှာတည်ရှိတဲ့ သူတို့ရဲ့ အိမ်မှာပဲ 1958 ခုနှစ် နိုဝင်္ဘာ 28 မှာ လူုသတ်မှုဖြစ်ပွားခဲ့တာပါ။ နောက်ရက်မှာ အဖမ်းခံခဲ့ရပြီး၊ 1962 ခုနှစ် နိုဝင်္ဘာလ 30 ရက်နေ့မှာ ကြိုပေးကွပ်မျက်ခံခဲ့ရပါတယ်။

(၂) Sarah Johnson

Sarah ကတော့ အသက် 16 နှစ်အရွယ်မှာ မိဘတွေဖြစ်တဲ့ Alan နဲ့ Diane တို့ကို သေနတ်နဲ့ သတ်ပစ်ခဲ့ပါတယ်။ 2003 ခုနှစ်မှာ ရာဇ၀တ်မှုကျူးလွန်ခဲ့တာ ဖြစ်ပြီး၊ အမေရိကန်မှာတော့ သက်ငယ်ရာဇ၀တ်ကောင်ထဲမှာ အမြင့်ဆုံး ထောင်ဒဏ် ကျခံရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမ အသက်ကြီးတဲ့အမျိုးသားတစ်ဦးနဲ့ ကြိုက်နေတာကို မိဘတွေ က သဘောမတူလို့ ဒီလိုလုပ်ခဲ့တာပါ။ သူမကို Idaho Supreme Court ထောင်ဒဏ်နှစ်သက် (တစ်သက်၏နှစ်ဆ) ချမှတ်ခဲ့ပါတယ်။

READ
(၉.၆.၁၈)မှ (၁၅.၆.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

(၃) Brian Blackwell

2004 ခုနှစ် Brian ဟာ မိဘတွေဖြစ်တဲ့ Sydney နဲ့ Jacqueline တို့ တူနဲ့အချက်ပေါင်းများစွာ ရက်ရက်စက်စက် ထုသတ်ခဲ့ပါတယ်။ သေဆုံးချိန်မှာ မိဘတွေဟာ 72 နှစ် 61 နှစ် အသီးသီးကို ရောက်နေပါပြီ။ ပြစ်မှုကျူးလွန်ခဲ့ရာ နေ ရာကတော့ လီဗာပူးမြို့ မြောက်ပိုင်း Melling ကျေးရွာမှာ ဖြစ်ပါတယ်။ ဒေါက်တာတွေကတော့ Brian ဟာ စိတ်ရော
ဂါ ခံစားနေရသူလို့ ဆိုပါတယ်။ ဒါပေမယ့် တရားရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

(၄) Christopher Porco

Porco ကတော့ ဖခင်ဖြစ်သူ Peter ကို သတ်မှုနဲ့ ထောင်ဒဏ် နှစ် 50 ချမှတ်ခံရသူ ဖြစ်ပါတယ်။ ပုစိန်နဲ့ ခုတ်သတ်ခဲ့တာ ဖြစ်ပြီး၊ မိခင်ဖြစ်သူကတော့ ပုစိန်နဲ့ အခုတ်ခံရလို့ ဦးခေါင်းဟက်တက်ကွဲ ဒဏ်ရာ ရခဲ့ပေမယ့် ဆေးရုံက အသတ်ကို ကယ်လိုက်နိုင်ပါတယ်။ Albany County District တရားရုံးက Porco ကို နှစ်ကြီးထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ Porco က အယူခံဝင်ခဲ့ပေမယ့် အထက်တရားရုံးက အယူခံဝင်တိုင်း ပယ်ချခဲ့ပါတယ်။

READ
လသားအရွယ်ကလေးတွေကို ခေါင်းအုံးနဲ့ မသိပ်သင့်တဲ့အကြောင်းရင်းများ

(၅) Lyle နဲ့ Erik Menendez

Lyle နဲ့ Erik တို့ ညီအစ်ကိုနှစ်ယောက်ကတော့ 1989 ခုနှစ်မှာ ဖခင် Jose နဲ့ Kitty တို့ကို သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ ညီအစ်ကိုနှစ်ယောက်စလုံးဟာ လူသတ်မှုကို တစ်ချိန်လုံး ၀န်မခံခဲ့ပါဘူး။ သူ့ကိုလွဲချလိုက်၊ ကိုယ့်ကို လွှဲချတာကို ငြင်း
ပယ်လိုက် လုပ်နေခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်အဆင့်မြင့်တရားရုံးက ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ပါ တယ်။ ထောင်နန်းမစံခင်မှာ ချစ်သူတွေနဲ့ အသီးသီး လက်ထပ်ခွင့်တောင်းဆိုခဲ့လို့ တရားရုံးက ခွင့်ပြုခဲ့ပေမယ့် ဇနီးတွေ ကို ထောင်ဝင်စာတွေ့ခွင့်ကိုတော့ ပိတ်ပင်ခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : ranker.com

SHARE