ရုပ်တုများနဲ့ရယ်စရာ ဓာတ်ပုံတွေ ဖန်တီးနိုင်ခဲ့ကြသူများ

လူမှုကွန်ယက်ဖလက်ဖောင်းတွေ ပိုမိုကျယ်ပြန်လာတာနဲ့အမျှ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ဆိုရှယ်မီဒီယာအကောင့် တွေတိုင်းမှာ Selfie ပုံတွေ တင်တဲ့ခေတ်ဟာ အခုအချိန်အထိတော့ မှေးမှိန်ခြင်း မရှိသေးပဲ အားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒီတော့ ဆိုရှယ်မီဒီယာမှာ သူ့ထက်ငါ Selfie ပုံ လှလှလေးတွေရိုက်ကူးတတ်ဖို့ဆိုတာ အရေးပါလာခဲ့ပြီး၊ အတတ်ပညာ တစ်မျိုးလို့တောင် သတ်မှတ်လို့ရတဲ့အထိ တွင်ကျယ်လာခဲ့ပါတယ်။

တစ်ချို့က စွန့်စွန့်စားစား သစ်ပင်တွေပေါ်၊ တောင်ကမ်း ခြောက်ကမ်းပါးတွေပေါ်မှာ စသဖြင့် ရဲရဲဝင့်ဝင့် သွေးလွှမ်း Selfie တွေ ရိုက်ကြတဲ့အထိ ပြုလုပ်လာခဲ့ကြပြီး၊ တစ်ချို့ကတော့ အများပြည်သူ ဒုက္ခရောက်နေတဲ့ မီးလောင်မှုနဲ့ ရေဘေး ငလျှင်ဘေးကိုမရှောင် မျက်နှာပြောင်ပြောင်နဲ့ Selfie ဆွဲကြတာမျိုးတွေလည်း ရှိလာခဲ့ပါတယ်။

အခု Shwemom မှာ ဖော်ပြထားတာကတော့ အထိမ်းအမှတ်ရုပ်တုတွေ၊ ကျောက်ရုပ်အမျိုးမျိုးတွေရဲ့ ကိုယ်နေဟန်ထား တွေကို သဘာဝကျကျ တုန့်ပြန်သရုပ်ဆောင်ရင်း အကောင်းဆုံး Sefie ပုံတွေ ဖန်တီးခဲ့ကြသူတွေရဲ့ ဓာတ်ပုံတွေကို တစ်ဆင့် ပြန်လည် မျှဝေထားတာပါ။

READ
သခင်တွေရဲ့သဲသဲလှူပ် အချစ်ခံကြရတဲ့ အိမ်မွေးတိရစ္ဆာန်လေးများ...

ဒီလို ရယ်စရာဓာတ်ပုံတွေ ဖန်တီးဖို့အတွက် ထင်သလောက် မလွယ်ပါဘူး။ ဟာသဉာဏ်ကလေးကလည်း ရွှင်မှ၊ ရိုက်စရာ အန်ဝင်ခွင်ကျ ရုပ်တုတွေ ကျောက်ရုပ်တွေကလည်း အနီးအနားမှာ ဖြစ်လာနိုင်တာမျိုးပါ။ ဒါ့အပြင် တစ်ချို့ပူးတွဲ Selfie တွေမှာလည်း ကိုယ်နဲ့အတူတူ တွဲပြီးရိုက်တဲ့သူကလည်း ဟာသဉာဏ်ရှိဖို့ အရေးကြီးပါတယ်။

ဥပမာ အမျိုးသားနဲ့ အမျိုးသမီးဖက်နေတဲ့ ဓာတ်ပုံမှာ အမျိုးသမီးကို ဖက်ထားတဲ့ အပြာရင့်ရင့် အနောက်တိုင်းဝတ်စုံနဲ့လူဟာ  ကျောက်ရုပ်ကြီးဖြစ်ပါတယ်။ ဒီအခြေအနေမှာ အမျိုးသမီးက အဲဒီကျောက်ရုပ်ကြီးနဲ့ ခရီးတစ်ခုသွားမှာမို့ သို့မဟုတ် အပြီးတိုင် လမ်းခွဲကြတဲ့အတိုင်း နှုတ်ဆက်နေသလိုမျိုး သရုပ်ဆောင်ပေးထားပါတယ်။

အဲဒီမှာ အမျိုးသမီးရဲ့ တကယ့်သက်ရှိချစ်သူက သူတို့နှစ်ယောက် အလွမ်းသယ်နေတုန်း ဘေးကချထားတဲ့ အိတ်ကြီး မ,ပြေးမယ်-ဆိုတဲ့ သရုပ်ကို ပီပြင်အောင် ပြုလုပ်နိုင်ခဲ့လို့သာ သူတို့ချစ်သူနှစ်ယောက်ရဲ့ Selfie ဟာ အသက်ဝင်ပြီး လူမှုကွန်ယက်မှာ ရေပန်းစားခဲ့ရတာပါ။ ဒီဓာတ်ပုံတွေဟာ Selfie ၀ါသနာအိုးတွေအတွက် မည်သို့မည်ပုံ Selfie ဓာတ်ပုံကောင်းတွေ ဖန်တီးရမလဲဆိုတာကိုလည်း ညွှန်ပြနေသလို ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

READ
ထူးဆန်းတဲ့ ကိုယ်ပိုင်အိပ်မွေ့ချနည်းကြောင့် လူကြိုက်များနေတဲ့ ဂျပန်က ကြောင်ကလေး

ပုံတွေကိုလည်း Shwemom အယ်ဒီတာအဖွဲ့က သီးသန့်ရွေးချယ်ထားတာ ဖြစ်ပြီး၊ သိပ်များလွန်းနေလို့ အချိုကကို ဖယ်ထုတ်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ သို့ပေမယ့် ပုံတိုင်းဟာ အဓိပ္ပါယ်တစ်မျိုးဆီနဲ့ ကောင်းလွန်းနေလို့ တစ်ပုံမှ မဖယ်တော့ပဲ ပရိသတ်အတွက် အားလုံးကို ဖော်ပြပေးလိုက်တာ ဖြစ်ပါကြောင်း။

နတ်စည်တော် (Shwemom)

source : brightside.me

SHARE