လွယ်လွယ်ကူကူ မော်ဒယ်ဖြစ်နိုင်ပါရက်နဲ့ ၀ါသနာမပါဘူးဆိုတဲ့ အချောအလှများ

နေ့စဉ်နေ့တိုင်း ကျွန်တော်တို့တွေဟာ နေရာပေါင်းစုံက လူပေါင်းစုံနဲ့ တွေ့ဆုံဆက်ဆံကြရပါတယ်။ အချို့လူတွေဆိုရင် လုပ်နေတဲ့အလုပ်က သာမန်ဖြစ်နေပေမယ့်လည်း မော်ဒယ်တစ်ယောက်အလား လူကြားထဲ ထင်းကနဲဖြစ်နေသူတွေ ရှိပါတယ်။ အောက်မှာတွေ့ရမှာကတော့ Brightside အွန်လိုင်းသတင်းဌာနကနေ တွေ့ရှိရတဲ့ အလုပ်အကိုင်အမျိုးမျိုးက လူတွေရဲ့အကြောင်းပါ။ သူတို့တွေအားလုံးရဲ့ ထူးခြားချက်ကတော့ မော်ဒယ်ဖြစ်လောက်တဲ့အထိ အဆင်းအင်္ဂါ ပြည့်စုံကြပေမယ့် ကိုယ်ဝါသနာပါရာလုပ်ငန်းခွင်မှာပဲ ဆက်လက်ပျော်မွေ့နေကြသူတွေပဲ ဖြစ်ပါတယ်။

သူကတော့ မြူးနစ်မြို့ အသက်(၃၂) နှစ်အရွယ် Jonas ဆိုသူပါ။ ခရီးသွားရတာ ကြိုက်တာကြောင့်လည်း လေယာဉ်မှုးဖြစ်လာတာပါလို့ Jonas က ဆိုပါတယ်။ အားကစားလုပ်ရတာ နှစ်သက်တဲ့အပြင် personal trainer အလုပ်ကိုလည်း အားလပ်ချိန်တွေမှာ လုပ်ကိုင်ပါတယ်။

https://www.instagram.com/p/Bs5C-3GAIyC/

Aimee Stanton ကတော့ အသက်(၂၅) နှစ်ရှိပြီဖြစ်တဲ့ ရေပိုက်ပြင်သမားတစ်ဦးပါ။ သြစတေးလျသူလေးပါ။ ဆယ်ကျော်သက်အရွယ်တုန်းကတော့ သူမက မော်ဒယ်သင်တန်းကျောင်းတစ်ခုမှာ တက်ခဲ့ပါသေးတယ်။ နောက်ပိုင်းတော့ ဖခင်ဖြစ်သူနဲ့အတူ ပိုက်ပြင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုခဲ့ရာမှ သူမရဲ့ အလှအပကြောင့် ကျော်ကြားလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ သူမက ပိုက်ပြင်လုပ်ငန်းကိုပဲ ဆက်လုပ်နေပါတယ်။

သြစတေးလျမှာနေတဲ့ ထရပ်ကားမောင်းဒရိုင်ဘာလေး Blayze Williams  ဖြစ်ပါတယ်။ သူမဟာ အသက်(၁၉) နှစ်ကတည်းက ထရပ်ကားမောင်းတဲ့ လိုင်စင်ကို ရယူခဲ့သူပါ။

Andrey Drozdov ဟာ မော်စကိုမြို့ စာကြည့်တိုက်မှုးတစ်ဦးဖြစ်ပါတယ်။ (၂၀၁၈) ခုနှစ်မှာ မော်စကိုက အကောင်းဆုံးစာကြည့်တိုက်မှုးဆိုတဲ့ ဆုတံဆိပ်တောင် လက်ခံရရှိခဲ့ပါတယ်။

READ
မိမိခန္ဓာကိုယ်ရဲ့ကောင်းကွက်လေးတွေကို ချစ်မြတ်နိုးလာအောင်လုပ်နည်း
Facebook/若妍

Ruo Yan ဟာ အကင်ဆိုင်မှာအလုပ်လုပ်ပါတယ်။ တစ်နေ့သူမ အကင်ကင်နေတာကို လူတစ်ယောက်က ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာကနေ ပေါ်ပြူလာဖြစ်ခဲ့တာပါ။ အသက်(၃၆) နှစ်ရှိပြီဖြစ်ပြီး မော်ဒယ်အလုပ်ကို အချိန်ပိုင်းလုပ်ပါတယ်။

View this post on Instagram

SEE YOU SINGAPORE :)🥰

A post shared by Tantin Legaspi Meneses (@tantinmeneses09) on

သူကတော့ အသက်(၂၂) နှစ်ပဲ ရှိသေးတဲ့ Tantin Meneses ဆိုသူ ဖိလစ်ပိုင်မလေးတစ်ဦးပါ။ ကောလိပ်ကနေ ကားမက္ကင်းနစ်အထူးပြုနဲ့ ဘွဲ့တောင် ရပြီးပါပြီ။ သူမက Pampanga မှာရှိတဲ့ ကားဆားဗစ်စင်တာတစ်ခုမှာ အလုပ်လုပ်ပါတယ်။ သူမအလုပ်က အညစ်အကြေးတွေ၊ ဆီချေးတွေနဲ့ ပေကျံညစ်ပတ်ရလေ့ရှိပေမယ့် မက္ကင်းနစ်အလုပ်ဟာ သူမအကြိုက်ဆုံးအလုပ်ဖြစ်ကြောင်း Tantin  ကပြောသွားခဲ့ပါသေးတယ်။

View this post on Instagram

Burgos. . . . . #burgos #moments #travel

A post shared by Fran Suarez (@fransuarezr) on

Fran Suarez ကတော့ မက်ဒရစ်ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ သူနာပြုဖြစ်ပါတယ်။ ဒီစပိန်သူနာပြုကောင်လေးက အကလည်း ကြိုက်သလို ဂျင်မ်ဆော့ရတာကိုလည်း နှစ်ခြိုက်သူပါတဲ့။

Jhiawen Cheng ဟာ စီးပွားရေးဘာသာရပ်တစ်ခုကို တက္ကသိုလ်မှာ သင်ကြားပြသပေးနေသူပါ။ သူမစာသင်နေတဲ့ပုံက အွန်လိုင်းပေါ်တက်လာပြီးနောက်ပိုင်း နေ့ချင်းညချင်း နာမည်ကြီးလာတာပါ။ စီးပွားရေးကြော်ငြာတွေနဲ့ ရှိုးပွဲအများအပြားကနေ ဖိတ်ကြားခံခဲ့ရပြီး အနုပညာလောကထဲ ခုန်ဝင်ဖို့ အသင့်ဖြစ်နေခဲ့ပေမယ့် သူမက ငြင်းပယ်ခဲ့ပြီး ကျောင်းဆရာမအဖြစ်နဲ့ပဲ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

READ
မိန်းကလေးတစ်ယောက်ရဲ့ ဘယ်အရာတွေကို ယောက်ျားလေးတွေအရင်ဆုံးသတိထားမိကြလဲ

လင်းလင်း (ShweMom)

SHARE